Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်သာလန်မှာ ခရီးသည်တင်ရထားက ကရိန်းနဲ့ ဝင်တိုက်ပြီး လမ်းချော်မှုဖြစ်ပွား

ပုံမှန် အခြေအနေအရ နယ်သာလန် နိုင်ငံရဲ့ ရထားပို့ဆောင်ရေး ကွန်ရက်ဟာ လုံခြုံရေး စံနှုန်း အထူး ကောင်းမွန်ပြီး မတော်တဆ ဖြစ်ရပ်မျိုးတွေ အရမ်းရှားပါးတယ်လို့လည်း သိရပါတယ်။

နယ်သာလန်မှာ ခရီးသည်တင် ရထားက ကရိန်းနဲ့ ဝင်တိုက်ပြီး လမ်းချော်မှုဖြစ်ပွား
နယ်သာလန်မှာ ခရီးသည်တင် ရထားက ကရိန်းနဲ့ ဝင်တိုက်ပြီး လမ်းချော်မှုဖြစ်ပွား

နယ်သာလန် နိုင်ငံမှာ ခရီးသည်တင် ရထားတစ်စီးက ဆောက်လုပ်ရေး လုပ်ငန်းသုံး ကရိန်းကို ဝင်တိုက်ရာက လမ်းချော် တိမ်းမှောက်လို့ လူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။

နိုင်ငံအနောက်ပိုင်းက ဗော်စ်ကော့ချ်တန် ဒေသနားမှာ လူ ၅၀ လောက်ကို တင်ဆောင်လာတဲ့ ရထားဟာ ကရိန်းကို အရှိန်နဲ့ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ရထားတွဲတချို့ သံလမ်းပေါ်က ချော်ထွက်ပြီး တိမ်းမှောက်ကုန်သလို ထိခိုက် ပျက်စီးမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဧပြီ ၄ ရက် မနက်အစောပိုင်းက ဖြစ်စဉ်ကြောင့် အနည်းဆုံး ခရီးသည် ၁ ဦး သေဆုံးပြီး ဆေးရုံ ရောက်သူ ၁၉ ဦးထဲမှာလည်း အခြေအနေ စိုးရိမ်ရသူတွေ ပါဝင်နေပါတယ်။

အခင်းဖြစ်ပွားရာ နေရာမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ ရထားတွဲတချို့ တိမ်းမှောက်နေပြီး မီးခိုးတွေ အူထွက်နေတာမျိုးလည်း တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရထားတိမ်းမှောက်မှု အပြီးမှာတော့ ဟိဂ်နဲ့ အမ်စတာဒမ် မြို့တွေကြားက ရထားသံလမ်းတွေကို ယာယီ ပိတ်ထားခဲ့ရပါတယ်။ ရထားလမ်းမှာ ဆောက်လုပ်ရေးသုံး ကရိန်းတစ်စီး ဘယ်လိုရောက်နေပြီး ဘာတွေ မှားယွင်းခဲ့သလဲ ဆိုတာတွေကို ဆက်လက် စုံစမ်းနေဆဲပါ။

နယ်သာလန် ဝန်ကြီးချုပ် မတ်ခ်ရူတေးအပြင် ဘုရင်နဲ့ မိဖုရားတို့ကလည်း အခုသတင်းအတွက် အထူးတလည် ဝမ်းနည်း ကြေကွဲကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ပါတယ်။

ပုံမှန် အခြေအနေအရ နယ်သာလန် နိုင်ငံရဲ့ ရထားပို့ဆောင်ရေး ကွန်ရက်ဟာ လုံခြုံရေး စံနှုန်း အထူး ကောင်းမွန်ပြီး မတော်တဆ ဖြစ်ရပ်မျိုးတွေ အရမ်းရှားပါးတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

သတင်းမီဒီယာတွေအနေနဲ့ လွတ်လပ်စွာ သတင်းရေးသားခွင့်ရရှိဖို့ နဲ့ ဖမ်းဆီးထားတဲ့ မြန်မာသတင်းသမားတွေကို လွှတ်ပေးဖို့ ဗြိတိန် နဲ့ နယ်သာလန်နိုင်ငံတွေက ဒီနေ့(မေ ၃ )ကျရောက်တဲ့ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာတောင်းဆိုထားပါတယ်။

နိုင်ငံတကာ

နယ်သာလန် ဘုရင့် မိဖုရားကြီးဟာ နိုင်ငံရဲ့ စစ်တပ်အတွက် အရန်တပ်ဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်အမှုထမ်းဖို့ စာရင်း ပေးသွင်းလိုက်ပါတယ်။

သတင်း

နယ်သာလန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး စစ်အာဏာသိမ်း (၅)နှစ်ပြည့် လူထုသပိတ်လှုပ်ရှားမှုတွေကို ဖေဖော်ဝါရီ ၁ရက်က ပြုလုပ်ခဲ့ပါတယ်။