Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATO နိုင်ငံတွေနဲ့ နယ်နိမိတ်နား ဘီလားရုစ် ပိုင်နက်မှာ ရုရှား နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ဖို့ ရည်ရွယ်ထား

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ လက်ရှိကာလမျိုးမှာ ရုရှားက နျူကလီးယား လက်နက်တွေ ဘီလားရုစ်ဆီ ပို့ဆောင်တဲ့ အခြေအနေက ဘယ်လို ရှုထောင့်ကကြည့်ကြည့် စိုးရိမ်စရာ ဖြစ်နေကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

NATO နိုင်ငံတွေနဲ့ နယ်နိမိတ်နား ဘီလားရုစ် ပိုင်နက်မှာ ရုရှား နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ဖို့ ရည်ရွယ်ထား
NATO နိုင်ငံတွေနဲ့ နယ်နိမိတ်နား ဘီလားရုစ် ပိုင်နက်မှာ ရုရှား နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ဖို့ ရည်ရွယ်ထား

ဘီလားရုစ် နိုင်ငံမှာ ဖြန့်ကျက်မယ့် ရုရှား နျူကလီးယား လက်နက်တွေဟာ NATO အဖွဲ့ဝင် နိုင်ငံတွေနဲ့ နယ်စပ်တွေနား နီးနီးကပ်ကပ် ရှိနေမယ်လို့ သိရပါတယ်။

ဧပြီ ၂ ရက်မှာ ဘီလားရုစ် နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးက ရုရှားရဲ့ နျူကလီးယား လက်နက်တွေဟာ ဘီလားရုစ် အနောက်ဖက်ပိုင်းက NATO နိုင်ငံတွေရဲ့ နယ်နိမိတ်နဲ့ ပိုပြီး နီးနီးကပ်ကပ် ဖြန့်ကျက် ထားရှိဖို့ ရည်ရွယ်ထားကြောင်း အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံရဲ့ နျူကလီးယား လက်နက်တွေကို မဟာမိတ် ဘီလားရုစ် နိုင်ငံမှာ အရေအတွက် အတိုင်းအတာ တစ်ခုထိ ထားရှိ ဖြန့်ကျက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၀ လောက် ကာလအတွင်း ရုရှားပိုင် နျူကလီးယား လက်နက်တွေကို ပြည်ပနိုင်ငံ တစ်ခုမှာ အခြေစိုက်ဖို့ ပထမဆုံးအကြိမ် ခြေလှမ်း ပြင်လာတာပဲ ဖြစ်ပါတယ်။

အဲဒီ စစ်လက်နက်တွေကို ဘီလားရုစ်ရဲ့ အနောက်ဖက် နယ်နိမိတ်ဖက် ရွှေ့ပြောင်း ထားရှိမှာ ဖြစ်တယ်လို့ ဘီလားရုစ် နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး ဘောရစ် ဂရစ်ဇ်လော့ဗ်က ပြောပါတယ်။ အနောက်ဥရောပနဲ့ အမေရိကန်တို့က ပူညံပူညံ ကန့်ကွက်နေလည်း ရုရှားက လုပ်သင့်တာကို ဆက်လုပ်သွားမယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဂရစ်ဇ်လော့ဗ်က ရုရှားရဲ့ နျူကလီးယား လက်နက်တွေ ထားရှိမယ့် နေရာတွေကိုတော့ အတိအကျ ထုတ်မပြောပါဘူး။ ဘီလားရုစ်ဟာ လစ်သူယေးနီးယား၊ လတ်ဗီးယား၊ ပိုလန်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ၃ နိုင်ငံစလုံးက NATO အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ လက်ရှိကာလမျိုးမှာ ရုရှားက နျူကလီးယား လက်နက်တွေ ဘီလားရုစ်ဆီ ပို့ဆောင်တဲ့ အခြေအနေက ဘယ်လို ရှုထောင့်ကကြည့်ကြည့် စိုးရိမ်စရာ ဖြစ်နေကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

ပူတင်ရဲ့ ရုပ်သေးလို့ သတ်မှတ်ခံရသူ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုကတော့ တကယ်လို့ လိုအပ်လာမယ်ဆိုရင် ပြည်တွင်းမှာ ရုရှားရဲ့ တိုက်ချင်းပစ် မဟာဗျူဟာ ဒုံးကျည်တွေကိုပါ အခြေစိုက် ဖြန့်ကျက်ခွင့် ပြုသွားမယ်လို့ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။