Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အသက် ၁၂ နှစ်အထက် ကလေးတွေ Boosterထိုးဖို့ အမေရိကန် CDC ခွင့်ပြု

လောလောဆယ်တော့ အမေရိကန်မှာ Pfizerနဲ့ BioNTechက ပူးပေါင်း ထုတ်လုပ်တဲ့ ကာကွယ်ဆေးကိုသာ လူငယ်တွေမှာ ထိုးနှံခွင့် ပြုထားပါတယ်။ ကာကွယ်ဆေးတွေဟာ Omicron အပါအဝင် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကြောင့် ပြင်းထန်တဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားနိုင်ခြေကို ထိထိရောက်ရောက် လျှော့ချနိုင်ဆဲလို့ သုတေသီတွေက ပြောပါတယ်။

အသက် ၁၂ နှစ်အရွယ် လူငယ်တွေမှာလည်း ကာကွယ်ဆေး အားဖြည့် Booster ထပ်ထိုးဖို့ အမေရိကန် ကျန်းမာရေး အရာရှိတွေက ထောက်ခံ တိုက်တွန်းလိုက်ပါတယ်။

အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား အရွယ်တွေဟာ အခွင့်အရေး ရလာတာနဲ့ Booster ထပ်ထိုးသင့်တယ်လို့ အမေရိကန် ရောဂါ တားဆီး ထိန်းချုပ်ရေးဌာန (CDC)က ကြေညာပါတယ်။ လောလောဆယ် အမေရိကန်မှာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အထက် လူငယ်ပိုင်းပါ ကာကွယ်ဆေး ထိုးဖို့ တိုက်တွန်းထားပါတယ်။

Omicronမျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာတဲ့နောက် ကာကွယ်ဆေး Booster ထိုးနှံခြင်းကသာ ကိုဗစ်ရောဂါကို ထိထိရောက်ရောက် တွန်းလှန်နိုင်မယ့် အဖြေတစ်ခု ဖြစ်လိမ့်မယ်လို့ CDCက မှတ်ချက် ပေးထားပါတယ်။ ကိုဗစ်ရဲ့ ပြင်းထန်တဲ့ ရောဂါ လက္ခဏာတွေ ပေါ်ထွက်လာနိုင်ခြေကို လျှော့ချဖို့အတွက်ဆိုရင် ကလေးတွေရော၊ ဆယ်ကျော်သက် မြီးကောင်ပေါက်တွေပါ ကာကွယ်ဆေး Booster ထပ်ထိုးထားသင့်တယ်လို့ CDCရဲ့ ညွှန်ကြားရေးမှူး ရော့ချဲလ် ဝါလန်စကီးက ဆိုပါတယ်။

လောလောဆယ်တော့ အမေရိကန်မှာ Pfizerနဲ့ BioNTechက ပူးပေါင်း ထုတ်လုပ်တဲ့ ကာကွယ်ဆေးကိုသာ လူငယ်တွေမှာ ထိုးနှံခွင့် ပြုထားပါတယ်။ ကာကွယ်ဆေးတွေဟာ Omicron အပါအဝင် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကြောင့် ပြင်းထန်တဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားနိုင်ခြေကို ထိထိရောက်ရောက် လျှော့ချနိုင်ဆဲလို့ သုတေသီတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကလေးတွေဟာ ကိုဗစ်ရောဂါ ပြင်းထန်နိုင်ခြေ နည်းပေမယ့် တစ်ဆင့်ခံ အဖြစ်နဲ့ ရောဂါဒဏ် ပိုခံရတဲ့ မိဘတွေ၊ ဘိုးဘွားတွေဆီ ပျံ့နှံ့ ကူးစက်နိုင်တဲ့ သဘောမျိုး ရှိနေပါတယ်။ နောက်ပြီး ကိုဗစ်ကြောင့် ဆေးရုံတက်ရတဲ့ ကလေးနဲ့ ဆယ်ကျော်သက် အရွယ်တွေထဲမှာ ကာကွယ်ဆေး ထိုးမထားသူ အချိုးအစားက သိသိသာသာ ပိုများနေတာကြောင့် Booster ထပ်ထိုးတာကို CDCက ထောက်ခံထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။