Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ နည်းပညာ အမြင့်ဆုံး ဟိုက်ပါဆောနစ် ဒုံးကျည်ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း ထုတ်ပြန်

ရုရှားဟာ ယူကရိန်းရဲ့ အရပ်ဖက် ပစ်မှတ်တွေကို မတိုက်ခိုက်ပါဘူးလို့ ပြောင်ပြောင်တင်းတင်း ငြင်းဆိုရင်း လူနေ ဧရိယာတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ယူကရိန်း အရပ်သားပြည်သူ ရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

ရုရှားရဲ့ နည်းပညာ အမြင့်ဆုံး ဟိုက်ပါဆောနစ် ဒုံးကျည်ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း ထုတ်ပြန်
ရုရှားရဲ့ နည်းပညာ အမြင့်ဆုံး ဟိုက်ပါဆောနစ် ဒုံးကျည်ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း ထုတ်ပြန်

ရုရှားရဲ့ နောက်ဆုံးပေါ် အဆင့်အမြင့်ဆုံး မျိုးဆက်သစ် ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းကို အမေရိကန်ရဲ့ လေကြောင်း ကာကွယ်ရေး စနစ်သုံးပြီး ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းက ကြေညာပါတယ်။

အခုသီတင်းပတ်မှာ ရုရှားက ကိယက်ဗ်မြို့တော်ကို ဦးတည် ပစ်ခတ်လိုက်တဲ့ Kh-47 Kinzhal အမျိုးအစား ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းကို အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေး စနစ်က ဟန့်တား ပစ်ချနိုင်ခဲ့တာလို့ ယူကရိန်း လေတပ်က ပြောပါတယ်။

Kinzhalဆိုတာ ရုရှားဘာသာအရ ဓားမြှောင်လို့ အဓိပ္ပါယ်ရပြီး ၂၀၁၈ ခုနှစ်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင် ထုတ်ကြွားထားတဲ့ ရုရှားရဲ့ နည်းပညာမြင့် မျိုးဆက်သစ် စစ်လက်နက် ၆ ခုထဲမှာ ပါဝင်ပါတယ်။

ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆပိုမြန်တဲ့ နှုန်းနဲ့ ရွေ့လျားနိုင်တာကို ဆိုလိုတာပါ။ ပူတင်က Kinzhalတွေဟာ မြန်နှုန်းအရရော၊ နည်းပညာ အရပါ ဘယ်ရန်သူ့ လေကြောင်းကာကွယ်ရေး စနစ်မှ ကြားဖြတ် ဟန့်တား ပစ်ချဖို့ မဖြစ်နိုင်ကြောင်း ကြွေးကြော်ထားဖူးပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ ပူတင် အင်မတန် အမွှန်းတင်တဲံ Kinzhal တစ်စင်းကို အမေရိကန်က ထောက်ပံ့ထားတဲ့ Patriot လေကြောင်း ကာကွယ်ရေး စနစ်နဲ့ ကြားဖြတ် ပစ်ချလိုက်နိုင်ပြီလို့ ယူကရိန်း လေတပ် ဦးစီး အရာရှိ မိုင်ကိုလာ အိုလက်စ်ချော့ခ်က ပြောပါတယ်။ ဒီကိစ္စဟာ ယူကရိန်းအတွက် သမိုင်းဝင်မယ့် အခိုက်အတန့် တစ်ခုဖြစ်ကြောင်း၊ ကိယက်ဗ် မြို့ပြင်နားမှာ ရုရှားရဲ့ ပြိုင်ဘက်ကင်း Kinzhalကို ယူကရိန်း လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ပြီလို့ သူက Telegramမှာ ရေးသား ကြေညာခဲ့ပါတယ်။

အမေရိကန်လုပ် Patriot ဒုံးခွင်းဒုံးတွေဟာ အနောက် မဟာမိတ်တွေက ယူကရိန်းလက်ထဲ ပေးအပ်ထားတဲ့ နည်းပညာ အမြင့်ဆုံး လေကြောင်း ကာကွယ်ရေး စနစ်လို့ ဆိုနိုင်ပါတယ်။ အသံထက် ၁၀ ဆပိုမြန်အောင် ပျံသန်းနိုင်တယ်လို့ ကြွေးကြော်ထားတဲ့ သူတို့ရဲ့ Kinzhal ဒုံးကျည်ကို ယူကရိန်းက ပစ်ချခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး လောလောဆယ် ရုရှားဖက်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ရုရှားဟာ ယူကရိန်းစစ်ပွဲ အစောပိုင်း ကာလတွေတုန်းက ဟိုက်ပါဆောနစ် ဒုံးကျည် တစ်စင်းကို လက်တွေ့ ပစ်ခတ်ပြီး ဟိုက်ပါဆောနစ် လက်နက်တွေ စစ်မြေပြင်မှာ အသုံးချတဲ့ ပထမဆုံး နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ပစ်လွှတ်တဲ့ ဒုံးကျည်ဟာ Kinzhal မဟုတ်တဲ့ နည်းပညာပိုင်း အဆင့်ပိုနိမ့်တဲ့ အမျိုးအစားဖြစ်ပြီး ယူကရိန်းမှာလည်း Patriotစနစ် မပိုင်ဆိုင်သေးပါဘူး။

ရုရှားဟာ ယူကရိန်းရဲ့ အရပ်ဖက် ပစ်မှတ်တွေကို မတိုက်ခိုက်ပါဘူးလို့ ပြောင်ပြောင်တင်းတင်း ငြင်းဆိုရင်း လူနေ ဧရိယာတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ယူကရိန်း အရပ်သားပြည်သူ ရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။