Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သီရိလင်္ကာ သမ္မတနဲ့ ဝန်ကြီးချုပ်ပိုင် နေအိမ်တွေကို ဆန္ဒပြသူတွေ မီးတင်ရှို့

မေလ ၉ ရက် မနက်ပိုင်းကစလို့ နိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေတွေ ဆိုးသထက် ဆိုးလာနေပြီး လူ ၅ ဦးထက်မနည်းသေ၊ ၁၉၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူတွေထဲမှာ သီရိလင်္ကာ လွှတ်တော်အမတ် တစ်ဦးလည်း ပါဝင်ပါတယ်။

သီရိလင်္ကာ နိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး အုံကြွ ဆန္ဒပြသူတွေက သမ္မတ၊ ဝန်ကြီးချုပ်နဲ့ လွှတ်တော်အမတ်တွေ ပိုင်ဆိုင်တဲ့ နေအိမ်တွေကို မီးတင်ရှို့ခဲ့ကြပါတယ်။

သီရိလင်္ကာ အစိုးရဟာ ကြွေးမြီထူထပ်မှု၊ ပြည်တွင်း စီးပွားရေး ကျပ်တည်းမှု၊ စွမ်းအင် မလုံလောက်မှု အစရှိတဲ့ ပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေလည်း အရှိန်မြင့်တက်လာတဲ့နောက် သမ္မတရဲ့ အစ်ကိုဖြစ်သူ ဝန်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ခ်ဆာလည်း ရာထူးက နုတ်ထွက်လိုက်ရပါပြီ။

ဒါပေမဲ့ ဒေါသထွက်နေတဲ့ ဆန္ဒပြ ပြည်သူတွေက ဒီအခြေအနေလောက်ကို မကျေနပ်နိုင်ဘဲ မေလ ၉ ရက် ညပိုင်းမှာ ဝန်ကြီးချုပ် အိမ်တော်ကိုပါ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သီရိလင်္ကာ အစိုးရဟာ ကျွန်းနိုင်ငံ တစ်ခုလုံးမှာ ညမထွက်ရ အမိန့် ထုတ်ထားပေမယ့် ပြည်သူ့ အုံကြွမှုတွေကို မတားဆီးနိုင်ခဲ့ပါဘူး။

ကိုလံဘို မြို့တော်မှာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ဆာ၊ ဝန်ကြီးချုပ် မာဟင်ဒါနဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတချို့၊ လွှတ်တော်အမတ်တချို့ ပိုင်ဆိုင်တဲ့ နေအိမ်တွေဟာ ဆန္ဒပြသူတွေက မီးတုတ်တွေနဲ့ ဝိုင်းပစ်ပြီး မီးတင်ရှို့တာ ခံခဲ့ရကြောင်း မျက်မြင်တွေက ပြောပါတယ်။ ရုတ်ရုတ်သည်းသည်း ဖြစ်နေတဲ့အချိန် ဝန်ကြီးချုပ် အိမ်တော်ဖက်က သေနတ်သံတွေလည်း ကြားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၉ ရက် မနက်ပိုင်းကစလို့ နိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေတွေ ဆိုးသထက် ဆိုးလာနေပြီး လူ ၅ ဦးထက်မနည်းသေ၊ ၁၉၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူတွေထဲမှာ သီရိလင်္ကာ လွှတ်တော်အမတ် တစ်ဦးလည်း ပါဝင်ပါတယ်။

မနက်ပိုင်းက အာဏာရ ပါတီရဲ့ ဥပဒေပြု လွှတ်တော်အမတ် အာမာရက်ကီရာသီ အသူကိုရာလာဟာ သူ့ကို ဝန်းရံထားတဲ့ ဆန္ဒပြ ပြည်သူတွေထဲက နှစ်ယောက်ကို သေနတ်နဲ့ ပစ်ခဲ့ပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီနောက် အသူကိုရာလာနဲ့ သက်တော်စောင့်တို့ဟာ နီးစပ်ရာ အဆောက်အအုံ တစ်ခုထဲ ပြေးဝင်သွားတာကို လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူတို့နှစ်ဦးရဲ့ အလောင်းကိုပဲ ပြန်ရှာတွေ့ခဲ့ပါတော့တယ်။

ဆန္ဒပြသူတွေက သမ္မတ ဂိုတာဘာယာကိုပါ ရာထူးက နုတ်ထွက်ပေးဖို့နဲ့ နိုင်ငံရေး နယ်ပယ်ကနေ ရာဂျာပက်ခ်ဆာ မိသားစုဝင်တွေ အားလုံး ထွက်ခွာသွားဖို့ ဆက်လက် တောင်းဆိုနေဆဲပါ။ မတ်လ ကတည်းက စတင်လာတဲ့ ဆန္ဒပြပွဲတွေဟာ အခုအခါမှာတော့ အကြမ်းဖက်မှု အုံကြွမှုတွေဆန်ဆန် ပြောင်းလဲလာခဲ့ပါတယ်။

မေလ ၁၀ ရက်မှာလည်း ကိုလံဘိုမြို့နဲ့ အနီးတဝိုက် အခြေအနေတွေက တင်းမာနေဆဲဖြစ်ပြီး ဆန္ဒပြသူတွေက တုတ်တွေ၊ ဓားတွေ ကိုင်ဆောင်ပြီး လှည့်လည်နေသလို လေဆိပ်ဖက်သွားတဲ့ လမ်းတွေကိုပါ အတားအဆီးတွေနဲ့ ပိတ်ဆို့ထားတာ တွေ့ရပါတယ်။ ပုံမှန်ဆိုရင် လမ်းပေါ်မှာ ရဲတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက် နေရာယူထားပေမယ့် ဒီနေ့မှာတော့ မတွေ့ရဘူးလို့လည်း မျက်မြင်တွေက ဆိုပါတယ်။

သီရိလင်္ကာဟာ နိုင်ငံခြားငွေ သိုလှောင်နိုင်မှု လုံးဝဥဿုံနီးပါး ကုန်ခန်းနေပြီဖြစ်ပြီး သွင်းကုန်တွေ ဝယ်ယူနိုင်စွမ်း မရှိတော့ပါဘူး။ လောင်စာဆီတွေ မဝယ်နိုင်တော့တဲ့အတွက် ပြည်တွင်းမှာ လျှပ်စစ်မီးတွေလည်း တစ်နေ့ကို နာရီ အနည်းငယ်လောက်သာ အလှည့်ကျ ပေးဝေနိုင်ပါတော့တယ်။ ကုန်စျေးနှုန်းတွေကလည်း အဖက်ဖက်က ထိုးတက်လာနေပါတယ်။

အစိုးရက ဒီလို ပြဿနာတွေ ဖြစ်ရတာဟာ ကိုဗစ် ကပ်ရောဂါကြောင့် နိုင်ငံရဲ့ အဓိက ဝင်ငွေ လမ်းကြောင်း တစ်ခုဖြစ်တဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ရပ်တန့်သွားရတာကြောင့်လို့ အပြစ်ဖို့ထားပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ အစိုးရရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ စီမံခန့်ခွဲမှု အမှားတွေကသာ အဓိက ပြဿနာ ဖြစ်ခဲ့တယ်လို့ သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။