Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန် ငလျင်ကြောင့် လူ ၉၀၀ ကျော်သေပြီး အသေအပျောက် ထပ်တိုးလာနိုင်

အာဖဂန်ဟာ ငလျင်လှုပ်ခတ်မှုတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံတစ်ခုပါ။ ဇန်နဝါရီလတုန်းက နိုင်ငံ အနောက်ပိုင်းမှာ ငလျင်နှစ်ခု ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့တာကြောင့် လူ ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။

အာဖဂန် ငလျင်ကြောင့် လူ ၉၀၀ ကျော်သေပြီး အသေအပျောက် ထပ်တိုးလာနိုင်
အာဖဂန် ငလျင်ကြောင့် လူ ၉၀၀ ကျော်သေပြီး အသေအပျောက် ထပ်တိုးလာနိုင်

အာဖဂန် နစ္စတန် နိုင်ငံမှာ ဖျက်ဆီးအား ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ပြီး အနည်းဆုံး လူပေါင်း ၉၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

အာဖဂန်ကို အုပ်ချုပ်နေတဲ့ တာလီဘန် အစိုးရက နိုင်ငံ အရှေ့ပိုင်း၊ ပက်ခ်တီကာ ဒေသမှာ ကြုံတွေ့ခဲ့တဲ့ သဘာဝ ဘေးဆိုးကြီးအပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အဆောတလျင် ဆောင်ရွက်နေပြီလို့ ကြေညာပါတယ်။ ငလျင်ကြောင့် မြေပြိုမှုတွေပါ ဖြစ်ခဲ့သလို ရွှံ့နဲ့ဆောက်ထားတဲ့ အိမ်လေးတွေ ပြားပြားဝပ် ပြိုကျကုန်ပါတယ်။

လက်ရှိ အချိန်ထိ သေဆုံးသူ ၉၂၀ ထက်မနည်း အတည်ပြုထားပြီး နောက်ထပ် ရာပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ ခရီးသွားလာရေး ခက်ခဲရာ အစွန်အဖျား ဒေသတွေက ဒဏ်ရာရ လူနာတွေကိုတော့ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ဆေးရုံတွေဆီ တင်ပို့ပေးနေပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အခြေအနေ ဆိုးရွားသူတွေလည်း ပါဝင်နေပြီး အသေအပျောက် အရေအတွက် မြင့်တက်လာဦးမယ့် အလားအလာတွေလည်း တွေ့နေရပါတယ်။

တာလီဘန် ခေါင်းဆောင် ဟီဘာတူလာ အက်ခွန်ဇာဒါးက ငလျင်ကြောင့် အိမ်ခြေ ရာပေါင်းများစွာ ပြိုကျ ပျက်စီးခဲ့တယ်လို့ အတည်ပြုခဲ့ပြီး အပျက်အစီးပုံတွေအောက်မှာ နောက်ထပ် ပိတ်မိနေသူတွေ၊ ရုပ်အလောင်းတွေ ရှိနေနိုင်သေးတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ဝန်ကြီး ရှရာဖူဒင် မူဆလင်မ်က အသေအပျောက် စာရင်းကို ထုတ်ပြန်ပြီး ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း အာဖဂန်မှာ အဆိုးဆုံး ငလျင်လှုပ်ခတ်မှု ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ရစ်ချ်တာစကေး ၅.၉ အဆင့် ငလျင်ဟာ နိုင်ငံ အရှေ့တောင်ပိုင်းက ခေါ့စ်မြို့နဲ့ ၄၄ ကီလိုမီတာလောက် အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်က ဇွန် ၂၂ ရက် မနက် အစောပိုင်းမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံ အများစုက အိပ်စက်နေခဲ့ကြတာလို့ ဆိုပါတယ်။

ငလျင်ကြောင့် ဆက်သွယ်ရေး တာဝါတိုင်တွေလည်း ပျက်စီးကုန်ပြီး ငလျင်ဘေးသင့် ဒေသတွေကို ဆက်သွယ်ဖို့ ခက်ခဲနေပါတယ်။ တာလီဘန် အစိုးရက ငလျင်ဘေးသင့် ပြည်သူတွေကို ကူညီဖို့အတွက် ကယ်ဆယ်ရေး အေဂျင်စီတွေကို အရေးပေါ် လိုက်လံ စုစည်းနေပါတယ်။

အာဖဂန်ဟာ ငလျင်လှုပ်ခတ်မှုတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံတစ်ခုပါ။ ဇန်နဝါရီလတုန်းက နိုင်ငံ အနောက်ပိုင်းမှာ ငလျင်နှစ်ခု ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့တာကြောင့် လူ ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။