Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘက်ခ်မတ်မြို့ တိုက်ပွဲကနေ သူ့တပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းတော့မယ်လို့ ရုရှား ကြေးစားတပ်ဖွဲ့ အကြီးအကဲပြော

နိုင်ငံတကာ စစ်ရေး သုတေသီတွေကတော့ ဘက်ခ်မတ်ကနေ Wagner တပ်ဖွဲ့ဝင်တွေသာ တကယ်တမ်း ဆုတ်ခွာသွားမယ်ဆိုရင် ရုရှားရဲ့ ထိုးစစ်ဟာ လုံးဝဥဿုံ အစွယ်ကျိုးသွားလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

ဘက်ခ်မတ်မြို့ တိုက်ပွဲကနေ သူ့တပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းတော့မယ်လို့ ရုရှား ကြေးစားတပ်ဖွဲ့ အကြီးအကဲပြော
ဘက်ခ်မတ်မြို့ တိုက်ပွဲကနေ သူ့တပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းတော့မယ်လို့ ရုရှား ကြေးစားတပ်ဖွဲ့ အကြီးအကဲပြော

ရုရှား ကြေးစားတပ် Wagnerရဲ့ အကြီးအကဲက သူ့တပ်ဖွဲ့ဝင်တွေကို ဘက်ခ်မတ်မြို့ စစ်မြေပြင်ကနေ ပြန်ရုပ်သိမ်းစေတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

Wagner တပ်ဖွဲ့ဟာ လက်ရှိ ရုရှား-ယူကရိန်း စစ်ပွဲရဲ့ ပွဲအကြမ်းဆုံး စစ်မြေပြင် ဖြစ်နေတဲ့ ဘက်ခ်မတ် တိုက်ပွဲမှာ ထဲထဲဝင်ဝင် ဦးဆောင် တိုက်ခိုက်နေတဲ့ အင်အားစု တစ်ခုပါ။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြို့တဝိုက် ဧရိယာတွေကို Wagnerတွေ ဦးဆောင်တဲ့ ရုရှားတပ်တွေက သိမ်းယူနိုင်ခဲ့ပေမယ့် ယူကရိန်း ခုခံရေး တပ်တွေက ကြံ့ကြံ့ခံနေဆဲ ဖြစ်ပါတယ်။

မကြာသေးခင်ကတော့ Wagner အကြီးအကဲ ယက်ဗ်ဂျနီ ပရီဂေါ့ဇင်က ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ တိုက်ပွဲအတွက် လိုအပ်တဲ့ လက်နက်ကြီး ကျည်ဆန်တွေ လုံလုံလောက်လောက် ထောက်ပံ့မပေးလို့ သူ့တပ်ဖွဲ့ရဲ့ အကျအဆုံးဟာ တကယ်တမ်း ရှိသင့်တာထက် ၅ ဆ ပိုများနေတယ်လို့ ထုတ်ဖော် ညည်းညူခဲ့ပါတယ်။ ပြီးတော့ လိုအပ်တဲ့ လက်နက်ကြီး ကျည်ဆန်တွေသာ အချိန်မီ မရနိုင်ဘူးဆိုရင် သူ့တပ်တွေကို ဘက်ခ်မတ်ကနေ ဆုတ်ခွာစေမယ်လို့လည်း ပရီဂေါ့ဇင်က ခြိမ်းခြောက်ခဲ့ပါသေးတယ်။

အခုအခါမှာတော့ သူက မေလ ၁၀ ရက်ကျရင် Wagner အဖွဲ့သားတွေ ဘက်ခ်မတ်ကနေ အမှန်တကယ် ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။ သူဟာ သေဆုံးနေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကြားမှာ ဖြတ်လျှောက်ရင်း ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ အခုဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ရုရှား ထိပ်တန်း ကာကွယ်ရေး အရာရှိတွေကို အပြစ်ဖို့ထားပါတယ်။

Public Service Announcement

Public Service Announcement

ဘက်ခ်မတ်မှာ သူ့တပ်ဖွဲ့ဝင် သောင်းနဲ့ချီ သေကြေ ဒဏ်ရာရပြီး ပြုန်းတီးခဲ့တယ်လို့ ပရီဂေါ့ဇင်က ဆိုပါတယ်။ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက သတ္တုတွင်း လုပ်ငန်းတွေ ထွန်းကားရာ မြို့ငယ်လေးကို သိမ်းယူဖို့ ကြိုးစားနေတာ လနဲ့ချီ ကြာမြင့်နေပြီး အဲဒီထိုးစစ်ကို Wagnerတွေက အဓိက ဦးဆောင်ခဲ့ပါတယ်။

ဘက်ခ်မတ်မြို့ရဲ့ မဟာဗျူဟာ တန်ဖိုးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ရှိပေမယ့် နှစ်ဖက်စလုံးက အကျအဆုံး အရမ်းများတာတောင် လုံးဝ အလျှော့မပေးစတမ်း ဆက်လက် တိုက်ခိုက်နေခဲ့ကြပါတယ်။ ယူကရိန်းဖက်မှာလည်း ဘက်ခ်မတ်ဟာ ခုခံစစ်ပွဲရဲ့ စံပြုစရာ သင်္ကေတတစ်ခု ဖြစ်လာပါတယ်။

နိုင်ငံတကာ စစ်ရေး သုတေသီတွေကတော့ ဘက်ခ်မတ်ကနေ Wagner တပ်ဖွဲ့ဝင်တွေသာ တကယ်တမ်း ဆုတ်ခွာသွားမယ်ဆိုရင် ရုရှားရဲ့ ထိုးစစ်ဟာ လုံးဝဥဿုံ အစွယ်ကျိုးသွားလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

ပရီဂေါ့ဇင်ကတော့ သူ့တပ်တွေဟာ လက်နက်ကြီး ကျည်ဆန်တွေ မရတာကြောင့် မသေသင့်ဘဲ သေနေရပြီး ဒီအခြေအနေကို လက်မခံနိုင်တော့ကြောင်း ပြောကြားခဲ့သလို ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူကိုလည်း ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးဖို့ ပျက်ကွယ်နေတဲ့အပေါ် အတိအလင်း ဝေဖန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။