Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ မီးတောင် ပေါက်ကွဲမှုကြောင့် ဒေသခံ ၂၀၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဆီမီရူ မီးတောင်ကြီး ပေါက်ကွဲပြီး မီးခိုးလုံးတွေနဲ့ မီးခိုးပြာတွေကို မှုတ်ထုတ်ခဲ့ပါတယ်။ ပူပြင်းတဲ့ ချော်ရည်တွေကလည်း မီးတောင်ရဲ့ တောင်စောင်း ဧရိယာတွေတလျှောက် အရှိန်ပြင်းပြင်း စီးကျလာခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ မီးတောင် ပေါက်ကွဲမှုကြောင့် ဒေသခံ ၂၀၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရ
အင်ဒိုနီးရှားမှာ မီးတောင် ပေါက်ကွဲမှုကြောင့် ဒေသခံ ၂၀၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရ

အင်ဒိုနီးရှား နိုင်ငံမှာ အမြင့်ဆုံး မီးတောင်ရှင်ဖြစ်တဲ့ ဆီမီရူ ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင် ကျေးရွာတွေမှာ နေထိုင်သူ ၂၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဆီမီရူ မီးတောင်ကြီး ပေါက်ကွဲပြီး မီးခိုးလုံးတွေနဲ့ မီးခိုးပြာတွေကို မှုတ်ထုတ်ခဲ့ပါတယ်။ ပူပြင်းတဲ့ ချော်ရည်တွေကလည်း မီးတောင်ရဲ့ တောင်စောင်း ဧရိယာတွေတလျှောက် အရှိန်ပြင်းပြင်း စီးကျလာခဲ့ပါတယ်။

ပေပေါင်း တစ်သောင်းနှစ်ထောင်ကျော်မြင့်တဲ့ ဆီမီရူဟာ အင်ဒိုနီးရှားမှာ အမြင့်ဆုံး မီးတောင်ဖြစ်သလို အလှုပ်ရှား၊ အနိုးကြားဆုံး မီးတောင်ကြီးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တိတိလောက်ကလည်း ဆီမီရူ ပေါက်ကွဲမှုကြောင့် အင်ဒိုနီးရှားမှာ လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။

ကျွန်းစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ ပင်မကျွန်းကြီး ဂျာဗားပေါ်မှာ တည်ရှိတဲ့ မီးတောင် ပေါက်ကွဲမှုကြောင့် အနီးအနား ရွာငယ် ၆ ခုမှာ နေထိုင်တဲ့ ဒေသခံတွေကို အာဏာပိုင်တွေက အရေးပေါ် ရွှေ့ပြောင်းပေးထားပါတယ်။ ပြီးတော့ မီးတောင် ပတ်ပတ်လည် ၈ မိုင် အကွာအဝေးကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားပြီး မီးတောင် ပေါက်ကွဲမှု သတိပေး ကြေညာချက်ကို အမြင့်ဆုံးအဆင့် သတ်မှတ် ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

မီးတောင်ကနေ အရှိန်နဲ့ စီးဆင်းလာတဲ့ ချော်ရည်တွေဟာ တောင်ခြေတဝိုက်က ကျေးရွာတွေထိ ရောက်ရှိလာပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ အင်ဒိုနီးရှား အရေးပေါ် အခြေအနေဆိုင်ရာ စီမံကွပ်ကဲမှုဌာန BNPBက သတိပေးထားပါတယ်။ လက်ရှိ အချိန်ထိတော့ မီးတောင် ပေါက်ကွဲမှုအတွင်း သေကြေ ဒဏ်ရာရမှု သတင်းတွေ မကြားရပါဘူး။

ဂျပန် ငလျင်တိုင်းတာရေး အေဂျင်စီက ဆီမီရူ မီးတောင်ရဲ့ အတွင်းပိုင်း ပေါက်ကွဲမှုတွေနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ပေါ်လာနိုင်ခြေ ရှိတယ်လို့ မှတ်ချက် ပေးခဲ့ပေမယ့် BNPBကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ မပြောသေးပါဘူး။

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသဆိုတဲ့ ရေအောက် မီးတောင်ရပ်ဝန်းနဲ့ ဆက်စပ်ပြီး တည်ရှိနေတာကြောင့် မီးတောင် ပေါက်ကွဲမှုတွေ၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ မကြာခဏ ဆိုသလို ကြုံရတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး မကြာသေးခင်ကတင် ဂျာဗားကျွန်းမှာ ငလျင်လှုပ်လို့ လူပေါင်း ၃၀၀ ကျော် သေကြေပျက်စီးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။