Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာက လေကြောင်း တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ခေါင်းဆောင် ၃ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေးကြေညာ

အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်း အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ တိတိကျကျ မှတ်ချက် မပေးပေမယ့် အစ္စလာစ်မစ် ဂျီဟတ် စစ်သွေးကြွ ဦးစီးအရာရှိ ၃ ဦးကိုတော့ သုတ်သင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဂါဇာက လေကြောင်း တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ခေါင်းဆောင် ၃ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေးကြေညာ
ဂါဇာက လေကြောင်း တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ခေါင်းဆောင် ၃ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေးကြေညာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း လူသိများတဲ့ စစ်သွေးကြွ ခေါင်းဆောင် ၃ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေးက ကြေညာပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက မေလ ၈ ရက်၊ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ဂါဇာမှာ ၁၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၃ ဦးနဲ့ ကလေး ၃ ဦး ပါဝင်ခဲ့ပြီး နောက်ထပ် ၂၀ လောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်း အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ တိတိကျကျ မှတ်ချက် မပေးပေမယ့် အစ္စလာစ်မစ် ဂျီဟတ် စစ်သွေးကြွ ဦးစီးအရာရှိ ၃ ဦးကိုတော့ သုတ်သင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အခုလို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်တာဟာ အစ္စရေး ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ထိပါးလောက်တဲ့ ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်ဖို့ ဖြစ်တယ်လို့လည်း အစ္စရေးက အကြောင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဂါဇာကနေ အစ္စရေး ပိုင်နက်ဖက်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဒီလို ကိစ္စတွေ ရပ်တန်းက မရပ်မချင်း အကြမ်းနည်းတဲ့ တုံ့ပြန်မယ်လို့လည်း အစ္စရေး စစ်တပ်က သတိပေးထားပါတယ်။

မေလ ၈ ရက် မနက် အရုဏ်မတက်ခင်က တိုက်ခိုက်မှုမှာ အစ္စရေး စစ်လေယာဉ်နဲ့ ရဟတ်ယာဉ် အစီး ၄၀ လောက်ဟာ ဂါဇာကမ်းမြှောင် အနှံ့အပြားက အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တွေရဲ့ စစ်ရေးပစ်မှတ်တွေကို တပြိုင်တည်းနီးပါး တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးတွေအတွင်း အရပ်သား နေအိမ်တွေ ထိခိုက် ပျက်စီးခဲ့သလို ဂါဇာ ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။

ဟားမားစ် ပြောက်ကျားအဖွဲ့တွေ အဓိက ထိန်းချုပ်ထားရာ နယ်မြေဖြစ်ပေမယ့် ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ ရန်သူတော် တခြား အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့အစည်း တချို့လည်း လှုပ်ရှားနေပါတယ်။ အစ္စလာမ်မစ် ဂျီဟတ် စစ်သွေးကြွ အဖွဲ့တစ်ခုဖြစ်တဲ့ အယ်လ်ကွက်ဒ်စ် တပ်ရင်းက သူတို့ရဲ့ ခေါင်းဆောင်ပိုင်း ၃ ဦးဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ကြောင်း အတည်ပြု ဝန်ခံသွားပါတယ်။

ထင်ရှားတဲ့ ပါလက်စတိုင်း စစ်သွေးကြွ အဖွဲ့ဝင်ဟောင်း တစ်ဦးဟာ အစ္စရေးရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံရချိန်အတွင်း အစာငတ်ခံ ဆန္ဒပြရင်း သေဆုံးသွားတဲ့နောက် အစ္စရေးနဲ့ ပါလက်စတိုင်း တင်းမာမှုတွေ မြင့်တက်နေပြီး အစ္စလာမ်မစ် ဂျီဟတ် အဖွဲ့ကလည်း အစ္စရေးနယ်မြေတွေကို ဒုံးကျည်တွေနဲ့ စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။