Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး သမိုင်းမှာ သဘောထား အတင်းမာဆုံး၊ လက်ယာစွန်း အဆန်ဆုံး အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆို

လတ်တလောမှာတော့ အစ္စရေးက ဂျူးမဟုတ်တဲ့ လူနည်းစု အသိုက်အဝန်းတွေ၊ လိင်စိတ် တိမ်းညွှတ်မှု ကွဲပြားတဲ့ LGBT အသိုက်အဝန်းတွေနဲ့ ပါလက်စတိုင်း အနွယ်တွေကြားမှာ အစိုးရသစ်ရဲ့ အနာဂတ် မူဝါဒတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေကြောင်းလည်း သိရပါတယ်။

အစ္စရေး သမိုင်းမှာ သဘောထား အတင်းမာဆုံး၊ လက်ယာစွန်း အဆန်ဆုံး အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆို
အစ္စရေး သမိုင်းမှာ သဘောထား အတင်းမာဆုံး၊ လက်ယာစွန်း အဆန်ဆုံး အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆို

အစ္စရေး နိုင်ငံသမိုင်းမှာ လက်ယာစွန်း အဆန်ဆုံး၊ သဘောထား အတင်းမာဆုံးနဲ့ ဘာသာရေး အတွေးအမြင်တွေကို အခြေအပြုဆုံး အစိုးရသစ် တစ်ရပ် စတင် တာဝန်ယူ အုပ်ချုပ်နေပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်မှာ လီကွတ်ပါတီ ဦးဆောင်တဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုဟာ ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းပြီး တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ လီကွတ် ပါတီဟာ အစွန်းရောက် အမျိုးသားရေး ဝါဒီတွေနဲ့ အစွန်းရောက် ဂျူးဘာသာရေး မဟာမိတ်တွေကို ဦးဆောင် စုစည်းပြီး အစိုးရသစ် ဖွဲ့စည်းခဲ့တာပါ။

အစ္စရေး နိုင်ငံသမိုင်းမှာ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဘင်ဂျမင် နေတန်ညာဟုက အစိုးရသစ်မှာ ဝန်ကြီးချုပ် အနေနဲ့ တကျော့ပြန် တာဝန်ယူလာခဲ့ပါတယ်။ လက်ယာစွန်း အဆန်ဆုံးနဲ့ သဘောထား အတင်းမာဆုံး အစိုးရတစ်ရပ် အစ္စရေးမှာ ပေါ်ထွန်းလာတဲ့နောက် ပါလက်စတိုင်းတွေနဲ့ ပဋိပက္ခတွေ ပိုမို ပြင်းထန်လာမှာ၊ တရားစီရင်ရေး စနစ်အပေါ် ထိခိုက်လာမှာ၊ လူနည်းစု အခွင့်အရေးတွေ မျက်ကွယ်ပြု ခံလာရမှာကို ပြည်တွင်းကရော၊ နိုင်ငံတကာမှာပါ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

နေတန်ညာဟုကတော့ သူ့ရဲ့ အစိုးရဟာ အစ္စရေး ပြည်သူတွေရဲ့ အခြေခံ အခွင့်ရေးတွေကို အပွန်းအပဲ့ မရှိအောင် အစွမ်းကုန် ကာကွယ်ပေးသွားမယ်လို့ ကျမ်းသစ္စာ မကျိန်ဆိုခင် လွှတ်တော်မှာ မိန့်ခွန်း ပြောကြားသွားခဲ့ပါတယ်။ သူ့ရဲ့ အစိုးရဟာ အစ္စရေးရဲ့ ယိုယွင်းနေတဲ့ စီမံ အုပ်ချုပ်မှု စနစ်နဲ့ ငြိမ်းချမ်းရေးတွေကို ပြန်လည် ပြင်ဆင်ပြီး ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ပေးမယ်လို့လည်း နေတန်ညာဟုက ကြွေးကြော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာတော့ အစ္စရေးက ဂျူးမဟုတ်တဲ့ လူနည်းစု အသိုက်အဝန်းတွေ၊ လိင်စိတ် တိမ်းညွှတ်မှု ကွဲပြားတဲ့ LGBT အသိုက်အဝန်းတွေနဲ့ ပါလက်စတိုင်း အနွယ်တွေကြားမှာ အစိုးရသစ်ရဲ့ အနာဂတ် မူဝါဒတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။