Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ အရက်မူးသူက မီးကျည်သေနတ်နဲ့ ပစ်ရာက နိုက်ကလပ်မီးလောင်ပြီး ၁၃ ဦးသေ

မြို့ခံမီးသတ် တပ်ဖွဲ့ဟာ နိုက်ကလပ်မီးကို ငြှိမ်းသတ်ဖို့အတွက် နာရီပေါင်း အတော်ကြာအောင် အချိန်ယူခဲ့ရပါတယ်။ မီးကျည်သေနတ် ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အမျိုးသားကတော့ လောလောဆယ် အဖမ်းခံထားရပါတယ်။

ရုရှားမှာ အရက်မူးသူက မီးကျည်သေနတ်နဲ့ ပစ်ရာက နိုက်ကလပ်မီးလောင်ပြီး ၁၃ ဦးသေ
ရုရှားမှာ အရက်မူးသူက မီးကျည်သေနတ်နဲ့ ပစ်ရာက နိုက်ကလပ်မီးလောင်ပြီး ၁၃ ဦးသေ

ရုရှားနိုင်ငံမှာ အရက်မူးနေသူ တစ်ယောက်က လက်ဆော့ပြီး မီးကျည်သေနတ် ပစ်ခတ်ရာက နိုက်ကလပ် မီးလောင်ပြီး လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက် မနက်အစောပိုင်းက ကော်စထရိုမာမြို့မှာ ဖြစ်ပွားတဲ့ မီးလောင်မှုကြောင့် ၁၃ ဦးထက်မနည်း သေဆုံးပြီး ၅ ဦး ဆေးရုံရောက်ခဲ့သလို အနီးပတ်ဝန်းကျင်မှာ နေထိုင်သူ ရာဂဏန်းလောက်ကိုပါ အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ အတော်လေး မူးနေဟန်ရှိတဲ့သူ တစ်ယောက်ဟာ နိုက်ကလပ်ရဲ့ လူတွေ စုဝေး ကခုန်ရာ နေရာကို ချိန်ပြီး မီးကျည် သေနတ်နဲ့ လှမ်းပစ်ရာက မီးကူးစက် လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ မီးက အဆောက်အအုံ မျက်နှာကျက်ကို ခပ်မြန်မြန် ကူးစက်သွားပြီး ထိန်းမနိုင်သိမ်းမရ အဆင့်ထိ ရောက်သွားခဲ့ပါတယ်။

မြို့ခံမီးသတ် တပ်ဖွဲ့ဟာ နိုက်ကလပ်မီးကို ငြှိမ်းသတ်ဖို့အတွက် နာရီပေါင်း အတော်ကြာအောင် အချိန်ယူခဲ့ရပါတယ်။ မီးကျည်သေနတ် ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အမျိုးသားကတော့ လောလောဆယ် အဖမ်းခံထားရပါတယ်။

Public Service Announcement

Public Service Announcement

သံသယ တရားခံဟာ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး မီးလောင်စေတဲ့ အရာတစ်ခုကို ကလပ်ထဲမှာ အသုံးပြုခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ နိုက်ကလပ်ကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီရဲ့ မန်နေဂျာကိုလည်း ရဲတွေက ဖမ်းဆီးထားပါတယ်။

မျက်မြင်တစ်ယောက်က သံသယတရားခံ အမျိုးသားဟာ အမျိုးသမီး တစ်ဦးနဲ့ အတော်လေး အချိန်ဖြုန်းနေပြီး အဲဒီ အမျိုးသမီးအတွက် ပန်းတွေ မှာပေးခဲ့ကြောင်း၊ နောက်တော့ မီးကျည် သေနတ်ကိုယူပြီး ကပွဲကြမ်းပြင်ဖက် လျှောက်သွားရင်း ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

အခင်းဖြစ်ချိန်က ကလပ်ထဲမှာ လူဘယ်နှယောက် ရှိနေခဲ့သလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ မီးသတ် တပ်ဖွဲ့တွေကတော့ လူပေါင်း ၂၅၀ လောက်ကို ရွှေ့ပြောင်းပေးရကြောင်း ထုတ်ပြန်ထားပါတယ်။ အဲဒီကလပ်ကို ဒေသခံ နိုင်ငံရေးသမားတစ်ဦး ပိုင်ဆိုင်တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

၂၀၀၉ ခုနှစ်က ရုရှားနိုင်ငံ၊ ပမ်းမြို့မှာ နိုက်ကလပ်တစ်ခု မီးလောင်မှု ဖြစ်ခဲ့ဖူးပြီး အဲဒီတုန်းကတော့ လူပေါင်း ၁၅၉ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။