Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်မှုထမ်းရမှာစိုးလို့ ထွက်ပြေးကြတဲ့ ရုရှားနိုင်ငံသားတွေ

ပူတင်ရဲ့ အရန်စစ်တပ်တွေ ဆင့်ခေါ်တဲ့ အမိန့်အပေါ် ပြည်တွင်းက မြို့ကြီးတွေမှာလည်း ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြပြည်သူ ၁၄၀၀ ကျော်လောက်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

စစ်မှုထမ်းရမှာစိုးလို့ ထွက်ပြေးကြတဲ့ ရုရှားနိုင်ငံသားတွေ
စစ်မှုထမ်းရမှာစိုးလို့ ထွက်ပြေးကြတဲ့ ရုရှားနိုင်ငံသားတွေ

အရန်တပ်တွေကို ရှေ့တန်းပို့မယ့် ရုရှားအစိုးရရဲ့ အမိန့်ကြေညာချက်အပြီး ရုရှားနိုင်ငံသား အမြောက်အမြားဟာ နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားလာတာကြောင့် နယ်စပ်ဂိတ်တွေမှာပါ လမ်းပိတ်တာတွေ ဖြစ်ပေါ်နေပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံရဲ့ အရန်တပ်ဖွဲ့ဝင်တွေကို ယူကရိန်း စစ်မြေပြင်ဆီ စေလွှတ်မယ့် အထူးအမိန့်ကို အခုသီတင်းပတ်ထဲမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဒီအမိန့်ရဲ့ နောက်ဆက်တွဲ အနေနဲ့ စစ်မှုထမ်းနိုင်တဲ့ အသက်အရွယ်မျိုး ရုရှားလူငယ်တွေပါ စစ်ထဲကို သိမ်းကျုံးခေါ်ယူ ခံလာရနိုင်ကြောင်း စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

ဒါကြောင့်လည်း ရုရှားမှာ ပူတင်ရဲ့ အမိန့်ကို ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာသလို အရွယ်ကောင်း ရုရှားနိုင်ငံသား တော်တော်များများက ပြည်ပကို ထွက်ပြေး တိမ်းရှောင်ဖို့ ကြိုးစားလာပါတယ်။ ရုရှားကနေ ထွက်ခွာမယ့် လေယာဉ် ခရီးစဉ် အားလုံးလိုလို လက်မှတ်ဝယ်လို့ မရတော့တဲ့နောက် ကုန်းလမ်းကနေ ထွက်ပြေးသူတွေလည်း အများကြီး ရှိလာပါတယ်။

ရုရှား အစိုးရက လူငယ်တွေ ပြည်တွင်းကနေ ထွက်ခွာကုန်ကြတယ် ဆိုတာဟာ ချဲ့ကားထားတဲ့ သတင်းတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ပေမယ့် နယ်စပ်ဂိတ်တွေမှာတော့ ရုရှားဖက်က ထွက်ခွာလာတဲ့ ကားတန်းကြီးတွေကြောင့် လမ်းတွေ ပိတ်ကုန်တာ မျက်မြင်ပဲ ဖြစ်ပါတယ်။ ဂျော်ဂျီယာ နိုင်ငံနဲ့ နယ်စပ်ဖက်မှာဆိုရင် ရုရှားကနေ ထွက်ခွာဖို့ စောင့်ဆိုင်းနေတဲ့ ကားတန်းကြီးက မိုင်တော်တော်များများတောင် ရှည်လျားနေပါတယ်။

Public Service Announcement

Public Service Announcement

ဂျော်ဂျီယာနဲ့ ရုရှားနယ်စပ်ကို ခြေလျင် ဖြတ်ကျော်ခွင့် မပြုတဲ့အတွက် တချို့ကလည်း စက်ဘီးတွေ စီးပြီး ကြားဖြတ်ကြတာ တွေ့ရပါတယ်။ လူမှုကွန်ရက် မီဒီယာတွေမှာလည်း ရုရှားရဲ့ စစ်မှုထမ်း ဆင့်ခေါ်မိန့်နဲ့ ပတ်သက်လို့ စိုးရိမ်တကြီး ဆွေးနွေးမှုတွေကို တွေ့နေရပါတယ်။

တက္ကသိုလ် ကျောင်းသား တစ်ယောက်က သူဟာ ကျောင်းပဲ ဆက်တက်ချင်ပြီး စစ်မြေပြင်ကို မသွားချင်တာကြောင့် ခြေလက် တစ်ခုခုကို ကျိုးသွားအောင်တောင် လုပ်ဖို့ စဉ်းစားနေကြောင်း ဝန်ခံခဲ့ပါတယ်။ ရုရှားနယ်စပ်ဂိတ်တွေမှာ ကားတွေ ပိတ်နေသလို အစ္စတန်ဘူလ်၊ ဘဲလ်ဂရတ်နဲ့ ဒူဘိုင်းတို့လို မြို့ကြီးတွေကို ဆိုက်ရောက်လာတဲ့ ရုရှား ခရီးသည် ဦးရေကလည်း နေ့ချင်းညချင်း တဟုန်ထိုး မြင့်တက်လာပါတယ်။

ဒီအတောအတွင်း ဂျာမနီ ပြည်ထဲရေးဝန်ကြီး နန်စီဖေဆာကလည်း စစ်မှု မထမ်းချင်လို့ ထွက်ပြေးလာတဲ့ ရုရှားတွေကို သူ့နိုင်ငံက လိုလိုလားလား လက်ခံသွားမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ တစ်ဖက်မှာတော့ လစ်သူယေးနီးယား၊ လတ်ဗီးယား၊ အက်စ်တိုးနီးယားနဲ့ ချက်တို့လို နိုင်ငံတွေကတော့ စစ်မတိုက်ချင်လို့ ရှောင်လာတဲ့ ရုရှားတွေကို မကြိုဆိုကြောင်း အတိအလင်း ပြောကြားထားပါတယ်။

ပူတင်ရဲ့ အရန်စစ်တပ်တွေ ဆင့်ခေါ်တဲ့ အမိန့်အပေါ် ပြည်တွင်းက မြို့ကြီးတွေမှာလည်း ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြပြည်သူ ၁၄၀၀ ကျော်လောက်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။