Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမင်တွေမှာ ကိုဗစ်ရောဂါ ကူးစက်နေတာနဲ့ ပတ်သက်လို့ အမေရိကန် သုတေသီတွေ စိုးရိမ်နေ

သမင်တွေကနေ လူသားတွေဆီ ရောဂါကူးစက်တယ်ဆိုတဲ့ အထောက်အထားမျိုး လုံးဝ မတွေ့သေးပေမယ့် သုတေသီတွေကတော့ ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး မပေါ့ဆသင့်ကြောင်း ပြောပါတယ်။

သမင်တွေမှာ ကိုဗစ်ရောဂါ ပျံ့နှံ့ ကူးစက်နိုင်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမေရိကန် သိပ္ပံပညာရှင်တွေက အလေးထား လေ့လာနေကြပါတယ်။

သုတေသီတွေဟာ အမေရိကန် အနှံ့မှာရှိတဲ့ အမြီးဖြူ သမင်မျိုးစိတ် အကောင်ရေ ၃၆၀ လောက်ဆီက နှာခေါင်းနဲ့ အာခေါင်တို့ဖတ် နမူနာတွေကို ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလကနေ မတ်လ အတောအတွင်း စုဆောင်းယူခဲ့ကြပါတယ်။ အဲဒီထဲက သုံးပုံတစ်ပုံကျော်ဟာ လောလောလတ်လတ် ကိုဗစ်ရောဂါ ဖြစ်နေတာ၊ ဒါမှမဟုတ် ရောဂါဖြစ်ခဲ့ဖူးကြောင်း အထောက်အထား သေချာနေတာမျိုးတွေ တွေ့ခဲ့ရပါတယ်။

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ရောဂါ ကူးစက်မှု အများဆုံး နိုင်ငံဖြစ်သလို နိုင်ငံအနှံ့က သမင်တွေမှာလည်း ရောဂါ ပျံနှံ့ခဲ့တယ်လို့ သုတေသီတွေက ယူဆနေပါတယ်။ နယူးယောက်၊ ပင်ဆယ်လ်ဗေးနီးယား၊ အိုင်အိုဝါ၊ အီလီနွိုက်စ်နဲ့ မစ်ချီဂန်တို့က အမြီးဖြူ သမင်တွေမှာ ရောဂါ ကူးစက်မှုတွေ ရှိခဲ့သလို အိုဟိုင်ယို ပြည်နယ်က ဆေးစစ် ရလဒ်တွေကလည်း ဒေသခံ သမင်တွေက စက်ကွင်း မလွတ်ခဲ့ကြောင်း နောက်ဆုံး အတည်ပြုချက် ထွက်ပေါ်လာပါတယ်။

သမင်တွေကနေ လူသားတွေဆီ ရောဂါကူးစက်တယ်ဆိုတဲ့ အထောက်အထားမျိုး လုံးဝ မတွေ့သေးပေမယ့် သုတေသီတွေကတော့ ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး မပေါ့ဆသင့်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

လူတွေက ဒီအဖျက်ဗိုင်းရပ်စ်ကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ဖျက်ပြီး အနိုင်ရသွားခဲ့မယ် ဆိုရင်တောင် သမင်တွေမှာ ကူးစက်ပြီး ဗိုင်းရပ်စ် ကြွင်းကျန်နေတာမျိုး ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လူသားတွေအပြင် တခြား ကွဲပြားတဲ့ သက်ရှိ မျိုးစိတ်တစ်ခုမှာပါ ခိုအောင်းနေနိုင်တယ် ဆိုတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလို့ ဦးဆောင် သုတေသီ အန်ဒရူး ဘိုမန်းက ရှင်းပြပါတယ်။

လူတွေနဲ့ နီးနီးစပ်စပ် မနေတဲ့ သမင်တွေဟာ တောရိုင်း သဘာဝ နယ်မြေတွေမှာတင် ရောဂါတွေ ပျံ့နှံ့ ကူးစက်နေကြောင်း၊ ဒီအခြေအနေက လူသားတွေ လက်လှမ်းမီလောက်တဲ့ အတိုင်းအတာနဲ့ ကင်းကွာပြီး ကိုရိုနာဗိုင်းရပ်စ်က ဆက်လက် ရှင်သန်နေနိုင်တယ်ဆိုတာ ညွှန်ပြနေကြောင်း သူက ဆိုပါတယ်။

အရင်က လူတွေနဲ့ နီးကပ်တဲ့ ခွေးနဲ့ကြောင်လို အိမ်မွေး တိရစ္ဆာန်တွေ၊ တိရစ္ဆာန်ရုံတွေက ကျားနဲ့ ခြင်္သေ့လို သတ္တဝါတွေမှာ ရောဂါ ကူးစက်မှုတွေ အတည်ပြု တွေ့ရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် သားမွေး ထုတ်လုပ်ဖို့ မွေးမြူတဲ့ မြွေပါ ကတိုးတွေမှာပါ ရောဂါ ကူးစက်ခဲ့တာကြောင့် ကမ္ဘာအနှံ့က မွေးမြူရေး ခြံတွေမှာ မြွေပါကတိုး အကောင်ရေ သန်းနဲ့ချီ ဖျက်ဆီး ခံခဲ့ရဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အဆင့်မြင့် F-35 တိုက်လေယာဉ်တွေကို ဆော်ဒီအာရေးဘီးယားဆီ ရောင်းချပေးဖို့ အမေရိကန်က မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။