Connect with us

Hi, what are you looking for?

သတင်း

နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ ပြုလုပ်

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

ဇွန်-၁၄၊၂၀၂၆။သုည/People’s Spring

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ၊အမ်စတာဒမ်မြို့မှာပြည်ပရောက်မြန်မာတွေနဲ့ တော် လှန်ရေးထောက်ခံသူတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြို ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

နယ်သာလန်ရောက် မြန်မာတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လည်လွတ်မြောက်လာရေးနဲ့ မြန်မာပြည်သူတွေ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် စုပေါင်းဆုတောင်းခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့အနီး ဂယဲဆန်းတောင်ပေါ်မှာလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ရက်မြတ်ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မီးထွန်းဆုတောင်းတဲ့ ဆီမီးသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။

ဆီမီးထွန်းဆုတောင်းပွဲမှာ တော်လှန်ရေးအားပေးစကားပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်းနဲ့ ခွန်အားဖြည့်မိငယ်သီချင်း သီဆိုခြင်းတို့လည်း လုပ်ဆောင်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာလည်း NUG Support Team Japan က ဦးဆောင်ပြီး ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) ပြည့် မွေးနေ့အထိမ်းအမှတ် အကြိုအဖြစ် ဆုတောင်းပွဲနဲ့ ဘာသာပေါင်းစုံ စုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

မွေးနေ့အကြို ဆုတောင်းပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို Shizuoka ခရိုင်၊ Gotemba မြို့ရှိ ငြိမ်ချမ်းရေးပန်းခြံမှာ ဂျပန်နိုင်ငံရှိ အင်အားစုတွေက စုပေါင်းကျင်းပခဲ့တာပါ။

ဓာတ်ပုံ – စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး (ကိုရီးယား) ၊ CJ

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

Facebook