Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမနီလိုပဲ နာမည်ကြီး နယ်သာလန်လည်း ကမ္ဘာ့ဖလားကနေ စောစောစီးစီး ထွက်ခွာ

ဂျာမနီ အပြီးမှာတော့ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး နောက်တစ်သင်းဖြစ်တဲ့ နယ်သာလန်လည်း စောစောစီးပီးပဲ ကမ္ဘာ့ဖလားကနေ နုတ်ဆက် ထွက်ခွာသွားရပါပြီ။ ဂျာမနီလိုပဲ နယ်သာလန်ဟာလည်း ၃၂ သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ ပြိုင်ဘက်နဲ့ တစ်ဂိုးစီ သရေကျနေခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တာပါ။

ဂျာမနီ အပြီးမှာတော့ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး နောက်တစ်သင်းဖြစ်တဲ့ နယ်သာလန်လည်း စောစောစီးပီးပဲ ကမ္ဘာ့ဖလားကနေ နုတ်ဆက် ထွက်ခွာသွားရပါပြီ။ ဂျာမနီလိုပဲ နယ်သာလန်ဟာလည်း ၃၂ သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ ပြိုင်ဘက်နဲ့ တစ်ဂိုးစီ သရေကျနေခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တာပါ။

အာဖရိက ထိပ်တန်းအသင်း မော်ရိုကိုဟာ အခုပွဲမှာ နယ်သာလန်ကို ပိုပြီးသာလွန် ကောင်းမွန်တဲ့ ခြေစွမ်းမျိုးနဲ့ ကစားပြသွားခဲ့ပါတယ်။ မော်ရိုကိုဟာ နယ်သာလန်ကို ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း ဝန်းကျင်လောက်ထိ အသာစီးယူပြီး ဖိအားပေးသွားခဲ့တာပါ။

ဒါပေမဲ့ အဖွင့်ဂိုးကိုတော့ နယ်သာလန်က ရရှိခဲ့ပါတယ်။ ခရိုင်ဆန်စီယို ဆမ်းမားဗီးလ် ပေးပို့တဲ့ ဘောလုံးကို နယ်သာလန်အတွက် ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေသူ တိုက်စစ်မှူး ကိုဒီဂက်ခ်ပိုက အနာခံ ဝင်ပိတ်ပြီး သွင်းယူပေးခဲ့တာပါ။

နယ်သာလန်အသင်း အနိုင်ရတော့မယ်လို့ ထင်မှတ်ထားကြပေမယ့် နာကျင်အချိန်ပို အရောက်မှာတော့ နောက်ခံလူ အစ္စာ ဒီယော့ရဲ့ တိကျ အားပါတဲ့ ခေါင်းတိုက်ချက်ကြောင့် မော်ရိုကိုက ချေပဂိုး ရခဲ့ပြီး အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အချိန်ပိုမှာလည်း လူစားဝင် မော်ရိုကို တိုက်စစ်မှူး ဆူဖီရာနီ ရာဟီမီရဲ့ အပိုင်အခွင့်အရေးကို နယ်သာလန် ဂိုးသမား ဘတ် ဗာဘရက်ဂျန်က လက်စွမ်းပြ ကာကွယ်သွားတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရဖို့ ဖြစ်လာပါတယ်။

ပင်နယ်တီမှာတော့ နှစ်သင်းစလုံးက ကစားသမားတွေ အပြိုင်လွဲကြရင်း စုစုပေါင်း ၁၀ လုံးကန်သွင်းရာမှာ ၅ လုံးက ဂိုးမဝင်ခဲ့ပါဘူး။ ဂိုးဝင်ခဲ့တဲ့ ၅ လုံးမှာ နယ်သာလန်က ၂ လုံးနဲ့ မော်ရိုကိုက ၃ လုံး သွင်းယူနိုင်ခဲ့တာကြောင့် မော်ရိုကိုက ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန်ကတော့ ချန်ပီယံဆုအတွက် ရေပန်းစားခဲ့ရာကနေ စောစောစီးစီး အောင်ဖျာလိပ်ခဲ့ရတာပါ။

၁၆ သင်းရှုံးထွက်အဆင့်မှာတော့ မော်ရိုကိုဟာ ပူးတွဲအိမ်ရှင် ကနေဒါ အသင်းနဲ့ ဟူစတန်မြို့မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

ကိုးကား: FIFA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။