Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်မှာ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်ပျက်ကို အမေရိကန် ရေတပ်ဆယ်ယူ

ဒေါ်လာ သန်း ၁၀၀ လောက် တန်ဖိုးရှိတဲ့ F-35C တိုက်လေယာဉ်ဟာ ဇန်နဝါရီလတုန်းက USS Carl Vinson လေယာဉ်တင် သင်္ဘောကြီးပေါ် အဆင်းမှာ ချွတ်ယွင်းမှုတစ်ခု ကြုံပြီး ပင်လယ်ထဲ ပျက်ကျသွားခဲ့ပါတယ်။ F-35Cဟာ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် F-35တွေရဲ့ လေယာဉ်တင် သင်္ဘော အခြေစိုက် မျိုးကွဲတွေ ဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်ထဲမှာ ပျက်ကျခဲ့တဲ့ နည်းပညာမြင့် ခေတ်မီ ဂျက်တိုက်လေယာဉ် ကိုယ်ထည်အပျက်ကို ဆယ်ယူ ရရှိခဲ့ပြီလို့ အမေရိကန် ရေတပ်က ကြေညာခဲ့ပါတယ်။

ဒေါ်လာ သန်း ၁၀၀ လောက် တန်ဖိုးရှိတဲ့ F-35C တိုက်လေယာဉ်ဟာ ဇန်နဝါရီလတုန်းက USS Carl Vinson လေယာဉ်တင် သင်္ဘောကြီးပေါ် အဆင်းမှာ ချွတ်ယွင်းမှုတစ်ခု ကြုံပြီး ပင်လယ်ထဲ ပျက်ကျသွားခဲ့ပါတယ်။ F-35Cဟာ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် F-35တွေရဲ့ လေယာဉ်တင် သင်္ဘော အခြေစိုက် မျိုးကွဲတွေ ဖြစ်ပါတယ်။

F-35တွေဟာ နည်းပညာပိုင်းအရ ခေတ်ရှေ့အပြေးဆုံးလို့ သတ်မှတ် ခံထားရသလို ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် စွမ်းရည်လည်း ပိုင်ဆိုင်ထားပါတယ်။ F-35C ပျက်ကျခဲ့တဲ့ နေရာဟာ တရုတ်ရေတပ် လှုပ်ရှားနေတဲ့ ဧရိယာနဲ့လည်း သိပ်မဝေးတဲ့အတွက် လေယာဉ် ကိုယ်ထည်အပျက်ကို တရုတ်တွေ လက်ထဲ မရောက်အောင် အမေရိကန် ရေတပ်က အစွမ်းကုန် ကြိုးစား အားထုတ်ခဲ့ပါတယ်။

တကယ်လို့ F-35C အပျက်အစီးတွေသာ တရုတ်ဆီ ရောက်သွားရင် အမေရိကန်ရဲ့ အဆင့်မြင့် ကိုယ်ပျောက် စစ်သုံး နည်းပညာတွေ ပေါက်ကြားသွားမယ့်သဘော ဖြစ်ပါတယ်။ ဒါကြောင့် ပင်လယ် ကြမ်းပြင်အောက်မှာ နစ်မြုပ်နေတဲ့ လေယာဉ်ပျက်ကို ပြိုင်ဘက် တရုတ်ရေတပ်က ဆယ်ယူမသွားနိုင်အောင် အမေရိကန် ရေတပ်က အသည်းအသန် အချိန်လု ရှာဖွေခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

မတ်လ ၂ ရက်မှာတော့ ရေတပ်ဟာ F-35Cရဲ့ ကိုယ်ထည် အပျက်ကို အောင်အောင်မြင်မြင် ဆယ်ယူနိုင်ခဲ့ပြီလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလေယာဉ် ပျက်ကျတုန်းက လေယာဉ်မှူးဟာ လေထီးနဲ့ ခုန်ထွက်နိုင်ခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ လေယာဉ်တင် သင်္ဘောပေါ်မှာ ရှိနေတဲ့ အမှုထမ်း ၇ ဦးလောက်လည်း ဒဏ်ရာတွေ ရခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။