Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက် မစမ်းအောင် တားဆီးဖို့ ရှီကို တိုက်တွန်းခဲ့ကြောင်း ဘိုင်ဒန်ပြော

နိုဝင်ဘာ ၁၄ ရက်မှာ အမေရိကန်နဲ့ တရုတ် သမ္မတတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပတဲ့ G20 ညီလာခံအကြိုအဖြစ် လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဘိုင်ဒန် အနေနဲ့ သမ္မတသက်တမ်း ၂ နှစ်နီးပါး ကာလအတွင်း ရှီနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

မြောက်ကိုရီးယား နျူကလီးယား လက်နက် မစမ်းအောင် တားဆီးဖို့ ရှီကို တိုက်တွန်းခဲ့ကြောင်း ဘိုင်ဒန်ပြော
မြောက်ကိုရီးယား နျူကလီးယား လက်နက် မစမ်းအောင် တားဆီးဖို့ ရှီကို တိုက်တွန်းခဲ့ကြောင်း ဘိုင်ဒန်ပြော

မြောက်ကိုရီးယား အနေနဲ့ နောက်တစ်ကြိမ် နျူကလီးယားလက်နက် စမ်းသပ်မှုတွေ မလုပ်အောင် တားဆီးဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို တိုက်တွန်းခဲ့ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်မှာ အမေရိကန်နဲ့ တရုတ် သမ္မတတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပတဲ့ G20 ညီလာခံအကြိုအဖြစ် လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဘိုင်ဒန် အနေနဲ့ သမ္မတသက်တမ်း ၂ နှစ်နီးပါး ကာလအတွင်း ရှီနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

လတ်တလော တင်းမာမှုတွေ အမြင့်ဆုံး ဖြစ်နေတဲ့ ကမ္ဘာ့ အင်အားကြီး နှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ၃ နာရီလောက်ကြာအောင် ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံကြား အဓိက နှီးနှော ဖလှယ်ခဲ့တဲ့ အကြောင်းအရာကတော့ လက်ရှိ ပြိုင်ဆိုင်မှုတွေကနေ ပဋိပက္ခတွေအသွင် ကူးပြောင်း မသွားအောင် ထိန်းသိမ်းဖို့နဲ့ ယိုယွင်းနေတဲ့ ဆက်ဆံရေးကို ပြန်လည် ပြင်ဆင် ဖာထေးနိုင်အောင် ညှိနှိုင်း ဆောင်ရွက်ဖို့တွေ ဖြစ်တယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားအပေါ် ဩဇာ သက်ရောက် လွှမ်းမိုးမှု ရှိတဲ့ တရုတ် အစိုးရ အနေနဲ့ မြောက်ကိုရီးယားရဲ့ သတ္တမ အကြိမ်မြောက် နျူကလီးယားလက်နက် စမ်းသပ်မှု ဖြစ်မြောက်မလာအောင် တားဆီးပေးဖို့လည်း ရှီ့ကို တိုက်တွန်းခဲ့ကြောင်း ဘိုင်ဒန်က ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ မြောက်ကိုရီးယားအပေါ် အခုလို တားဆီးနိုင်စွမ်းမျိုး တရုတ်မှာ အမှန်တကယ် ရှိမရှိ ဆိုတာကတော့ ခန့်မှန်းရ ခက်လိမ့်မယ် ဘိုင်ဒန်ကဆိုတယ်။ ဘာပဲဖြစ်ဖြစ် ပြဿနာတွေ ဆိုးသထက်ဆိုးအောင် မြောက်ကိုရီးယားက လုပ်ဆောင်တာမျိုးကို တရုတ်အနေနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်နေမယ်လို့တော့ မထင်ကြောင်းလည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေက မြောက်ကိုရီးယားဟာ နှစ်မကုန်ခင် နျူကလီးယားလက်နက် စမ်းသပ်မှုတစ်ကြိမ် ထပ်မံ လုပ်ဆောင်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

အခုလ အစောပိုင်းမှာတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က မြောက်ကိုရီးယား အနေနဲ့ အမေရိကန်၊ ဒါမှမဟုတ် မဟာမိတ်တွေကို နျူကလီးယားနဲ့ တိုက်ခိုက်ဖို့ ကြံရွယ်မိတာနဲ့ ကင်မ်ဂျုံအန်းရဲ့ ကြီးစိုးမှု အဆုံးသတ်သွားစေရမယ်လို့ အတိအလင်း သတိပေး ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။