Connect with us

Hi, what are you looking for?

ဗီဒီယို

ပူတင် အနားပေးခဲ့တဲ့ ရုရှား ဗိုလ်ချုပ်တစ်ဦး ပဟေဠိဆန်ဆန် သေဆုံး

ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ခဲ့တဲ့ နောက်ပိုင်း ကာလတလျှောက် ရုရှား အစိုးရနဲ့ ဆက်စပ်မှုရှိတဲ့ ရာထူးကြီး ပုဂ္ဂိုလ်တွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ အတော်များများ ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

ရာထူးက ထုတ်ပယ် ခံခဲ့ရတဲ့ ရုရှား စစ်ဗိုလ်ချုပ် တစ်ဦးဟာ ပဟေဠိဆန်ဆန် ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ရုရှား အစိုးရရဲ့ ပြည်ထဲရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဗိုလ်မှူးချုပ် ဗလာဒီမာ မာကာရော့ဗ်ရဲ့ ရုပ်အလောင်းကို မော်စကိုမြိုကတော် ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ ရှာတွေ့ခဲ့ပါတယ်။ သမ္မတ ဗလာဒီမာ ပူတင်က သူ့ကို စစ်ဘက်ရာထူး တာဝန်တွေကနေ အနားပေးလိုက်ပြီး သီတင်းပတ် အနည်းငယ် အကြာမှာ မာကာရော့ဗ် ရုတ်တရက် သေဆုံးသွားတာလို့ Tass သတင်းဌာနက ဖော်ပြပါတယ်။

မာကာရော့ဗ်ဟာ အရင်ကတုန်းက ရုရှားရဲ့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးဌာန အကြီးအကဲ အနေနဲ့လည်း တာဝန်ယူခဲ့ဖူးပြီး သဘောထား ကွဲလွဲသူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်တတ်သူလို့လည်း နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

သူဟာ ကိုယ့်ခေါင်းကိုယ် သေနတ်နဲ့ပစ်ထားတဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ တွေ့ရှိခဲ့တာပါ့။ နီးစပ်သူ တချို့က မာကာရော့ဗ်ဟာ ရာထူးက အနားပေးခံရပြီး ကတည်းက အပြင်းအထန် စိတ်ဖိစီးမှုတွေ ခံစားနေခဲ့ရတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ သူသေဆုံးချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေကြောင်း တိတိကျကျ အတည်မပြုနိုင်တဲ့ တချို့ အခြေအနေတွေ ရှိနေတယ်လို့ ရဲတွေက ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ခဲ့တဲ့ နောက်ပိုင်း ကာလတလျှောက် ရုရှား အစိုးရနဲ့ ဆက်စပ်မှုရှိတဲ့ ရာထူးကြီး ပုဂ္ဂိုလ်တွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ အတော်များများ ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

Facebook