Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်-အိန္ဒိယ နယ်စပ်မှာ အလုံးအရင်း ဖြန့်ကျက်ထားတဲ့ နှစ်ဖက် စစ်တပ်တွေ စတင်ရုပ်သိမ်း

နယ်စပ်မှာ တပ်တွေ လျှော့ချနေကြောင်း အိန္ဒိယဖက်က ကြေညာပေမယ့် နယူးဒေလီ အခြေစိုက် တရုတ်သံရုံးကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မပေးသေးပါဘူး။ အိန္ဒိယနဲ့ တရုတ်တို့ဟာ ကီလိုမိတာ ၃၈၀၀ လောက် ရှည်လျားတဲ့ နယ်စပ်ကို မျှဝေထားပါတယ်။

တရုတ်-အိန္ဒိယ နယ်စပ်မှာ အလုံးအရင်း ဖြန့်ကျက်ထားတဲ့ နှစ်ဖက် စစ်တပ်တွေ စတင်ရုပ်သိမ်း
တရုတ်-အိန္ဒိယ နယ်စပ်မှာ အလုံးအရင်း ဖြန့်ကျက်ထားတဲ့ နှစ်ဖက် စစ်တပ်တွေ စတင်ရုပ်သိမ်း

နှစ်နိုင်ငံ တင်းမာမှုတွေကို လျှော့ချဖို့ နယ်စပ်ဒေသက တပ်တွေကို တရုတ်ရော၊ အိန္ဒိယကပါ တစ်ဆင့်ချင်းစီ ပြန်လည် လျှော့ချ ရုပ်သိမ်းနေကြောင်း သိရပါတယ်။

အိန္ဒိယနဲ့ တရုတ် စစ်တပ်တွေ အလုံးအရင်း ဖြန့်ကျက် တပ်စွဲထားပြီး ဟိမဝန္တာ တောင်တန်းတွေနဲ့ ထိစပ်နေရာ လာဒက်ခ် ဒေသဟာ ကမ္ဘာပေါ်မှာ အစောင့်အကြပ် အများဆုံး နယ်စပ်ဒေသ တစ်ခုလို့ လူသိများပါတယ်။ တရုတ်နဲ့ အိန္ဒိယ စစ်တပ်တွေဟာ နယ်စပ်မှာ ကိုယ်ထိလက်ရောက် ရန်ပြု တိုက်ခိုက်မှုတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတော့ နှစ်ဖက်စစ်တပ်တွေ ခိုက်ရန်ဖြစ်ကြရာက လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပြီး အိမ်နီးချင်း အာရှအင်အားကြီး နိုင်ငံတွေကြား တင်းမာမှုက အမြင့်ဆုံးထိ ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သံတမန်ရေးအရ ညှိနှိုင်းမှုတွေ အဆက်မပြတ် ဆောင်ရွက်ရင်း တပ်တွေ တဖြည်းဖြည်း ပြန်လျှော့ဖို့ သဘောတူခဲ့ကြပါတယ်။

အိန္ဒိယနဲ့ တရုတ်တို့ဟာ နယ်စပ် အငြင်းပွားမှုတွေကြောင့် စစ်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး အဲဒီနောက်ပိုင်း နယ်စပ်မှာ တပ်တွေ ချထားပေမယ့် သေနတ်မဖောက်ကြဖို့ ညှိနှိုင်းထားခဲ့ကြပါတယ်။ ဒါကြောင့် တပ်တွေ အချင်းချင်း ခိုက်ရန် ဖြစ်ပွားရင်လည်း သေနတ်နဲ့ မပစ်ဘဲ တုတ်တွေ၊ ဓားတွေ၊ တင်းပုတ်လိုမျိုး လက်နက်တွေနဲ့သာ သတ်ပုတ်လေ့ ရှိကြပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါမှာတော့ တရုတ်ရော၊ အိန္ဒိယပါ ဟိမဝန္တာ အနောက်ခြမ်း နယ်စပ်ဧရိယာက တပ်တွေကို သိသိသာသာ စတင် လျှော့ချနေကြပြီလို့ အိန္ဒိယ အစိုးရက အတည်ပြုပါတယ်။ ဒီထုတ်ပြန်ချက်ဟာ လာမယ့် သီတင်းပတ်၊ ဥဇဘက်ကစ္စတန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီတို့ နှစ်ဦးလုံး တက်ရောက်မယ့် အစည်းအဝေး တစ်ခု မတိုင်ခင်မှာ ထွက်ပေါ်လာတာပါ။ အဲဒီ အစည်းအဝေးမှာ မိုဒီနဲ့ ရှီတို့ တွေ့ဆုံဖြစ်မလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

နယ်စပ်မှာ တပ်တွေ လျှော့ချနေကြောင်း အိန္ဒိယဖက်က ကြေညာပေမယ့် နယူးဒေလီ အခြေစိုက် တရုတ်သံရုံးကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မပေးသေးပါဘူး။ အိန္ဒိယနဲ့ တရုတ်တို့ဟာ ကီလိုမိတာ ၃၈၀၀ လောက် ရှည်လျားတဲ့ နယ်စပ်ကို မျှဝေထားပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ဖြစ်ပွားတဲ့ သွေးမြေကျ ပဋိပက္ခတွေအပြီး အိန္ဒိယဟာ လာဒက်ခ်ဒေသကို စစ်သည် ၅ သောင်းလောက် အားဖြည့် ပို့ဆောင်ခဲ့ပါတယ်။ တရုတ်ကလည်း အရေအတွက် မထုတ်ပြန်ပေမယ့် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅၀၀၀ ကျော် မြင့်မားတဲ့ နယ်စပ်တလျှောက်ကို တပ်ဖွဲ့ဝင်တွေ အလုံးအရင်း စေလွှတ်ထားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။