Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာသိမ်းမယ့် အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့တဲ့နောက် လက်နက် ဥပဒေတွေ တင်းကျပ်ဖို့ ဂျာမနီ စီစဉ်

ဂျာမနီလို ဥရောပရဲ့ အင်အား အကြီးဆုံး နိုင်ငံတစ်ခုမှာ အာဏာသိမ်းဖို့ အကြံအစည်မျိုး ရှိနေတယ် ဆိုတာက အစိုးရအတွက် သတိပေး တပ်လှန့်မှုတစ်ခု ဖြစ်လာသလို နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း သိရပါတယ်။

အာဏာသိမ်းမယ့် အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့တဲ့နောက် လက်နက် ဥပဒေတွေ တင်းကျပ်ဖို့ ဂျာမနီ စီစဉ်
အာဏာသိမ်းမယ့် အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့တဲ့နောက် လက်နက် ဥပဒေတွေ တင်းကျပ်ဖို့ ဂျာမနီ စီစဉ်

အာဏာသိမ်းဖို့ ကြံစည်နေတဲ့ လက်ယာစွန်း လှုပ်ရှားမှု တစ်ခုကို ဖော်ထုတ်နိုင်ခဲ့တဲ့နောက် ပြည်တွင်းမှာ လက်နက် ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေတွေကို ပိုမို ကြပ်မတ်သွားမယ်လို့ ဂျာမန် ပြည်ထဲရေးဝန်ကြီး နန်စီ ဖေဆာက ပြောကြားသွားပါတယ်။

အခုလောလောဆယ် အဖမ်းခံထားရသူတွေဟာ ရူးကြောင်ကြောင် ဆိုပေမယ့် အန္တရာယ် မရှိတဲ့ လူတန်းစားတွေ မဟုတ်ဘဲ လက်နက်ကိုင် အကြမ်းဖက်မှု သံသယ တရားခံတွေ ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂျာမန် ရဲတပ်ဖွဲ့တွေဟာ ပြည်နယ် ၁၁ ခုမှာ ဖြန့်ကျက်ပြီး လူပေါင်း ၂၅ ဦးကို ဖမ်းဆီးခဲ့သလို နောက်ထပ် အလားတူ အရေအတွက်လောက်ကိုလည်း စစ်ဆေး မေးမြန်းနေပါတယ်။

အဖမ်းခံထားရသူတွေဟာ ဂျာမန် လွှတ်တော်ကို စီးနင်း အာဏာသိမ်းပြီး ခေတ်ဟောင်းမှာ ဘုရင်အုပ်ချုပ်တဲ့ အင်ပါယာ စနစ်ကို ပြန်အသက်သွင်းဖို့ ရည်ရွယ်ထားသူတွေလို့ ရဲတွေက ပြောပါတယ်။ အဲဒီ လှုပ်ရှားမှုကို ဂျာမနီရဲ့ နောက်ဆုံးလက်ကျန် ပဒေသရာဇ် မင်းမျိုးမင်းနွယ် တစ်ဦးက ဦးဆောင်ခဲ့တာပါ။

လက်ယာစွန်း အမျိုးသားရေးဝါဒီ အင်အားစုတွေက လက်ရှိ ဂျာမနီ နိုင်ငံရဲ့ ဖြစ်တည်မှုကို အသိအမှတ် မပြုသလို အင်အားကြီး ဘုရင့်နိုင်ငံတော်ကသာ ဂျာမန် လူမျိုးတွေနဲ့ ထိုက်တန်တယ်လို့ တစ်ယူသန် သဘောထားမျိုး ဆုပ်ကိုင်ထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖေဆာကတော့ ဒီကိစ္စဟာ ပေါ့ပေါ့ဆဆ သဘောထားလို့ မရဘဲ အစိုးရ အနေနဲ့ လိုအပ်တဲ့ အစီအမံ အားလုံးကို ပြန်လည် သုံးသပ် အကောင်အထည် ဖော်ရလိမ့်မယ်လို့ ပြောပါတယ်။ ပြီးတော့ သိပ်မကြာခင် အတောအတွင်း ဂျာမနီ အစိုးရဟာ နိုင်ငံရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေတွေကို ပိုမို တင်းကျပ်သွားမယ်လို့လည်း သူက ဆိုတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ဝန်ကြီးက အတည်ပြုမသွားခဲ့ပါဘူး။

ဂျာမနီလို ဥရောပရဲ့ အင်အား အကြီးဆုံး နိုင်ငံတစ်ခုမှာ အာဏာသိမ်းဖို့ အကြံအစည်မျိုး ရှိနေတယ် ဆိုတာက အစိုးရအတွက် သတိပေး တပ်လှန့်မှုတစ်ခု ဖြစ်လာသလို နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်