Connect with us

Hi, what are you looking for?

ဗီဒီယို

ပူတင် အနားပေးခဲ့တဲ့ ရုရှား ဗိုလ်ချုပ်တစ်ဦး ပဟေဠိဆန်ဆန် သေဆုံး

ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ခဲ့တဲ့ နောက်ပိုင်း ကာလတလျှောက် ရုရှား အစိုးရနဲ့ ဆက်စပ်မှုရှိတဲ့ ရာထူးကြီး ပုဂ္ဂိုလ်တွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ အတော်များများ ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

ရာထူးက ထုတ်ပယ် ခံခဲ့ရတဲ့ ရုရှား စစ်ဗိုလ်ချုပ် တစ်ဦးဟာ ပဟေဠိဆန်ဆန် ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ရုရှား အစိုးရရဲ့ ပြည်ထဲရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဗိုလ်မှူးချုပ် ဗလာဒီမာ မာကာရော့ဗ်ရဲ့ ရုပ်အလောင်းကို မော်စကိုမြိုကတော် ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ ရှာတွေ့ခဲ့ပါတယ်။ သမ္မတ ဗလာဒီမာ ပူတင်က သူ့ကို စစ်ဘက်ရာထူး တာဝန်တွေကနေ အနားပေးလိုက်ပြီး သီတင်းပတ် အနည်းငယ် အကြာမှာ မာကာရော့ဗ် ရုတ်တရက် သေဆုံးသွားတာလို့ Tass သတင်းဌာနက ဖော်ပြပါတယ်။

မာကာရော့ဗ်ဟာ အရင်ကတုန်းက ရုရှားရဲ့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးဌာန အကြီးအကဲ အနေနဲ့လည်း တာဝန်ယူခဲ့ဖူးပြီး သဘောထား ကွဲလွဲသူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်တတ်သူလို့လည်း နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

သူဟာ ကိုယ့်ခေါင်းကိုယ် သေနတ်နဲ့ပစ်ထားတဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ တွေ့ရှိခဲ့တာပါ့။ နီးစပ်သူ တချို့က မာကာရော့ဗ်ဟာ ရာထူးက အနားပေးခံရပြီး ကတည်းက အပြင်းအထန် စိတ်ဖိစီးမှုတွေ ခံစားနေခဲ့ရတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ သူသေဆုံးချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေကြောင်း တိတိကျကျ အတည်မပြုနိုင်တဲ့ တချို့ အခြေအနေတွေ ရှိနေတယ်လို့ ရဲတွေက ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ခဲ့တဲ့ နောက်ပိုင်း ကာလတလျှောက် ရုရှား အစိုးရနဲ့ ဆက်စပ်မှုရှိတဲ့ ရာထူးကြီး ပုဂ္ဂိုလ်တွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ အတော်များများ ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်ကို ဉာဏ်ကြီးရှင် တစ်ယောက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ချီးကျူးလိုက်ပါတယ်။

နိုင်ငံတကာ

ရှားပါး အခြေအနေ တစ်ခုအဖြစ် NATO အဖွဲ့ဝင် နိုင်ငံနှစ်ခုရဲ့ ခေါင်းဆောင်တွေဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို လူသားချင်းစာနာ​ထောက်ထားသူ (humanitarian) တစ်ဦးလို့ ချီးကျူး ပြောဆိုခဲ့တဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီ ပထမဆုံးအသုတ် ဒီဇယ်ဆီတွေကို အောက်တိုဘာ ၂၂ ရက်နေ့မှာ တင်ပို့သွားမယ်လို့ ရုရှား အစိုးရက ပြောပါတယ်။