Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက်ကို ယူကရိန်း ငြင်းဆို

လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာလည်း ဒရုန်းတစ်ခု ဝင်တိုက်လို့ လွှတ်တော် ခေါင်မိုး ပေါက်ကွဲသွားပုံ၊ ကရင်မလင် နန်းတော် အစိတ်အပိုင်း တစ်ခုကနေ မီးခိုးတွေ အူထွက်နေပုံတွေကို တွေ့ရပါတယ်။

ပူတင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက်ကို ယူကရိန်း ငြင်းဆို
ပူတင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက်ကို ယူကရိန်း ငြင်းဆို

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အသက်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက်တွေကို ယူကရိန်း အစိုးရက ငြင်းပယ်သွားခဲ့ပါတယ်။

မေ ၃ ရက် ညပိုင်းက မော်စကိုမြို့လယ်မှာ ရှိနေတဲ့ ကရင်မလင် နန်းတော်နဲ့ လွှတ်တော် အဆောက်အအုံတွေကို ဖောက်ခွဲရေး ဒရုန်းတွေနဲ့ တိုက်ခိုက် ခံခဲ့ရကြောင်း ရုရှားက ကြေညာပြီး ဒါဟာ သမ္မတ ပူတင်ကို လုပ်ကြံဖို့ ယူကရိန်းရဲ့ အားထုတ်မှု ဖြစ်တယ်လို့ စွပ်စွဲပါတယ်။

လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာလည်း ဒရုန်းတစ်ခု ဝင်တိုက်လို့ လွှတ်တော် ခေါင်မိုး ပေါက်ကွဲသွားပုံ၊ ကရင်မလင် နန်းတော် အစိတ်အပိုင်း တစ်ခုကနေ မီးခိုးတွေ အူထွက်နေပုံတွေကို တွေ့ရပါတယ်။

ရုရှားကတော့ သူတို့ရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေက ဒရုန်းနှစ်စီးကို ပစ်ချနိုင်ခဲ့ပေမယ့် ပျက်ကျပြီး အခုလို ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။ ဒါဟာ ကြိုတင် စီမံထားတဲ့ အကြမ်းဖက် လုပ်ရပ်တစ်ခု၊ ရုရှားမြေမှာ ရုရှား သမ္မတကို လုပ်ကြံဖို့ ကြံစည်မှု တစ်ခုလို့ ကရင်မလင် နန်းတော်က စွပ်စွဲပါတယ်။

Public Service Announcement

Public Service Announcement

ဒရုန်းတွေနဲ့ တိုက်ခိုက်မှု ခံရတဲ့ အချိန်က ကရင်မလင် နန်းတော်မှာ ပူတင် ရှိမနေခဲ့ကြောင်းလည်း သမ္မတရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီ ဒရုန်း တိုက်ခိုက်မှုတွေအကြောင်း ဘာမှ မသိသလို ယူကရိန်းရဲ့ လုပ်ရပ် လုံးဝ မဟုတ်ဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ငြင်းဆိုခဲ့ပါတယ်။ ဖင်လန်နိုင်ငံမှာ သွားရောက်ပြီး အစည်းအဝေး တက်ရောက်နေတဲ့ ဇီလန်စကီးက ယူကရိန်း စစ်တပ်ဟာ ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ပဲ တိုက်ပွဲဝင်နေတာဖြစ်ပြီး ရုရှားပိုင်နက်ထဲထိ သွားရောက် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ ပြီးတော့ အခုကိစ္စဟာ ရုရှားက ပိုမို ဆိုးယုတ်တဲ့ ကိစ္စတွေ ကျူးလွန်ဖို့ ကြိုတင် အကြောင်းပြချက် ရှာတဲ့ အနေနဲ့ လုပ်ကြံဖန်တီးတာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

အမေရိကန်ကတော့ အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆန်းစစ်နေဆဲ ဖြစ်ပြီး ဘယ်သူ့မှာ တာဝန်ရှိသူလဲ ဆိုတာကို ခိုင်ခိုင်မာမာ သက်သေပြနိုင်တဲ့ အထောက်အထားမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုရှားရဲ့ မြို့တော် အလယ်ခေါင်ကြီးမှာ လုံခြုံရေး ကျိုးပေါက်မှုတွေ ရှိခဲ့တယ် ဆိုတာကို အခုဖြစ်ရပ်က သက်သေခံနေပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေ ကတည်းက မော်စကိုရဲ့ အထင်ကရ အဆောက်အအုံတွေမှာ လေကြောင်း ကာကွယ်ရေး လက်နက်တွေ တပ်ဆင်ထားခဲ့တာပါ။

ရုရှားရဲ့ စွပ်စွဲချက်သာ မှန်ကန်မယ်ဆိုရင် ယူကရိန်း ဒရုန်းတွေဟာ နယ်စပ်ကနေ မော်စကိုထိ မိုင်ပေါင်း ၂၈၀ လောက်ကို အတားအဆီးမရှိ ဖြတ်သန်းလာနိုင်တဲ့ အဓိပ္ပါယ်မျိုးလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။