Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝန်ကြီးချုပ်နဲ့ သမ္မတ အာဏာလုပွဲတွေကြောင့် ပိုမိုလှုပ်ခတ် ယိမ်းယိုင်လာတဲ့ ဆိုမာလီယာ နိုင်ငံရေး

ဆိုမာလီယာမှာ နယ်မြေအလိုက် လွှတ်တော် ရွေးကောက်ပွဲတွေကို နိုဝင်ဘာ ၁ ရက်မှာ စတင်ခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်မှာ ပြီးဆုံးဖို့ ရည်ရွယ်ထားပေမယ့် နှောင့်နှေးမှုတွေ ကြုံနေပါတယ်။ လက်ရှိ အချိန်ထိ ရွေးကောက်ပွဲကနေ လွှတ်တော်ကိုယ်စားလှယ် ၂၇၅ ဦးသာ ထွက်ပေါ်လာပါသေးတယ်။

ဆိုမာလီယာ နိုင်ငံမှာ သမ္မတနဲ့ ဝန်ကြီးချုပ်ကြား အာဏာလုပွဲတွေ ပိုမို ပြင်းထန်လာပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေ ကြီးထွားလာနေပါတယ်။

ဆိုမာလီယာ သမ္မတ မိုဟာမက် အက်ဘ်ဒူလာဟီ မိုဟာမက်က သူဟာ ဝန်ကြီးချုပ် ဖြစ်သူကို အဂတိ လိုက်စားမှုတွေအတွက် ရာထူး တာဝန်ကနေ ဆိုင်းငံ့ထားလိုက်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဝန်ကြီးချုပ် မိုဟာမက် ဟူစိန် ရိုဘဲလ်က ဒီကိစ္စဟာ သမ္မတက အာဏာသိမ်းဖို့ အကွက်ချ ကြံစည်တာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့တွေကို ကာလရှည်ကြာ စစ်ခင်းနေရတဲ့ အာဖရိက နိုင်ငံမှာ ဒီပုဂ္ဂိုလ် နှစ်ဦးကြား အကွဲအပြဲ ဇာတ်လမ်းတွေ လူသိရှင်ကြား ဖြစ်နေတာ လပေါင်း အတော်ကြာခဲ့ပါပြီ။ အခုဆိုရင် ဝန်ကြီးချုပ်နဲ့ သမ္မတကို အသီးသီး သစ္စာခံကြတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြားမှာပါ နှစ်ဖွဲ့ကွဲပြီး စစ်ခင်း တိုက်ခိုက်လာမှာကို စိုးရိမ်နေရပါတယ်။

သူ့ကို ရာထူးကနေ ဆိုင်းငံ့ထားတယ် ဆိုတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အစိုးရ အဖွဲ့အပေါ် ဗြောင်ကျကျ ဥပဒေ ချိုးဖောက်ပြီး အာဏာသိမ်းလိုက်တာသာ ဖြစ်တယ်လို့ ရိုဘဲလ်က ဝေဖန်ခဲ့ပါတယ်။ သမ္မတ မိုဟာမက်ရဲ့ ရည်ရွယ်ချက်ကိုက မရိုးဖြောင့်ကြောင်း၊ ဥပဒေနဲ့ မညီညွတ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆိုမာလီယာမှာ နယ်မြေအလိုက် လွှတ်တော် ရွေးကောက်ပွဲတွေကို နိုဝင်ဘာ ၁ ရက်မှာ စတင်ခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်မှာ ပြီးဆုံးဖို့ ရည်ရွယ်ထားပေမယ့် နှောင့်နှေးမှုတွေ ကြုံနေပါတယ်။ လက်ရှိ အချိန်ထိ ရွေးကောက်ပွဲကနေ လွှတ်တော်ကိုယ်စားလှယ် ၂၇၅ ဦးသာ ထွက်ပေါ်လာပါသေးတယ်။

ပြည်တွင်းရေး တင်းမာလာချိန်မှာ အမေရိကန်နဲ့ ဗြိတိန် သံရုံးတွေက နှစ်ဖက်စလုံး အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီဇင်ဘာ ၂၇ ရက်မှာ သမ္မတက ဝန်ကြီးချုပ်ကို ရာထူးကနေ ဆိုင်းငံ့လိုက်ခြင်းက အခြေအနေတွကို ဆိုးသထက် ဆိုးရွားလာစေပါတယ်။ သမ္မတ မိုဟာမက်ဟာ မရိန်းတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒီဟာမစ် မိုဟာမက် ဒီရားကိုလည်း အဂတိ စွဲချက်နဲ့ ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

သမ္မတ မိုဟာမက်ဟာ စက်တင်ဘာလတုန်းကလည်း ရိုဘဲလ်ရဲ့ ရာထူး ခန့်အပ်ခွင့်၊ ဖြုတ်ချခွင့် အာဏာတွေကို ဆိုင်းငံ့ခဲ့ဖူးပါတယ်။ သူတို့ နှစ်ဦးရဲ့ ပြဿနာဟာ ဧပြီလမှာ မိုဟာမက်က သမ္မတ သက်တမ်းကို ၄ နှစ်ကနေ ၆ နှစ်ထိ မြှင့်တင်လိုက်တဲ့နောက်ပိုင်း အစပြုလာခဲ့ပါတယ်။ မြို့တော် မိုဂါဒစ်ရှူးမှာတော့ သူတို့နှစ်ဦးကို သစ္စာခံတဲ့ အဖွဲ့တွေကပဲ အဓိက အာဏာပိုင် ရာထူး နေရာတွေကို ခွဲဝေ ယူထားတာကြောင့် သွေးထွက်သံယို ပြဿနာတွေ မီးခိုးကြွက်လျှောက် ပေါ်ပေါက်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆိုမာလီယာ နိုင်ငံက ဘောလုံးဒိုင် တစ်ဦးကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုဖို့ ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အိန္ဒိယရဲ့ ဘောလိဝုဒ် ရုပ်ရှင်ကြယ်ပွင့် မင်းသား ဂျိုးဆက် ဗီဂျေးဟာ တမီလ်နာဒူ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာထူးကို တရားဝင် စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ်၌သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး နိုင်ငံတော်အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။