Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို ရုရှားရဲ့ မဟာမိတ် ဘီလားရုစ်ပါ ဝင်တိုက်နိုင်ခြေ ရှိနေ

ယူကရိန်းနဲ့ နယ်နိမိတ် ရှည်ရှည်လျားလျား ထိစပ်နေပြီး ရုရှားရဲ့ အမာခံ မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ်ဟာ အရင်တုန်းကတော့ စစ်ဖြစ်လာရင်တောင် ဝင်တိုက်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။ ရုရှားက ယူကရိန်းကို စတင် ကျူးကျော်ချိန်မှာတော့ ဘီလားရုစ်ဟာ ရုရှားတပ်တွေ ဝင်ရောက်နိုင်ဖို့ တစ်ထောက်နားရာ စစ်အခြေစိုက်စခန်း ဖြစ်လာပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲမှာ ဘီလားရုစ် နိုင်ငံပါ ပါဝင် တိုက်ခိုက်လာဖွယ် ရှိနေကြောင်း အနောက်မဟာမိတ် နိုင်ငံတွေရဲ့ စစ်ထောက်လှမ်းရေးတွေက သတိပေးခဲ့ပါတယ်။

ယူကရိန်းနဲ့ နယ်နိမိတ် ရှည်ရှည်လျားလျား ထိစပ်နေပြီး ရုရှားရဲ့ အမာခံ မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ်ဟာ အရင်တုန်းကတော့ စစ်ဖြစ်လာရင်တောင် ဝင်တိုက်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။ ရုရှားက ယူကရိန်းကို စတင် ကျူးကျော်ချိန်မှာတော့ ဘီလားရုစ်ဟာ ရုရှားတပ်တွေ ဝင်ရောက်နိုင်ဖို့ တစ်ထောက်နားရာ စစ်အခြေစိုက်စခန်း ဖြစ်လာပါတယ်။

အခုအခါ ဘီလားရုစ်ဟာ ယူကရိန်း ပိုင်နက်ထဲ တပ်တွေ စေလွှတ်ပြီး ရုရှားကို အကူအညီပေးဖို့ ပြင်ဆင်နေပြီလို့ အမည်မဖော်တဲ့ အမေရိကန် စစ်ထောက်လှမ်းရေး အရာရှိ တစ်ဦးက ပြောပါတယ်။ အမေရိကန် အစိုးရကတော့ ဒီသတင်းကို လောလောဆယ် အတည်မပြုသေးပါဘူး။ ဘီလားရုစ် တပ်တွေဟာ အစောဆုံးအဖြစ် ဒီနေ့မှာတင် ယူကရိန်းကို စတင် ကျူးကျော်နိုင်ခြေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ရုရှားရဲ့ ကာလရှည် မဟာမိတ်ဖြစ်ပြီး ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင် နိုင်ငံတစ်ခုလို့ သတ်မှတ် ခံထားရတဲ့ ဘီလားရုစ်ဟာ ဖေဖော်ဝါရီ ၂၇ ရက်မှာ နျူကလီးယား လက်နက် ကင်းစင် နိုင်ငံအဖြစ် ရပ်တည်တဲ့ ဆုံးဖြတ်ချက်ကို ရုပ်သိမ်းလိုက်ပါတယ်။ အဓိပ္ပါယ်ကတော့ ယူကရိန်းနိုင်ငံ မြောက်ပိုင်းက ဘီလားရုစ် ပိုင်နက်ထဲမှာ ရုရှားရဲ့ နျူကလီးယား ဒုံးကျည်တွေ ဖြန့်ကျက်ဖို့ လမ်းဖွင့်ပေးလိုက်တဲ့ သဘောပါပဲ။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ သူဟာ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ရာမှာ ဘီလားရုစ် တပ်တွေကို ယူကရိန်းဆီ စေလွှတ်မှာ မဟုတ်ဘူးဆိုတဲ့ ကတိကို ရရှိထားကြောင်း ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...