Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားနဲ့ နယ်စပ်နားမှာ မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ဖြန့်ကျက်လာနိုင်

ဒီအတောအတွင်း တောင်ကိုရီးယား စစ်ထောက်လှမ်းရေးကလည်း မြောက်ကိုရီးယားဟာ ၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နျူကလီးယားဗုံးတစ်လုံး စမ်းသပ် ဖောက်ခွဲဖို့ စီစဉ်နေတယ်လို့ ယုံကြည်ရကြောင်း ပြောကြားထားပါတယ်။

မြောက်ကိုရီးယား အစိုးရက စစ်ရေးဆိုင်ရာ အထူး အစည်းအဝေး
မြောက်ကိုရီးယား အစိုးရက စစ်ရေးဆိုင်ရာ အထူး အစည်းအဝေး

တောင်ကိုရီးယားနဲ့ နယ်စပ်တဝိုက်မှာ နျူကလီးယား လက်နက်တွေ အခြေစိုက် ဖြန့်ကျက်တာမျိုး မြောက်ကိုရီးယားက စီစဉ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ထွက်ပေါ်လာပါတယ်။

မြောက်ကိုရီးယား အစိုးရက စစ်ရေးဆိုင်ရာ အထူး အစည်းအဝေးတစ်ရပ် ခေါ်ယူပြီး ရှေ့တန်းရောက် တပ်တွေနဲ့ ပတ်သက်လို့ တာဝန် အသစ်တွေ စီစဉ် သတ်မှတ်ပေးခဲ့တဲ့နောက် အခုလို ထင်ကြေးပေးမှုတွေ ရှိလာခဲ့တာပါ။ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး ပြိုင်ဘက်တွေအဖြစ် ရပ်တည်ခဲ့သလို လတ်တလော ကာလမှာလည်း တင်းမာမှုတွေ ရှိနေပါတယ်။

အထူးသဖြင့် တောင်ကိုရီးယား အစိုးရသစ်ဟာ မြောက်ပိုင်းက ကွန်မြူနစ် နိုင်ငံနဲ့ ပတ်သက်ရင် ပိုမိုတင်းမာတဲ့ မူဝါဒတွေ ကျင့်သုံးဖို့ ဆုံးဖြတ်ထားတဲ့အပေါ် မြောက်ကိုရီးယားကလည်း ရန်လိုတဲ့ အပြုအမူအဖြစ် သတ်မှတ် ယူဆထားပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက နိုင်ငံခေါင်းဆောင် ကင်မ်ဦးဆောင်တဲ့ စစ်ရေး အထူး အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ကြောင်း အတည်ပြု ဖော်ပြခဲ့ပါတယ်။ လေ့လာသူတွေကတော့ ဆွေးနွေးပွဲ နောက်ဆက်တွဲ အနေနဲ့ မြောက်ကိုရီးယားဟာ တောင်ဖက် နယ်နိမိတ်စည်းကို ချိန်ရွယ်ထားတဲ့ နျူကလီးယား ထိပ်ဖူးတပ် တာတိုပစ် ဒုံးကျည်တွေ ဖြန့်ကျက်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီအတောအတွင်း တောင်ကိုရီးယား စစ်ထောက်လှမ်းရေးကလည်း မြောက်ကိုရီးယားဟာ ၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နျူကလီးယားဗုံးတစ်လုံး စမ်းသပ် ဖောက်ခွဲဖို့ စီစဉ်နေတယ်လို့ ယုံကြည်ရကြောင်း ပြောကြားထားပါတယ်။

KCNA သတင်းဌာနက ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာတော့ ကင်မ်ဟာ အာဏာရ ကွန်မြူနစ် ပါတီက အရာရှိတွေ၊ စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေနဲ့အတူ ဆွေးနွေးနေဟန်ရှိပြီး အစည်းအဝေး စားပွဲနားမှာတော့ နယ်ခြားစည်း အပါအဝင် မြောက်ကိုရီးယား အရှေ့ဖက် ကမ်းရိုးတန်း ဧရိယာတွေရဲ့ မြေပုံကိုလည်း တွေ့ရပါတယ်။

KCNAက ခေါင်းဆောင်ကြီး ကင်မ်ဟာ နိုင်ငံရဲ့ ရှေ့တန်း စစ်ဆင်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ အလေးအနက် ဆန္ဒရှိနေကြောင်း ဖော်ပြခဲ့ပေမယ့် နျူကလီးယား လက်နက်တွေ ဖြန့်ကျက်မယ် ဆိုတာမျိုးတော့ မပါရှိပါဘူး။ အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတွေကတော့ မြောက်ကိုရီးယား အနေနဲ့ နောက်ထပ် နျူကလီးယားဗုံး စမ်းသပ်မှု တစ်ခုသာ လုပ်ဆောင်ခဲ့မယ်ဆိုရင် မလိုလားစရာ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။