Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ဖြစ်နေချိန် ရုရှား နျူကလီးယား တပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံရဲ့ နျူကလီးယား အထူးတပ်ဖွဲ့တွေကို အသင့်ပြင်ဆင်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ပူတင်ရဲ့ အမိန့်နဲ့ ဆက်နွှယ်မှု ရှိမရှိ ဆိုတာတော့ မသိရသေးပါဘူး။

ယူကရိန်းနဲ့ စစ်မက် ဖြစ်ပွားနေချိန်မှာ ရုရှားစစ်တပ်ရဲ့ နျူကလီးယား အထူးတပ်ဖွဲ့တွေက စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

မတ်လ ၁ ရက်က ဆိုက်ဘေးရီးယား ဒေသရဲ့ နှင်းဖုံးနေတဲ့ ဧရိယာတွေမှာ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေကိုပါ ယူဆောင်လာပြီး ရုရှား စစ်တပ်က စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။ မြေပြင်ပေါ်မှာ ဒုံးကျည်တင် ထရပ်ကားကြီးတွေ မဟာဗျူဟာမြောက် ရွေ့လျား ဖြန့်ကျက်နေသလို ဘာရန်စ် ပင်လယ်ထဲမှာလည်း နျူကလီးယား ရေငုပ်သင်္ဘောတွေ ခုတ်မောင်းနေခဲ့ပါတယ်။

မုန်တိုင်းထန်တဲ့ ရာသီဥတုမျိုးအတွက် ရည်ရွယ်လေ့ကျင့်ခဲ့တဲ့ အစီအစဉ်မှာ သူတို့ရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတချို့ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ရုရှားရဲ့ မြောက်ပိုင်း ရေတပ်မကြီးက ထုတ်ပြန်ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ ရုရှားမြောက်ပိုင်းက ကိုလာ ကျွန်းဆွယ်ကို ကာကွယ်တဲ့ ပုံစံမျိုး သရုပ်တူ စီစဉ်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံရဲ့ နျူကလီးယား အထူးတပ်ဖွဲ့တွေကို အသင့်ပြင်ဆင်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ပူတင်ရဲ့ အမိန့်နဲ့ ဆက်နွှယ်မှု ရှိမရှိ ဆိုတာတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ယူကရိန်းကို ကျူးကျော်မှုနဲ့ ပတ်သက်လို့ ပူတင်ရဲ့ ရုရှား အစိုးရကို အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက စုပေါင်း ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တဲ့နောက် ဒီရန်လိုမှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ နျူကလီးယား အထူးတပ်ဖွဲ့တွေကို ပူတင်က တပ်လှန့်ထားစေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ကတော့ အရင်ကတည်းက အန္တရာယ် ကြီးနှင့်နေပြီးသားဖြစ်တဲ့ ပဋိပက္ခတွေကို ပိုပြီး ဆိုးရွားလာအောင် ပူတင်က လုပ်ဆောင်နေတာလို့ စွပ်စွဲပါတယ်။ နိုင်ငံတကာအရေး လေ့လာသူတွေကတော့ ပူတင်ဟာ နျူကလီးယား စစ်ပွဲကို စတင်လိုဟန် မရှိဘူးလို့ ယုံကြည်နေပေမယ့် ရုရှား သမ္မတရဲ့ စိတ်နေ သဘောထားဟာ ခန့်မှန်းရ ခက်လွန်းတယ်လို့လည်း သတိပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။