Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကမ္ဘောဒီးယားရဲ့ အဓိက အတိုက်အခံပါတီ ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ခံရ

ကမ္ဘောဒီးယား အစိုးရကတော့ အတိုက်အခံတွေကို ပစ်မှတ်ထား ဖိနှိပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ပြီး ကန်ဒါလိုက် ပါတီဝင်တွေ ဖမ်းဆီးခံရ၊ အမှုဖွင့်ခံရတာတွေက တရားဥပဒေ စံနှုန်းတွေနဲ့အညီ လုပ်ဆောင်တာသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

ကမ္ဘောဒီးယားရဲ့ အဓိက အတိုက်အခံပါတီ ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ခံရ
ကမ္ဘောဒီးယားရဲ့ အဓိက အတိုက်အခံပါတီ ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ခံရ

ကမ္ဘောဒီးယားရဲ့ တစ်ခုတည်းသော အဓိက အတိုက်အခံ ပါတီဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် တားမြစ်ပိတ်ပင် ခံလိုက်ရကြောင်း သိရပါတယ်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မရှင်က အတိုက်အခံ နိုင်ငံရေး အင်အားစုဖြစ်တဲ့ ကန်ဒယ်လိုက် ပါတီကို ဇူလိုင်လ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့် မပြုကြောင်း မေလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ကန်ဒယ်လိုက်ဟာ စာရွက်စာတမ်းတွေ တိတိကျကျ မှန်မှန်ကန်ကန် တင်သွင်းခဲ့ခြင်း မရှိတာကြောင့်လို့ ဆိုပါတယ်။

တခြား ပါတီငယ်တချို့လည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ် ဆိုပေမယ့် ကန်ဒယ်လိုက် မပါတော့ခြင်းကြောင့် အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP)က ပြိုင်ဘက် မရှိတော့တဲ့ သဘောမျိုး ဖြစ်လာပါတယ်။

ကမ္ဘောဒီးယားရဲ့ သက်တမ်းရှည် ဝန်ကြီးချုပ် ဟွန်ဆန်းက အတိုက်အခံတွေကို ဖိနှိပ်နေပြီး နိုင်ငံရဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေကို ဖျက်ဆီးနေကြောင်း တက်ကြွလှုပ်ရှားသူတွေနဲ့ သံတမန် အသိုက်အဝန်းက သတိပေး ပြောကြားနေချိန်မှာ ကန်ဒယ်လိုက်ရဲ့ ရွေးကောက်ပွဲဝင်ခွင့် တားဆီး ခံလိုက်ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

CPPရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆွတ်ခ်အိုင်ဆန်က ကန်ဒယ်လိုက်က ရွေးကောက်ပွဲ စည်းမျဉ်းတွေနဲ့ မကိုက်ညီလို့ ပြိုင်ခွင့် မရတာဖြစ်ကြောင်း၊ လာမယ့် ရွေးကောက်ပွဲဟာ ပါတီ ၁၀ ခုထက်မနည်း ယှဉ်ပြိုင်မှာ ဖြစ်တဲ့အပြင် လွတ်လပ်ပြီး တရားမျှတမှုအပြည့် ရှိနေမှာဖြစ်ကြောင်း ပြောပါတယ်။

ဟွန်ဆန်းကတော့ သူ့ရဲ့ CPP ပါတီဟာ ကမ္ဘောဒီးယား နိုင်ငံရေး နယ်ပယ်မှာ နှစ်ပေါင်း ၁၀၀ လောက် ကြီးစိုးထားနိုင်ဦးမယ်လို့ ကြွေးကြော်ထားပါတယ်။

ကန်ဒယ်လိုက်ဟာ ၂၀၁၇ တုန်းက တရားရုံးချုပ်ရဲ့ အမိန့်နဲ့ ဖျက်သိမ်းခဲ့ရတဲ့ လူကြိုက်များတဲ့ အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေး ပါတီ (CNRP)ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

CNRP ပါတီဝင် အများအပြားဟာ ပါတီ ဖျက်သိမ်းခံရပြီးနောက်ပိုင်း ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီး အကျဉ်းချ ခံခဲ့ရပါတယ်။ အတိုက်အခံတွေကို ဟွန်ဆန်းက ရက်ရက်စက်စက် ဖိနှိပ်မှုကြောင့် CNRP ပါတီဝင် အများအပြားဟာ ပြည်ပကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

အခုအခါ ပါတီကို ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံလိုက်ရတာနဲ့ ပတ်သက်လို့ အခြေခံ ဥပဒေ ခုံရုံးမှာ အယူခံ ဝင်သွားမယ်လို့ ကန်ဒယ်လိုက်ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဆွန်ချာဟေးက ပြောပါတယ်။ အဲဒီအတွက် သူတို့မှာ တစ်ပတ် အချိန်ရှိသေးတယ်လို့လည်း သူက ဆိုပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကတော့ ကမ္ဘာဒီးယား အစိုးရဟာ ရွေးကောက်ပွဲကြို ကာလမှာ အတိုက်အခံတွေကို စတင် ဖိနှိပ်လာနေပြီး ကန်ဒယ်လိုက် ပါတီဝင်တွေ ကိုယ်ထိလက်ရောက် ရန်ပြုခံရမှုတွေ တိုးပွားလာနေကြောင်း သတိပေးထားပါတယ်။

ကမ္ဘောဒီးယား အစိုးရကတော့ အတိုက်အခံတွေကို ပစ်မှတ်ထား ဖိနှိပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ပြီး ကန်ဒါလိုက် ပါတီဝင်တွေ ဖမ်းဆီးခံရ၊ အမှုဖွင့်ခံရတာတွေက တရားဥပဒေ စံနှုန်းတွေနဲ့အညီ လုပ်ဆောင်တာသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

နိုင်ငံတကာ

ဂန်ဂျာရဲ့ အဖွဲ့ကတော့ ရွေးကောက်ပွဲမှာ စနစ်တကျ ကျူးလွန်တဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။

နိုင်ငံတကာ

ခုံရုံး ကြားနာမှု အပြီးမှာတော့ ဖီထာက သူဟာ လွှတ်တော် ဥက္ကဋ္ဌ ဝမ်မူဟာမက်နော်မာသာနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ဘယ်အချိန်မှာ အမတ်တာဝန်တွေ ပြန်လည် ထမ်းဆောင်နိုင်မလဲ ဆိုတာကို အဖြေရှာသွားမယ်လို့ ပြောပါတယ်။