Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာကာသထဲ စမ်းသပ် ပစ်လွှတ်တဲ့ ဒုံးကျည်ကနေ ရိုက်ထားတဲ့ ကမ္ဘာမြေ ဓာတ်ပုံကို မြောက်ကိုရီးယား ပြသ

မြောက်ကိုရီးယားဟာ အခုလထဲမှာ အနည်းဆုံး ဒုံးကျည် စမ်းသပ်မှု ၇ ကြိမ်လောက် ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီအခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက အပြင်းအထန် ကန့်ကွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

စမ်းသပ် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကနေ ရိုက်ကူးထားတဲ့ ကမ္ဘာမြေရဲ့ ဓာတ်ပုံကို မြောက်ကိုရီးယားက ထုတ်ပြန် ပြသလိုက်ပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက Hwasong-12 အမျိုးအစား တာလတ်ပစ် ဒုံးကျည် စမ်းသပ်မှုနဲ့ ဆက်စပ်တဲ့ မှတ်တမ်းဓာတ်ပုံ ၄ ခုကို ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာ ၂ ခုက တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်လိုက်တဲ့ ဓာတ်ပုံတွေဖြစ်ပြီး ၂ ခုကတော့ ကမ္ဘာ့လေထု အပြင်ဖက်ထိ ရောက်ရှိနေချိန် ဒုံးကျည်ကနေ ကမ္ဘာဖက်ကို ပြန်ရိုက်ထားတဲ့ ပုံတွေပါ။

မြောက်ကိုရီးယားဟာ အခုလထဲမှာ အနည်းဆုံး ဒုံးကျည် စမ်းသပ်မှု ၇ ကြိမ်လောက် ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီအခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက အပြင်းအထန် ကန့်ကွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ကုလသမဂ္ဂက မြောက်ကိုရီးယားကို တိုက်ချင်းပစ် ဒုံးကျည်နဲ့ နျူကလီးယား လက်နက်တွေ စမ်းသပ်ခွင့်ကို ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ ကင်မ်ဂျုံအန်း ဦးဆောင်တဲ့ မြောက်ကိုရီးယား အစိုးရဟာ ဒီတားမြစ်ချက်တွေကို ဖီဆန် ချိုးဖောက်နေဆဲပါ။

Public Service Announcement

Public Service Announcement

အခုဒုံးကျည် စမ်းသပ်မှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ဇန်နဝါရီ ၃၀ မှာ ပထမဆုံးအကြိမ် သတင်း ဖော်ပြခဲ့ပါတယ်။ အဲဒီနှစ်နိုင်ငံရဲ့ ဒုံးခွင်းဒုံး ရေဒါ စနစ်တွေက မြောက်ကိုရီးယား ဒုံးကျည်ရဲ့ လမ်းကြောင်းကို ထောက်လှမ်း စောင့်ကြည့်ခဲ့ပါတယ်။

တောင်ကိုရီးယား စစ်တပ်ကတော့ မြောက်ကိုရီးယား ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ကမ္ဘာမြေမျက်နှာပြင်အထက် ကီလိုမီတာ ၂၀၀၀ လောက်ထိ ရောက်ရှိခဲ့ပြီးတဲ့နောက် လွှတ်တင်တဲ့ နေရာကနေ ကီလိုမီတာ ၈၀၀ လောက်အကွာ ဂျပန်ပင်လယ်ပြင်ထဲ ကျရောက်သွားကြောင်း ပြောပါတယ်။ Hwasong-12ဟာ လောင်စာ အပြည့်သာ ဖြည့်ထားမယ်ဆိုရင် ခရီးအကွာအဝေး ကီလိုမီတာ ၄၀၀၀ လောက်ထိ ရောက်ရှိနိုင်မယ်လို့ ယူဆရပါတယ်။

KCNA သတင်းဌာနက ဒုံးကျည် ပစ်လွှတ်မှုကို အတည်ပြုခဲ့ပြီး မဟာဗျူဟာ လက်နက်ရဲ့ တိကျမှု စွမ်းရည်ကို စမ်းသပ်ခဲ့တာလို့ ပြောပါတယ်။ အရင်က မြောက်ကိုရီးယားရဲ့ လက်နက် စမ်းသပ်မှု တချို့ကို ကိုယ်တိုင် စောင့်ကြည့်တတ်တဲ့ ခေါင်းဆောင်ကြီး ကင်မ်ကတော့ အခုတစ်ကြိမ် ပစ်လွှတ်မှုမှာ ရှိမနေခဲ့ဘူးလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။