Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက် မစမ်းအောင် တားဆီးဖို့ ရှီကို တိုက်တွန်းခဲ့ကြောင်း ဘိုင်ဒန်ပြော

နိုဝင်ဘာ ၁၄ ရက်မှာ အမေရိကန်နဲ့ တရုတ် သမ္မတတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပတဲ့ G20 ညီလာခံအကြိုအဖြစ် လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဘိုင်ဒန် အနေနဲ့ သမ္မတသက်တမ်း ၂ နှစ်နီးပါး ကာလအတွင်း ရှီနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

မြောက်ကိုရီးယား နျူကလီးယား လက်နက် မစမ်းအောင် တားဆီးဖို့ ရှီကို တိုက်တွန်းခဲ့ကြောင်း ဘိုင်ဒန်ပြော
မြောက်ကိုရီးယား နျူကလီးယား လက်နက် မစမ်းအောင် တားဆီးဖို့ ရှီကို တိုက်တွန်းခဲ့ကြောင်း ဘိုင်ဒန်ပြော

မြောက်ကိုရီးယား အနေနဲ့ နောက်တစ်ကြိမ် နျူကလီးယားလက်နက် စမ်းသပ်မှုတွေ မလုပ်အောင် တားဆီးဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို တိုက်တွန်းခဲ့ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်မှာ အမေရိကန်နဲ့ တရုတ် သမ္မတတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပတဲ့ G20 ညီလာခံအကြိုအဖြစ် လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဘိုင်ဒန် အနေနဲ့ သမ္မတသက်တမ်း ၂ နှစ်နီးပါး ကာလအတွင်း ရှီနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

လတ်တလော တင်းမာမှုတွေ အမြင့်ဆုံး ဖြစ်နေတဲ့ ကမ္ဘာ့ အင်အားကြီး နှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ၃ နာရီလောက်ကြာအောင် ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံကြား အဓိက နှီးနှော ဖလှယ်ခဲ့တဲ့ အကြောင်းအရာကတော့ လက်ရှိ ပြိုင်ဆိုင်မှုတွေကနေ ပဋိပက္ခတွေအသွင် ကူးပြောင်း မသွားအောင် ထိန်းသိမ်းဖို့နဲ့ ယိုယွင်းနေတဲ့ ဆက်ဆံရေးကို ပြန်လည် ပြင်ဆင် ဖာထေးနိုင်အောင် ညှိနှိုင်း ဆောင်ရွက်ဖို့တွေ ဖြစ်တယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားအပေါ် ဩဇာ သက်ရောက် လွှမ်းမိုးမှု ရှိတဲ့ တရုတ် အစိုးရ အနေနဲ့ မြောက်ကိုရီးယားရဲ့ သတ္တမ အကြိမ်မြောက် နျူကလီးယားလက်နက် စမ်းသပ်မှု ဖြစ်မြောက်မလာအောင် တားဆီးပေးဖို့လည်း ရှီ့ကို တိုက်တွန်းခဲ့ကြောင်း ဘိုင်ဒန်က ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ မြောက်ကိုရီးယားအပေါ် အခုလို တားဆီးနိုင်စွမ်းမျိုး တရုတ်မှာ အမှန်တကယ် ရှိမရှိ ဆိုတာကတော့ ခန့်မှန်းရ ခက်လိမ့်မယ် ဘိုင်ဒန်ကဆိုတယ်။ ဘာပဲဖြစ်ဖြစ် ပြဿနာတွေ ဆိုးသထက်ဆိုးအောင် မြောက်ကိုရီးယားက လုပ်ဆောင်တာမျိုးကို တရုတ်အနေနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်နေမယ်လို့တော့ မထင်ကြောင်းလည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေက မြောက်ကိုရီးယားဟာ နှစ်မကုန်ခင် နျူကလီးယားလက်နက် စမ်းသပ်မှုတစ်ကြိမ် ထပ်မံ လုပ်ဆောင်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

အခုလ အစောပိုင်းမှာတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က မြောက်ကိုရီးယား အနေနဲ့ အမေရိကန်၊ ဒါမှမဟုတ် မဟာမိတ်တွေကို နျူကလီးယားနဲ့ တိုက်ခိုက်ဖို့ ကြံရွယ်မိတာနဲ့ ကင်မ်ဂျုံအန်းရဲ့ ကြီးစိုးမှု အဆုံးသတ်သွားစေရမယ်လို့ အတိအလင်း သတိပေး ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။