Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖရိကဖလား ဘောလုံးပြိုင်ပွဲမှာ လူနင်းခံရလို့ ပရိသတ် ၈ ဦးထက်မနည်း သေ

အာဖရိက ဘောလုံးအဖွဲ့ချုပ်နဲ့ ကင်မရွန်း ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ အကျယ်တဝင့် လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

လက်ရှိ ကျင်းပနေတဲ့ အာဖရိက နိုင်ငံများ တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲမှာ ပရိသတ်တွေ အချင်းချင်း စုပြုံတိုးဝှေ့ရင်း လူနင်းမိကြတာတွေကြောင့် ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကင်မရွန်းနိုင်ငံရဲ့ မြို့တော် ယာအွန်ဒီက ပေါလ်ဘီယားက အားကစားကွင်းကြီး ရှေ့မှာ ဇန်နဝါရီ ၂၄ ရက်က ဘောလုံး ပရိသတ်တွေ စုပြုံ တိုးဝှေ့ရင်း ကလေး ၁ ဦးအပါအဝင် ၈ ဦးထက်မနည်း လူနင်းခံရပြီး သေဆုံးကြောင်း တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ ဒဏ်ရာရသူ ဦးရေကလည်း ဒါဇင်နဲ့ချီ များပြားခဲ့ပါတယ်။

ပြည်တွင်း မီဒီယာ တချို့ရဲ့ ဖော်ပြချက်အရ ကလေးတချို့လည်း သတိလည်မလာဘဲ မေ့မြောနေပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရပါတယ်။ ကင်မရွန်းနဲ့ ကိုမိုရော့စ် အသင်းတို့ ကစားတဲ့ ပွဲစဉ်မှာ ကိုဗစ် စည်းမျဉ်းတွေအရ ပရိသတ် ဦးရေကို ကန့်သတ် လျှော့ချဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့ လူဦးရေ ၆ သောင်းဆံ့တဲ့ ကွင်းကြီးမှာ ပွဲလာကြည့်ဖို့ ကြိုးစားသူ အရေအတွက်က ၅ သောင်းကျော် ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ကျန်းမာရေးဌာန တာဝန်ရှိသူ တစ်ဦးက ဆေးရုံကို အလောင်း ၈ လောင်း ရောက်လာပြီး အသေအပျောက် ဦးရေက ထပ်ပြီး မြင့်တက်လာနိုင်သေးကြောင်း ပြောပါတယ်။ မျက်မြင် တချို့ကတော့ လူတွေ စုပြုံ တိုးဝှေ့နေတာကို သက်ဆိုင်ရာ လုံခြုံရေး ဝန်ထမ်းတွေက ရှင်းလင်းပေးတာမျိုး လုံးဝ မရှိခဲ့ဘဲ စည်းပျက်ကမ်းပျက် ဖြစ်နေခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဖရိက ဘောလုံးအဖွဲ့ချုပ်နဲ့ ကင်မရွန်း ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ အကျယ်တဝင့် လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်တိုက်​လေယာဥ် ရဲ့​လေယာဥ်မှူး​သေဆုံးတာကို PLA အတည်ပြု

သတင်း

နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်းကျင်တွင် အပုတ်နံ့များထွက်​နေသည်။

သတင်း

စစ်​ကောင်စီက လေကြောင်းမှ ဗုံးကြဲ​သော​ကြောင့် စဥ့်ကူးမြို့နယ်၊လက်ပံလှကျေးရွာတွင် သေဆုံးသူ ၂၇ ဦးအထိရှိလာကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်- မန္တလေးပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က လူထုနွေဦး သို့ပြောသည်။

သတင်း

သေဆုံးသူတွေက​တော့ ကိုကောင်းမြတ်သူ၊ကိုသန်းတင့်၊မသန်းတင့်၊ကိုအောင်မျိုးခန့်၊ကို အောင်မျိုးသန့်တို့ဖြစ်ကြပါတယ်။