Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၃၀၀ ကျော်လွန်လာ

နိုဝင်ဘာ ၂၅ ရက်က ကယ်ဆယ်ရေး အဖွဲ့တွေဟာ ကွန်ကရစ်အလွှာ ၃ ခုအောက်မှာ ပိမိနေတဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေး တစ်ဦးကို အစွမ်းကုန် ကယ်ထုတ်ခဲ့ကြပေမယ့် ရုပ်အလောင်းသာ ပြန်ရခဲ့တာကြောင့် ရင်ကွဲခဲ့ကြရပါတယ်။ နောက်တစ်နေ့မှာတော့ အသေအပျောက် ကိန်းဂဏန်းက ၃၁၀ ထိ မြင့်တက်လာခဲ့ပါတယ်။

အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၃၀၀ ကျော်လွန်လာ
အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၃၀၀ ကျော်လွန်လာ

အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ဦးရေဟာ ၃၀၀ ကျော်လွန်သွားပြီလို့ ကယ်ဆယ်ရေး အဖွဲ့တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။

အခု သီတင်းပတ် အစောပိုင်းက အနောက်ဂျာဗား ဒေသမှာရှိတဲ့ ဆီယန်ဂျာမြို့မှာ ရစ်ချ်တာစကေး ၅.၆ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အိမ်ခြေ သောင်းနဲ့ချီ ပြိုကျ ပျက်စီးခဲ့သလို လူတွေလည်း အသေအပျောက် များပြားခဲ့ပါတယ်။ အစောပိုင်းမှာ အင်ဒိုနီးရှား အစိုးရက ငလျင်ကြောင့် လူ ၆၀ ကျော် သေဆုံးကြောင်း ထုတ်ပြန်ခဲ့ပေမယ့် အပျက်အစီးပုံတွေအောက်က အလောင်းတွေကို နေ့စဉ်ရက်ဆက် တွေ့ရှိလာရတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်က ကယ်ဆယ်ရေး အဖွဲ့တွေဟာ ကွန်ကရစ်အလွှာ ၃ ခုအောက်မှာ ပိမိနေတဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေး တစ်ဦးကို အစွမ်းကုန် ကယ်ထုတ်ခဲ့ကြပေမယ့် ရုပ်အလောင်းသာ ပြန်ရခဲ့တာကြောင့် ရင်ကွဲခဲ့ကြရပါတယ်။ နောက်တစ်နေ့မှာတော့ အသေအပျောက် ကိန်းဂဏန်းက ၃၁၀ ထိ မြင့်တက်လာခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ် အများအပြား ပါဝင်ခဲ့ပြီး ကျောင်းတစ်ခု ပြိုကျတဲ့ နေရာမှာတင် ကလေး ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက နောက်ထပ် ပျောက်ဆုံးနေသူ ၂ ဒါဇင်ကျော်လောက်ကို ဖြန့်ကျက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ငလျင်ကြောင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုတွေ ကြုံတွေ့နေရပြီး လုပ်ငန်း ဆောင်ရွက်ရာမှာ အခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်း ဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိတဲ့ ကျွန်းစုနိုင်ငံတစ်ခု ဖြစ်တာကြောင့် ငလျင် လှုပ်ခတ်မှုတွေနဲ့ မကြာခဏ ကြုံရလေ့ ရှိပါတယ်။ ဒါပေမဲ့ အခုငလျင်ကတော့ လူနေထူထပ် သိပ်သည်းတဲ့ ဧရိယာကို ဗဟိုပြုခဲ့တာကြောင့် အသေအပျောက် များပြားနေရတာပါ။ နောက်ပြီး တောင်ကုန်း တောင်စောင်းတွေ ထူထပ် များပြားတာကြောင့် နောက်ဆက်တွဲ မြေပြိုမှုတွေ ဖြစ်မှာကိုပါ စိုးရိမ်နေရဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အငြင်းပွား ဝေဖန်မှုတွေ ရှိနေတဲ့တိုင် အင်ဒိုနီးရှား အစိုးရဟာ နိုင်ငံခေါင်းဆောင်ဟောင်း ဆူဟာတိုကို အမျိုးသား သူရဲကောင်း တစ်ဦးအဖြစ် စာရင်းသွင်း သတ်မှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန်နစ္စတန် မြောက်ပိုင်းမှာ လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် အများအပြား သေဆုံးမှာကို စိုးရိမ်ရတဲ့ အခြေအနေ ရှိနေကြောင်း အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

သတင်း

စာသင်ကျောင်းတွေမှာ အခမဲ့ကျွေးမွေးတဲ့ အစားအသောက်တွေကနေ အဆိပ်သင့်လို့ အင်ဒိုနီးရှားမှာ ကလေး ၇၀၀ နီးပါးလောက် နာမကျန်း ဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၇ လပြည့်ခဲ့ပါပြီ။ အချိန်ကာလအားဖြင့် နှစ်ဝက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ မန္တလေးမြို့မှာတော့ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ လုပ်ကိုင်နေရဆဲပါ။ လိုအပ်ချက်တွေလည်း အများကြီး ရှိနေဆဲပါ။