Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ အစ္စရေးလေတပ် စစ်ဆင်ရေးဆင်နွှဲ

ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ ဂါဇာ ကမ်းမြှောင် ဒေသကို အစ္စရေး လေတပ်က တိုက်ခိုက်ခဲ့ပါတယ်။

ပေါက်ကွဲစေတဲ့ ပစ္စည်းတွေကို မိုးပျံပူဖောင်းမှာ ချိတ်ဆွဲပြီး ဂါဇာဖက်ကနေ လွှတ်တင်ခဲ့တဲ့ လုပ်ရပ်ကို လက်တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးက စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာပါ။ ဇွန်လ ၁၅ ရက်က ဂါဇာဖက်က လွှတ်တင်လိုက်တဲ့ မိုးပျံပူဖောင်းတချို့ အစ္စရေး ပိုင်နက်ထဲ ကျရောက်ပြီး မီးလောင်မှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ဇွန်လ ၁၆ ရက် မနက်အစောပိုင်းမှာ အစ္စရေး လေတပ်က ဂါဇာစီးတီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ ဒါဟာ အစ္စရေးမှာ အစိုးရ အပြောင်းအလဲဖြစ်ပြီး ပထမဆုံးအကြိမ် ပါလက်စတိုင်းကို တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ အစ္စရေးနဲ့ ဂါဇာအခြေစိုက် ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ ဟားမားစ်တို့ဟာ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မေလ ၂၁ ရက်ကမှ အပစ်အခတ် ရပ်စဲထားခဲ့ကြတာပါ။

ဂျူးလက်ယာစွန်း ဝါဒီတွေက ဂျေရုဆလင်မှာ အင်အားပြ ချီတက်ခဲ့ပြီး နာရီပိုင်း အကြာမှာပဲ အခုလို တကျော့ပြန် တင်းမာမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဂျေရုဆလင်ကို အစ္စရေးက ထိန်းချုပ်ထားပေမယ့် ပါလက်စတိုင်းကလည်း သူတို့ရဲ့ ပိုင်နက် နယ်မြေအဖြစ် သတ်မှတ် တောင်းဆိုနေပါတယ်။

ဟားမားစ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဂျေရုဆလင်မှာရှိတဲ့ ဘာသာရေး အထွဋ်အမြတ် နယ်မြေတွေကို ကာကွယ်ဖို့ ပါလက်စတိုင်းတွေက ရဲရဲရင့်ရင့် ဆက်လက် ခုခံ တိုက်ခိုက်နေမယ်လို့ ပြောပါတယ်။ အစ္စရေး စစ်တပ်ကလည်း ပိုင်နက် နယ်မြေကို ထိပါးလာတဲ့ ဘယ်လို ရန်စမှုကိုမှ သည်းခံမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ ၁၀ မိနစ်သာ ကြာခဲ့ပေမယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ကျိုးပျက်ဖို့ ဘယ်လောက် လွယ်ကူသလဲဆိုတာ ဂါဇာ ဒေသခံတွေကို တပ်လှန့်လိုက်သလို ဖြစ်သွားပါတယ်။ နောက်ဆုံးဖြစ်ပွားတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ အစ္စရေးဖက်က ၁၀ ဦးသေပြီး ပါလက်စတိုင်းဖက်မှာ ၃၀၀ ကနေ ၅၀၀ ကြားထိ အသေအပျောက် ရှိခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ဒဏ်ခံ အဆောက်အအုံတစ်ခု ပြိုကျလို့ ကလေးတွေ အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရန်သူတော် ဟားမားစ်တပ်ဖွဲ့ရဲ့ အောက်ခြေအဆင့် စစ်သားတွေကို ခန့်မှန်းရာမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို အသုံးပြုပြီး ဆုံးဖြတ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အစ္စရေးစစ်တပ်က အပြင်းအထန် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း အရပ်သားတွေပါ အများအပြား သေဆုံးမယ်ဆိုတာ သိလျက်နဲ့ အစ္စရေး စစ်တပ်က အသုံးပြုခဲ့တဲ့ တိုက်ခိုက်မှု နည်းလမ်းတွေအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ ဂျူးအခြေချ နေထိုင်သူတွေက တရားမဝင် ဆောက်လုပ်ထားတဲ့ စခန်းတွေကို ဖယ်ရှားဖို့ အစ္စရေး ဝန်ကြီးချုပ်က အမိန့်ပေးထားကြောင်း သိရပါတယ်။