Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်က လူယုံသတ်လို့ သေမယ့်သူလို့ ယူကရိန်း သမ္မတ မှတ်ချက်ပေး

သူက ရုရှားနိုင်ငံသားတွေပဲ တစ်နေ့နေ့ကျရင် စစ်ပွဲ လိုလားသူ ပူတင်ကို လုပ်ကြံလိုက်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒီကိစ္စကလည်း လူသတ်သမားကိုယ်တိုင် အသတ်ခံရတဲ့ အဓိပ္ပါယ်သာ ဖြစ်လိမ့်မယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ပူတင်က လူယုံသတ်လို့ သေမယ့်သူလို့ ယူကရိန်း သမ္မတ မှတ်ချက်ပေး
ပူတင်က လူယုံသတ်လို့ သေမယ့်သူလို့ ယူကရိန်း သမ္မတ မှတ်ချက်ပေး

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ လူယုံသတ်လို့ သေလိမ့်မယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မှတ်ချက် ပေးခဲ့ပါတယ်။

သူက ရုရှားနိုင်ငံသားတွေပဲ တစ်နေ့နေ့ကျရင် စစ်ပွဲ လိုလားသူ ပူတင်ကို လုပ်ကြံလိုက်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒီကိစ္စကလည်း လူသတ်သမားကိုယ်တိုင် အသတ်ခံရတဲ့ အဓိပ္ပါယ်သာ ဖြစ်လိမ့်မယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ပူတင် အစိုးရရဲ့ ချိနဲ့ အားနည်းမှုကို ရုရှားနိုင်ငံမှာ ခံစားသိရှိလာမယ့် ကာလတစ်ခု သေချာပေါက် ရောက်လာမှာဖြစ်ကြောင်း၊ အဲဒီအခါ သားရဲတစ်ကောင်ကို သားရဲတွေကပဲ ဝိုင်းပြီး အမဲဖျက် စားသောက်ကြမှာ ဖြစ်ကြောင်း၊ လူသတ်သမား တစ်ယောက်ကို ပြန်သတ်ဖို့ သူတို့ကိုယ်တိုင် အဓိပ္ပါယ် ရှာဖွေကြမှာဖြစ်ကြောင်း ဇီလန်စကီးက ခန့်မှန်းခဲ့ပါတယ်။

မှတ်တမ်း ဗီဒီယို တစ်ခုထဲမှာ သူက ဒီလို မှတ်ချက်စကားမျိုး ပြောခဲ့ပေမယ့် ပူတင်ဘေး ပတ်ပတ်လည်မှာ ရှိနေသူတွေထဲက ဘယ်သူတွေက ပူတင်ကို ပြန်လုပ်ကြံမလဲဆိုတဲ့ သူ့အမြင်ကိုတော့ ဇီလန်စကီးက ထုတ်မပြောခဲ့ပါဘူး။ ဒါပေမဲ့ ပူတင်ရဲ့ အတွင်းစည်းထဲမှာတင် ပူတင်ကို တိုက်ခိုက်လာဖို့ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိနှင့်ကြပြီး ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက သူ့စကားမှာ ရည်ညွှန်းခဲ့တဲ့ အရေးကြီးတဲ့ အချိန်ကာလ ဆိုတာကို မှတ်သားထားပြီး အဲဒီအချိန်ရောက်ရင် ရုရှားမှာ သူပုန်ထမှု ဖြစ်လိမ့်မယ်လို့ ဆိုတယ်။ ဒီကိစ္စ ဖြစ်လာမလားလို့ မေးရင် ဖြစ်လာမယ်လို့ သူဖြေမှာဖြစ်ကြောင်း၊ ဘယ်အချိန်လဲလို့ မေးရင်တော့ မပြောတတ်ကြောင်း ဇီလန်စကီးက ဆက်ပြောပါတယ်။

ယူကရိန်း စစ်ပွဲ တစ်နှစ်ပြည့် ကာလမှာ ထွက်ပေါ်လာတဲ့ Yearဆိုတဲ့ မှတ်တမ်း ဗီဒီယိုထဲမှာ ဇီလန်စကီးက ကမ္ဘာကြီး အနေနဲ့ စစ်ပွဲရဲ့ ပကတိ ရက်စက်ကြမ်းကြုတ်မှု အရှိတရားတွေကို သိဖို့ လိုတယ်လို့လည်း မှတ်ချက် ပေးထားပါတယ်။ အဲဒီ ဗီဒီယိုအရ ယူကရိန်းက မြို့ကြီးတချို့ရဲ့ လမ်းတွေပေါ်မှာ ရုပ်အလောင်းတွေ ပြန့်ကြဲနေတဲ့ မြင်ကွင်းတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒီအခြေအနေတွေက ပူတင်ဟာ ကြမ်းကြုတ် ရက်စက်လွန်းတဲ့ အာဏာရှင်တစ်ယောက်၊ ဆိုးသွမ်းလွန်းသူ တစ်ယောက်ဆိုတာ ပေါ်လွင်စေတဲ့ အကောင်းဆုံး သက်သေပဲလို့လည်း ဇီလန်စကီးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ပွဲဟာ ယူကရိန်း အရှေ့ဖျားက ဒွန်းဘက်စ် ဒေသမှာရှိတဲ့ ဘက်ခ်မတ် မြို့နဲ့ အနီးတဝိုက်မှာ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေပြီး ရုရှားရဲ့ ကျူးကျော်မှုကို ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့တွေက ရွပ်ရွပ်ချွံချွံ ခုခံနေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။