Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ အဂတိ အထူပြောဆုံး နိုင်ငံအဖြစ် မြောက်ကိုရီးယားက ၃ နှစ်ဆက်တိုက် ရပ်တည်

Trace Internationalရဲ့ ဥက္ကဋ္ဌဖြစ်သူ အလက်ဇန္ဒား ဝရာဂီက မနှစ်ကထက်စာရင် မြောက်ကိုရီးယားမှာ အခြေအနေတချို့ တိုးတက်လာတယ် ဆိုပေမယ့် အတိုင်းအတာ ပမာဏကတော့ အရမ်း သေးငယ်နေဆဲပဲလို့ မှတ်ချက် ပေးခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အဂတိ အထူပြောဆုံး နိုင်ငံအဖြစ် မြောက်ကိုရီးယားက ၃ နှစ်ဆက်တိုက် ရပ်တည်
ကမ္ဘာပေါ်မှာ အဂတိ အထူပြောဆုံး နိုင်ငံအဖြစ် မြောက်ကိုရီးယားက ၃ နှစ်ဆက်တိုက် ရပ်တည်

ကမ္ဘာပေါ်မှာ အဂတိ အထူပြောဆုံး နိုင်ငံအဖြစ် မြောက်ကိုရီးယားက ၃ နှစ်ဆက်တိုက် ရပ်တည်ခဲ့ကြောင်း သိရပါတယ်။

Trace Internationalက ကမ္ဘာ့နိုင်ငံပေါင်း ၁၉၄ ခုရဲ့ အဂတိ လိုက်စားမှု အခြေအနေတွေကို စာရင်းပြုစု ထုတ်ပြန်ခဲ့ရာမှာ မြောက်ကိုရီးယားက အခုနှစ်လည်း နောက်ဆုံးနေရာကို ရောက်နေခဲ့ပါတယ်။ Trace Internationalက ဒီစာရင်းကို အဓိက ညွှန်ကိန်း ၄ ခုအပေါ် အခြေတည်ပြီး ပြုစု ထုတ်ပြန်ရာမှာ မြောက်ကိုရီးယားက လူမှု အဖွဲ့အစည်းတွေအပေါ် မတရား ချုပ်နှောင် ဖမ်းဆီးမှု၊ စီးပွားရေး လုပ်ငန်းတွေကနေ အစိုးရဆီ လာဘ်ပေးမှုဆိုတဲ့ ညွှန်ကိန်းတွေမှာ အဆိုးဆုံး ဖြစ်နေတာ တွေ့ရပါတယ်။

ဒါပေမဲ့ အရင်နှစ်တွေကထက်စာရင် မြောက်ကိုရီးယားဟာ အဂတိ တိုက်ဖျက်ရေး အားထုတ်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ပွင့်လင်းမြင်သာရှိမှု ညွှန်ကိန်းတွေမှာ နည်းနည်း တိုးတက်လာတယ်လို့ Trace Internationalက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Trace Internationalရဲ့ ဥက္ကဋ္ဌဖြစ်သူ အလက်ဇန္ဒား ဝရာဂီက မနှစ်ကထက်စာရင် မြောက်ကိုရီးယားမှာ အခြေအနေတချို့ တိုးတက်လာတယ် ဆိုပေမယ့် အတိုင်းအတာ ပမာဏကတော့ အရမ်း သေးငယ်နေဆဲပဲလို့ မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူဟာ အဂတိ လိုက်စားတဲ့ အစိုးရ အရာရှိတွေကို သနားညှာတာမှု မရှိဘဲ အပြင်းအထန် အရေးယူ ဒဏ်ခတ်သွားမယ်လို့ ပြောကြားထားပြီး အဂတိ တိုက်ဖျက်ရေး လှုပ်ရှားမှုတချို့ အကောင်အထည် ဖော်ခဲ့ပေမယ့် နိုင်ငံရဲ့ အနေအထားကတော့ ထူးခြားမလာသေးပါဘူး။

Trace Internationalရဲ့ စာရင်းတွေအရ အဂတိ လိုက်စားမှု အကင်းစင်ဆုံး နိုင်ငံတွေအဖြစ် နော်ဝေး၊ နယူးဇီလန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ ဗြိတိန်၊ ဩစတြေးလျ၊ ဖင်လန်၊ ဂျပန်နဲ့ ကနေဒါတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ နိုင်ငံကြီးတွေထဲမှာတော့ အမေရိကန်က အဆင့် ၁၆၊ ဂျာမနီက အဆင့် ၁၁၊ ပြင်သစ်က အဆင့် ၃၀၊ တရုတ်က အဆင့် ၁၃၈နဲ့ ရုရှားက အဆင့် ၁၄၂ အသီးသီး ရှိနေကြပါတယ်။ မြန်မာရဲ့ အဆင့်ကတော့ ၁၅၉ နေရာကို ရောက်နေပြီး အရှေ့တောင် အာရှမှာ မြန်မာထက် အခြေအနေ ဆိုးတဲ့ နိုင်ငံတွေအဖြစ် လာအိုနဲ့ ကမ္ဘောဒီးယားတို့ ရှိနေသေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားဖက်က ကူညီတိုက်ခိုက်ရင်း သေဆုံးခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းက စိတ်မကောင်းစွာနဲ့ လက်ခံယူနေပုံ မှတ်တမ်း ဓာတ်ပုံတွေကို မြောက်ကိုရီးယားက ထုတ်ပြန် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ အပန်းဖြေ ကမ်းခြေ အသစ်ကို မြောက်ကိုရီးယားက ဖွင့်လှစ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ရွှေလိပ်ခုံး (Golden Dome) လေကြောင်းကာကွယ်ရေး စနစ်ဟာ အရမ်း အန္တရာယ်ကြီးပြီး အာကာသ အခြေပြုတဲ့ နျူကလီးယား စစ်ပွဲတွေ လက်တွေ့ ဖြစ်နိုင်ခြေနဲ့ ပိုနီးကပ်သွားစေနိုင်ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

စစ်သင်္ဘောအသစ် ရေချတဲ့အချိန် အမှားအယွင်း ကြုံသွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဟာ စစ်ဘက် အရာရှိတွေကို ဆက်တိုက် ဖမ်းဆီးနေပါတယ်။