Connect with us

Hi, what are you looking for?

ဗီဒီယို

ရွေးကောက်ပွဲနိုင်ပြီး အစ္စရေးဝန်ကြီးချုပ် ပြန်ဖြစ်လာမယ့် နေတန်ညာဟု

ရွေးကောက်ပွဲ ကော်မရှင်က မဲရေတွက်မှုတွေ ပြီးဆုံးကြောင်း တရားဝင် ကြေညာပြီးတဲ့အခါ အစ္စရေး ဝန်ကြီးချုပ် အိုင်ဆက် ဟာဇော့က နေတန်ညာဟုကို ဖိတ်ခေါ်ပြီး ၄၂ ရက်အတွင်း အစိုးရသစ် ဖွဲ့စည်းဖို့ တာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နေတန်ညာဟုဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာကြောင့် နိုင်ငံခေါင်းဆောင်အဖြစ် တတိယအကြိမ် တာဝန်ယူခွင့် ရတော့မှာ ဖြစ်ပါတယ်။

နိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့တဲ့ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ၅ ကြိမ်မြောက် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ နေတန်ညာနဲ့ မဟာမိတ် လက်ယာယိမ်း ပါတီတွေက သိသိသာသာ ရလဒ်ကောင်းခဲ့ကြပါတယ်။ သူ့ရဲ့ လူကစ်ပါတီက လွှတ်တော်အမတ်နေရာ ၃၂ ခုအတွက် အနိုင်ရခဲ့ပြီး မဟာမိတ် အာလ်ထရာ အော်သိုဒေါ့စ် ပါတီတွေက ၁၈ နေရာ၊ လက်ယာစွန်း ပါတီတွေက ၁၄ နေရာ အသီးသီး အနိုင်ရခဲ့တာကြောင့် နေတန်ညာဟု ဦးဆောင်တဲ့ အစိုးရသစ် ဖွဲ့စည်းဖို့ ကောင်းကောင်းကြီး ဖူလုံတဲ့ လွှတ်တော်အမတ်နေရာ စုစုပေါင်း ၆၄ ခုထိ ရရှိသွားခဲ့ပါတယ်။

အရင်က အစ္စရေး ဝန်ကြီးချုပ်အဖြစ် စုစုပေါင်း ၁၅ နှစ်ကြာအောင် တာဝန်ယူခဲ့ဖူးတဲ့ နေတန်ညာဟုဟာ အစ္စရေး နိုင်ငံရဲ့ ၇၄ နှစ်တာ သမိုင်းကြောင်းမှာ သက်တမ်း အရှည်ဆုံး နိုင်ငံခေါင်းဆောင် အနေနဲ့လည်း မှတ်တမ်းဝင်ထားပါတယ်။

လက်ရှိ ယာယီဝန်ကြီးချုပ် ယဲလာပိဒ်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နေတန်ညာဟုဆီ ဖုန်းဆက်၊ ဂုဏ်ပြုစကား ပြောခဲ့ပြီး အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်တွေ အစပြုနေပြီလို့လည်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး နိုင်ငံရေးမှာ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ရပ်တည်နေဆဲဖြစ်တဲ့ နေတန်ညာဟု တကျော့ပြန် အာဏာရလာခြင်းက အနိမ့်အမြင့် အတက်အကျတွေ ကြမ်းတမ်းခဲ့တဲ့ အစ္စရေးနိုင်ငံရေး ကဏ္ဍအတွက် တည်ငြိမ်မှု ပြန်လည် ယူဆောင်လာစေနိုင်မယ်လို့ ယုံကြည်ရပါတယ်။ တစ်ဖက်မှာလည်း အသက် ၇၃ နှစ်အရွယ် နေတန်ညာဟုဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်နေရဆဲပါ။

ရွေးကောက်ပွဲ ကော်မရှင်က မဲရေတွက်မှုတွေ ပြီးဆုံးကြောင်း တရားဝင် ကြေညာပြီးတဲ့အခါ အစ္စရေး ဝန်ကြီးချုပ် အိုင်ဆက် ဟာဇော့က နေတန်ညာဟုကို ဖိတ်ခေါ်ပြီး ၄၂ ရက်အတွင်း အစိုးရသစ် ဖွဲ့စည်းဖို့ တာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။