Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာဏာသိမ်းဖို့ ကြံနေတဲ့ လူနှစ်ဒါဇင်ကျော်ကို ဂျာမနီ ရဲတပ်ဖွဲ့ ဖမ်းဆီး

လုံခြုံရေး တပ်ဖွဲ့ဝင် ၃၀၀၀ လောက် ပါဝင်တဲ့ စစ်ဆင်ရေးအတွင်း ဂျာမနီနိုင်ငံ အနှံ့မှာ စီးနင်းရှာဖွေမှုပေါင်း ၁၃၀ လောက် ပြုလုပ်ခဲ့သလို ဩစတြီးယားနဲ့ အီတလီ နိုင်ငံတွေမှာလည်း အခုကွင်းဆက်နဲ့ ပတ်သက်သူ ၂ ဦးကို ဖမ်းမိထားကြောင်း သိရပါတယ်။

အာဏာသိမ်းဖို့ ကြံနေတဲ့ လူနှစ်ဒါဇင်ကျော်ကို ဂျာမနီ ရဲတပ်ဖွဲ့ ဖမ်းဆီး
အာဏာသိမ်းဖို့ ကြံနေတဲ့ လူနှစ်ဒါဇင်ကျော်ကို ဂျာမနီ ရဲတပ်ဖွဲ့ ဖမ်းဆီး

အာဏာသိမ်းဖို့ ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူပေါင်း နှစ်ဒါဇင်ကျော်ကို ဂျာမနီ ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဂျာမနီ နိုင်ငံအနှံ့မှာ ဖြန့်ကျက်ပြီး ရှာဖွေ ဖမ်းဆီးခံရသူ ၂၅ ဦးဟာ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေနဲ့ စစ်မှုထမ်းဟောင်းတွေ ဖြစ်တယ်လို့ ဂျာမန် သတင်းဌာနတွေက ဖော်ပြပါတယ်။ အဲဒီ အဖွဲ့ဟာ ဂျာမန် လွှတ်တော် ရိုင်းချ်စတက်ဂ်ကို ဝင်ရောက်စီးနင်းပြီး အစိုးရကို ဖြုတ်ချ အာဏာသိမ်းဖို့ ကြံစည်ထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သိပ်မထင်ရှားတဲ့ မင်းမျိုးမင်းနွယ် တစ်ဦးဖြစ်ပြီး မင်းသား ဟိန်းရစ်ချ် ၁၃ လို့ နာမည်ရတဲ့ အသက် ၇၁ နှစ်အရွယ် အမျိုးသား တစ်ဦးဟာ အခု အကြံအစည်ရဲ့ ဗဟိုချက်မှာ ပါဝင်နေတယ်လို့ ရဲတွေက ယူဆပါတယ်။

သူနဲ့ နောက်ထပ် ခေါင်းဆောင်တစ်ဦး အပါအဝင် အာဏာသိမ်းဖို့ ကြံစည်နေသူ ၂၅ ဦးကို ဂျာမနီ နိုင်ငံအနှံ့က ပြည်နယ် ၁၁ ခုမှာ ဖမ်းဆီး ရမိခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။ သူတို့ဟာ အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှု အင်အားစု တစ်ခုဖြစ်တဲ့ ရိုင်းချ်ပြည်သားများ အဖွဲ့ရဲ့ ဆက်စပ်မှု ရှိပေမယ့် သီးခြား အဖွဲ့အစည်း တစ်ခု အနေနဲ့ လှုပ်ရှားနေတာပါ။

အဖမ်းခံထားရသူတွေက မျက်မှောက်ခေတ် ဂျာမနီနိုင်ငံရဲ့ ရပ်တည်မှုကိုလည်း လက်မခံကြဘူးလို့ ဆိုပါတယ်။ ရဲတွေက နောက်ထပ် ကွင်းဆက်အဖြစ် ဆက်နွှယ်သူတွေကို ဖြန့်ကျက် ရှာဖွေနေပါတယ်။ အာဏာသိမ်းဖို့ ကြံထားတဲ့ အင်အားစုထဲမှာ အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၅၀ လောက် ပါဝင်တယ်လို့ ယူဆရပါတယ်။

သူတို့ဟာ အာဏာသိမ်းပြီးတဲ့နောက် ဂျာမနီကို သမ္မတ နိုင်ငံအဖြစ်ကနေ ဖျက်သိမ်းပြီး ၁၈၇၁ ခုနှစ်၊ ဒုတိယ ရိုင်းချ် အင်ပါယာ ပုံစံမျိုး ပြန်လည်ထူထောင်ဖို့ အာသီသ ပြင်းပြနေကြသူတွေလို့လည်း သိရပါတယ်။ အာဏာသိမ်းဖို့ ကြံစည်နေတဲ့ အဖွဲ့အစည်းဟာ နာမည်တောင် အတိအကျ ပေးမထားသေးဘူးလို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လုံခြုံရေး တပ်ဖွဲ့ဝင် ၃၀၀၀ လောက် ပါဝင်တဲ့ စစ်ဆင်ရေးအတွင်း ဂျာမနီနိုင်ငံ အနှံ့မှာ စီးနင်းရှာဖွေမှုပေါင်း ၁၃၀ လောက် ပြုလုပ်ခဲ့သလို ဩစတြီးယားနဲ့ အီတလီ နိုင်ငံတွေမှာလည်း အခုကွင်းဆက်နဲ့ ပတ်သက်သူ ၂ ဦးကို ဖမ်းမိထားကြောင်း သိရပါတယ်။

ဂျာမနီ တရားရေးဝန်ကြီး မာကို ဘုချ်မန်းကတော့ အကြမ်းဖက် တိုက်ဖျက်ရေးဆိုင်ရာ အကြီးစား စစ်ဆင်ရေး တစ်ခုကို ဆင်နွှဲခဲ့ပြီး သံသယ တရားခံတွေဟာ အခြေခံ ဥပဒေဆိုင်ရာ အဆောက်အအုံ တစ်ခုကို လက်နက်ကိုင် တိုက်ခိုက်ဖို့ ကြံစည်ထားကြောင်း Twitterမှာ ရေးသားခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ အကြမ်းဖက် အာဏာသိမ်းဖို့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ကတည်းက ကြံစည်ပြီး အခွင့်အရေး စောင့်နေခဲ့တာလို့ အစိုးရ ရှေ့နေတွေက ပြောကြားထားပါတယ်။