Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်ငလျင်ကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးပြီး အိမ်ခြေ သန်းနဲ့ချီ ဓာတ်အားပြတ်တောက်

ငလျင်ကြောင့် နိုင်ငံရဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေမှာ မူမမှန်တဲ့ ချွတ်ယွင်းမှု တစ်ခုခု ဖြစ်နေတာမျိုး မတွေ့ခဲ့ရကြောင်း ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဆိုပါတယ်။ ငလျင်ရဲ့ ပြင်းအားကြောင့် အဆောက်အအုံတချို့ ထိခိုက် ပျက်စီးခဲ့ပြီး လူပေါင်း ၁၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ အရှေ့ဖက် ကမ်းလွန်မှာ ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ ၄ ဦးထက်မနည်း ရှိခဲ့ပြီး အိမ်ခြေ သန်းနဲ့ချီ ဓာတ်အား ပြတ်တောက်မှုတွေ ကြုံခဲ့ရပါတယ်။

ရစ်ချ်တာစကေး ၇.၄ အဆင့် ပြင်းအားရှိတဲ့ ငလျင်ဟာ မတ်လ ၁၆ ရက် ညပိုင်းက ဖူကူရှီးမား အရှေ့ဖက် ကမ်းလွန် ပင်လယ်ပြင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။ ငလျင်ရဲ့ ဗဟိုချက်ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က ငလျင်နဲ့ ဆူနာမီ ရေလှိုင်းတွေကြောင့် ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်ပွားခဲ့ရာ ဖူကူရှီးမား ဓာတ်အားပေး စက်ရုံနဲ့လည်း နီးနီးကပ်ကပ် တည်ရှိနေပါတယ်။

မတ်လ ၁၆ ရက်က ငလျင်လှုပ်ခတ် အပြီး ဖူကူရှီးမား အရှေ့ဖက် ကမ်းရိုးတန်း ဒေသတွေကို ဆူနာမီ ရေလှိုင်း အန္တရာယ် အရေးပေါ် အခြေအနေ ကြေညာခဲ့ပေမယ့် နာရီပိုင်း အကြာမှာ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ မီယာဂျီက ကမ်းခြေ တချို့ကို ငလျင် နောက်ဆက်တွဲ ဆူနာမီ လှိုင်းငယ်တချို့ ရိုက်ခတ်ခဲ့ပေမယ့် အမြင့် ၈ လက်မလောက်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် နိုင်ငံရဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေမှာ မူမမှန်တဲ့ ချွတ်ယွင်းမှု တစ်ခုခု ဖြစ်နေတာမျိုး မတွေ့ခဲ့ရကြောင်း ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဆိုပါတယ်။ ငလျင်ရဲ့ ပြင်းအားကြောင့် အဆောက်အအုံတချို့ ထိခိုက် ပျက်စီးခဲ့ပြီး လူပေါင်း ၁၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဖူကူရှီးမားမှာ ငလျင်လှုပ်နေတုန်း ကျည်ဆန်ရထားတစ်စီး လမ်းချော်သွားပေမယ့် ခရီးသည်တွေ အထိအခိုက် မရှိခဲ့ပါဘူး။ ဒါပေမဲ့ မြန်နှုန်းမြင့် ရထားရဲ့ တွဲတစ်ခုထဲမှာ ခရီးသည် ၈၀ နီးပါးလောက် ၄ နာရီကြာ ပိတ်မိနေခဲ့ပါတယ်။ ငလျင်ရဲ့ လှုပ်ရှား ယိမ်းထိုးမှုကြောင့် ဓာတ်တိုင်တွေ ပြိုလဲခဲ့သလို နိုင်ငံ အရှေ့ပိုင်း ဒေသတော်တော်များများ မီးပြတ်တောက်သွားခဲ့ရပါတယ်။

ဂျပန်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိတဲ့ ကျွန်းနိုင်ငံ တစ်ခုဖြစ်ပြီး အင်အားပြင်း ငလျင်တွေ လှုပ်ခတ်မှုနဲ့ မစိမ်းလှပါဘူး။ ၂၀၁၁ တုန်းက ငလျင်ကြီးဟာ ရစ်ချ်တာစကေး ၉.၁ အဆင့်ထိ ပြင်းထန်ခဲ့ပြီး နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေပါ ရိုက်ခတ်ခဲ့သလို ကမ္ဘာပေါ်မှာ အဆိုးဆုံး နျူကလီးယား ကပ်ဘေးကြီး တစ်ခုနဲ့ပါ ကြုံတွေ့စေခဲ့ပါတယ်။ အဲဒီတုန်းက ငလျင်ကြီးရဲ့ မြေမျက်နှာပြင်ပေါ် သက်ရောက်တဲ့အားဟာ အခုသီတင်းပတ် ငလျင်ထက် ၆၃ ဆ ပိုအားကောင်းပြီး စွမ်းအင် ထုတ်လွှတ်မှု အဆ ၅၀၀ ပိုသာပါတယ်။ ဒီငလျင်ကြီးကြောင့် ဂျပန်မှာ လူပေါင်း ၂၂၀၀၀ ကျော် သေဆုံး၊ ပျောက်ဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။