Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အသက် ၁၂ နှစ်အထက် ကလေးတွေ Boosterထိုးဖို့ အမေရိကန် CDC ခွင့်ပြု

လောလောဆယ်တော့ အမေရိကန်မှာ Pfizerနဲ့ BioNTechက ပူးပေါင်း ထုတ်လုပ်တဲ့ ကာကွယ်ဆေးကိုသာ လူငယ်တွေမှာ ထိုးနှံခွင့် ပြုထားပါတယ်။ ကာကွယ်ဆေးတွေဟာ Omicron အပါအဝင် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကြောင့် ပြင်းထန်တဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားနိုင်ခြေကို ထိထိရောက်ရောက် လျှော့ချနိုင်ဆဲလို့ သုတေသီတွေက ပြောပါတယ်။

အသက် ၁၂ နှစ်အရွယ် လူငယ်တွေမှာလည်း ကာကွယ်ဆေး အားဖြည့် Booster ထပ်ထိုးဖို့ အမေရိကန် ကျန်းမာရေး အရာရှိတွေက ထောက်ခံ တိုက်တွန်းလိုက်ပါတယ်။

အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား အရွယ်တွေဟာ အခွင့်အရေး ရလာတာနဲ့ Booster ထပ်ထိုးသင့်တယ်လို့ အမေရိကန် ရောဂါ တားဆီး ထိန်းချုပ်ရေးဌာန (CDC)က ကြေညာပါတယ်။ လောလောဆယ် အမေရိကန်မှာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အထက် လူငယ်ပိုင်းပါ ကာကွယ်ဆေး ထိုးဖို့ တိုက်တွန်းထားပါတယ်။

Omicronမျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာတဲ့နောက် ကာကွယ်ဆေး Booster ထိုးနှံခြင်းကသာ ကိုဗစ်ရောဂါကို ထိထိရောက်ရောက် တွန်းလှန်နိုင်မယ့် အဖြေတစ်ခု ဖြစ်လိမ့်မယ်လို့ CDCက မှတ်ချက် ပေးထားပါတယ်။ ကိုဗစ်ရဲ့ ပြင်းထန်တဲ့ ရောဂါ လက္ခဏာတွေ ပေါ်ထွက်လာနိုင်ခြေကို လျှော့ချဖို့အတွက်ဆိုရင် ကလေးတွေရော၊ ဆယ်ကျော်သက် မြီးကောင်ပေါက်တွေပါ ကာကွယ်ဆေး Booster ထပ်ထိုးထားသင့်တယ်လို့ CDCရဲ့ ညွှန်ကြားရေးမှူး ရော့ချဲလ် ဝါလန်စကီးက ဆိုပါတယ်။

လောလောဆယ်တော့ အမေရိကန်မှာ Pfizerနဲ့ BioNTechက ပူးပေါင်း ထုတ်လုပ်တဲ့ ကာကွယ်ဆေးကိုသာ လူငယ်တွေမှာ ထိုးနှံခွင့် ပြုထားပါတယ်။ ကာကွယ်ဆေးတွေဟာ Omicron အပါအဝင် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကြောင့် ပြင်းထန်တဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားနိုင်ခြေကို ထိထိရောက်ရောက် လျှော့ချနိုင်ဆဲလို့ သုတေသီတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကလေးတွေဟာ ကိုဗစ်ရောဂါ ပြင်းထန်နိုင်ခြေ နည်းပေမယ့် တစ်ဆင့်ခံ အဖြစ်နဲ့ ရောဂါဒဏ် ပိုခံရတဲ့ မိဘတွေ၊ ဘိုးဘွားတွေဆီ ပျံ့နှံ့ ကူးစက်နိုင်တဲ့ သဘောမျိုး ရှိနေပါတယ်။ နောက်ပြီး ကိုဗစ်ကြောင့် ဆေးရုံတက်ရတဲ့ ကလေးနဲ့ ဆယ်ကျော်သက် အရွယ်တွေထဲမှာ ကာကွယ်ဆေး ထိုးမထားသူ အချိုးအစားက သိသိသာသာ ပိုများနေတာကြောင့် Booster ထပ်ထိုးတာကို CDCက ထောက်ခံထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဖန်တီးခဲ့တယ်ဆိုတဲ့ ဘာအထောက်အထားမှ မတွေ့ရဘူးလို့ အော်စတင်က အမေရိကန် အထက်လွှတ်တော်၊ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီရဲ့ ကြားနာမှု အစီအစဉ်မှာ အော်စတင်က ပြောကြားသွားပါတယ်။