Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နစ်မြုပ်သွားတဲ့ ရုရှားစစ်သင်္ဘောဟာ ယူကရိန်းဒုံးကျည်တွေ ထိမှန်တာ ခံခဲ့ရတယ်လို့ အမေရိကန် အတည်ပြု

Moskvaကို တိုက်ခိုက်ရာမှာ ယူကရိန်းက Neptune ဒုံးကျည်တွေကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။ ဒီဒုံးကျည်တွေဟာ ယူကရိန်းရဲ့ ပြည်တွင်းဖြစ် ထုတ်ကုန်တွေပါ။ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားတပ်တွေက ဝင်ရောက် သိမ်းပိုက်ခဲ့တဲ့ နောက်ပိုင်း Neptuneတွေကို တီထွင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားရေတပ်ရဲ့ နစ်မြုပ်သွားတဲ့ နာမည်ကျော် စစ်သင်္ဘောကြီးဟာ ယူကရိန်း ဒုံးကျည်တွေ ထိမှန်တာ ခံခဲ့ရတယ်လို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုခဲ့ပါတယ်။

ရုရှားရေတပ်က ခရုစ်ဒုံးကျည်တင် စစ်သင်္ဘောကြီး Moskvaဟာ မီးလောင်မှု တစ်ခုကြောင့် ထိခိုက် ပျက်စီးခဲ့တဲ့နောက် ဆိပ်ကမ်းကို ဆွဲယူလာတဲ့အချိန် ပင်လယ်ပြင်မှာ နစ်မြုပ်သွားတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်း စစ်တပ်ကတော့ Moskvaဟာ သူတို့ရဲ့ ဒုံးကျည်တွေကြောင့် မြုပ်သွားတာသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ရုရှားက Moskvaပေါ်မှာ လောင်တဲ့မီးဟာ လက်နက်ခဲယမ်းတွေ ထားတဲ့နေရာကို ကူးစက်ရာက အပြင်းအထန် ပေါက်ကွဲခဲ့တာသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး တိုက်ခိုက်မှုတွေ ကြုံခဲ့ရတယ် ဆိုတာကို ငြင်းပယ်ထားပါတယ်။

အခုအခါမှာ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကလည်း Moskvaဟာ မနစ်မြုပ်ခင် ယူကရိန်းရဲ့ ဒုံးကျည်နှစ်စင်း ထိမှန်တာ ခံခဲ့ရကြောင်း ဖော်ပြလာခဲ့တာပါ။ ဒီစစ်သင်္ဘောကြီးဟာ ဒုံးကျည်တွေ ထိမှန်ပြီး ချက်ချင်း နစ်မြုပ်သွားတယ်လို့တော့ ပင်တဂွန်က မပြောပါဘူး။ တကယ်လို့ ယူကရိန်း လက်ချက်ကြောင့် Moskva နစ်မြုပ်ခဲ့ရိုး မှန်ရင်တော့ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ရန်သူ့လက်ချက်နဲ့ ပျက်စီးနစ်မြုပ်ရတဲ့ အကြီးဆုံး စစ်သင်္ဘောအဖြစ် မှတ်တမ်း ဝင်လာတော့မှာပါ။

ယူကရိန်းကတော့ ရုရှားဟာ သိက္ခာကျမှာ စိုးတဲ့အတွက် ဖြစ်ရပ်မှန်ကို ကြိုးစား ဖုံးကွယ်နေတာလို့ စွပ်စွဲခဲ့ပါတယ်။ Moskvaဟာ ရုရှားရေတပ်ရဲ့ ပင်လယ်နက် တပ်ဖွဲ့ခွဲမှာ ဂုဏ်အယူရဆုံး၊ အကြီးဆုံး စစ်သင်္ဘောကြီး ဖြစ်ပါတယ်။ Moskvaကို ဆုံးရှုံးလိုက်ရခြင်းက ရုရှားရေတပ်ရဲ့ စစ်ဆင်ရေး စွမ်းရည်ကို နစ်နစ်နာနာ ထိခိုက် သက်ရောက်သွားစေလိမ့်မယ်လို့ စစ်ရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

Public Service Announcement

Public Service Announcement

Moskvaကို တိုက်ခိုက်ရာမှာ ယူကရိန်းက Neptune ဒုံးကျည်တွေကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။ ဒီဒုံးကျည်တွေဟာ ယူကရိန်းရဲ့ ပြည်တွင်းဖြစ် ထုတ်ကုန်တွေပါ။ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားတပ်တွေက ဝင်ရောက် သိမ်းပိုက်ခဲ့တဲ့ နောက်ပိုင်း Neptuneတွေကို တီထွင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ရုရှားဟာ တရားဝင် သံတမန် လမ်းကြောင်းကနေ ချိတ်ဆက်ပြီး အမေရိကန် အစိုးရ အနေနဲ့ ယူကရိန်းကို စစ်လက်နက် ထောက်ပံ့မှုတွေ ရပ်တန်းကရပ်ဖို့ သတိပေးခဲ့ကြောင်းလည်း သိရပါတယ်။ တကယ်လို့ ဒီလုပ်ဆောင်မှုတွေ ရပ်မသွားဘူးဆိုရင် ယူကရိန်းရဲ့ အပေါင်းအပါ နိုင်ငံတွေဟာ ခန့်မှန်းဖို့တောင် ခက်ခဲတဲ့ အကျိုးဆက်တွေနဲ့ ကြုံရလိမ့်မယ်လို့လည်း ရုရှားက ခြိမ်းခြောက် သတိပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။