Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာသိမ်းမယ့် အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့တဲ့နောက် လက်နက် ဥပဒေတွေ တင်းကျပ်ဖို့ ဂျာမနီ စီစဉ်

ဂျာမနီလို ဥရောပရဲ့ အင်အား အကြီးဆုံး နိုင်ငံတစ်ခုမှာ အာဏာသိမ်းဖို့ အကြံအစည်မျိုး ရှိနေတယ် ဆိုတာက အစိုးရအတွက် သတိပေး တပ်လှန့်မှုတစ်ခု ဖြစ်လာသလို နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း သိရပါတယ်။

အာဏာသိမ်းမယ့် အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့တဲ့နောက် လက်နက် ဥပဒေတွေ တင်းကျပ်ဖို့ ဂျာမနီ စီစဉ်
အာဏာသိမ်းမယ့် အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့တဲ့နောက် လက်နက် ဥပဒေတွေ တင်းကျပ်ဖို့ ဂျာမနီ စီစဉ်

အာဏာသိမ်းဖို့ ကြံစည်နေတဲ့ လက်ယာစွန်း လှုပ်ရှားမှု တစ်ခုကို ဖော်ထုတ်နိုင်ခဲ့တဲ့နောက် ပြည်တွင်းမှာ လက်နက် ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေတွေကို ပိုမို ကြပ်မတ်သွားမယ်လို့ ဂျာမန် ပြည်ထဲရေးဝန်ကြီး နန်စီ ဖေဆာက ပြောကြားသွားပါတယ်။

အခုလောလောဆယ် အဖမ်းခံထားရသူတွေဟာ ရူးကြောင်ကြောင် ဆိုပေမယ့် အန္တရာယ် မရှိတဲ့ လူတန်းစားတွေ မဟုတ်ဘဲ လက်နက်ကိုင် အကြမ်းဖက်မှု သံသယ တရားခံတွေ ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂျာမန် ရဲတပ်ဖွဲ့တွေဟာ ပြည်နယ် ၁၁ ခုမှာ ဖြန့်ကျက်ပြီး လူပေါင်း ၂၅ ဦးကို ဖမ်းဆီးခဲ့သလို နောက်ထပ် အလားတူ အရေအတွက်လောက်ကိုလည်း စစ်ဆေး မေးမြန်းနေပါတယ်။

အဖမ်းခံထားရသူတွေဟာ ဂျာမန် လွှတ်တော်ကို စီးနင်း အာဏာသိမ်းပြီး ခေတ်ဟောင်းမှာ ဘုရင်အုပ်ချုပ်တဲ့ အင်ပါယာ စနစ်ကို ပြန်အသက်သွင်းဖို့ ရည်ရွယ်ထားသူတွေလို့ ရဲတွေက ပြောပါတယ်။ အဲဒီ လှုပ်ရှားမှုကို ဂျာမနီရဲ့ နောက်ဆုံးလက်ကျန် ပဒေသရာဇ် မင်းမျိုးမင်းနွယ် တစ်ဦးက ဦးဆောင်ခဲ့တာပါ။

လက်ယာစွန်း အမျိုးသားရေးဝါဒီ အင်အားစုတွေက လက်ရှိ ဂျာမနီ နိုင်ငံရဲ့ ဖြစ်တည်မှုကို အသိအမှတ် မပြုသလို အင်အားကြီး ဘုရင့်နိုင်ငံတော်ကသာ ဂျာမန် လူမျိုးတွေနဲ့ ထိုက်တန်တယ်လို့ တစ်ယူသန် သဘောထားမျိုး ဆုပ်ကိုင်ထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖေဆာကတော့ ဒီကိစ္စဟာ ပေါ့ပေါ့ဆဆ သဘောထားလို့ မရဘဲ အစိုးရ အနေနဲ့ လိုအပ်တဲ့ အစီအမံ အားလုံးကို ပြန်လည် သုံးသပ် အကောင်အထည် ဖော်ရလိမ့်မယ်လို့ ပြောပါတယ်။ ပြီးတော့ သိပ်မကြာခင် အတောအတွင်း ဂျာမနီ အစိုးရဟာ နိုင်ငံရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေတွေကို ပိုမို တင်းကျပ်သွားမယ်လို့လည်း သူက ဆိုတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ဝန်ကြီးက အတည်ပြုမသွားခဲ့ပါဘူး။

ဂျာမနီလို ဥရောပရဲ့ အင်အား အကြီးဆုံး နိုင်ငံတစ်ခုမှာ အာဏာသိမ်းဖို့ အကြံအစည်မျိုး ရှိနေတယ် ဆိုတာက အစိုးရအတွက် သတိပေး တပ်လှန့်မှုတစ်ခု ဖြစ်လာသလို နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပင်လယ်ပြင် အထက်မှာ ပျံသန်းနေတဲ့ လေယာဉ်တစ်စီးကို တရုတ်စစ်သင်္ဘောက လေဆာရောင်ခြည်မီးနဲ့ ထိုးပြီး အနှောင့်အယှက် ပေးခဲ့ကြောင်း ဂျာမနီ အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အကြံအစည်မှာ ပါဝင်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုက တရားခွင်မှာ ငြင်းဆန်သွားခဲ့ပါတယ်။

သတင်း

ငလျင်ဘေးအတွက် နိုင်ငံတကာမှ ပေးပို့သော လူသားချင်းစာနာမှူ အကူအညီများကို စစ်ကောင်စီက နိုင်ငံရေး စစ်ရေးလက်နက်အတွက် အသုံးပြုခြင်းမှကာကွယ်နိုင်ရန် "လူသားချင်းစာနာမှု အကူအညီများအား လက်နက်အနေဖြင့် အသုံးချမှု ရပ်” (STOP WoA) လှုပ်ရှားမှုကို ပြုလုပ်မည်ဟု ပြည်တွင်း၊ပြည်ပ တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်း ၅၅ခု ယနေ့ ထုတ်ပြန်ကြေညာသည်။