Connect with us

Hi, what are you looking for?

ဗီဒီယို

ကမ္ဘောဒီးယားမှာ လူသားတွေကို ကြက်ငှက်တုပ်ကွေး ကူးစက်မှု အလေးထား ကိုင်တွယ်နေတယ်လို့ WHOပြော

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်တွေထဲက H5N1 မျိုးကွဲဟာ လူသားတွေဆီ ကူးစက်မှု နှစ်ခုကို ဖော်ထုတ် တွေ့ရှိခဲ့တဲ့နောက် ဒီကိစ္စကို WHOက ကမ္ဘောဒီးယား အာဏာပိုင်တွေနဲ့ အနီးကပ် ညှိနှိုင်း ကိုင်တွယ်နေပါတယ်။ အဲဒီ ကူးစက်လူနာ နှစ်ဦးစလုံးဟာ မိသားစု တစ်ခုတည်းက ဖြစ်ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံမှာ လူသားတွေကို ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက်မှုတွေနဲ့ ပတ်သက်လို့ အလေးထား တုံ့ပြန် ကိုင်တွယ်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အတည်ပြုပါတယ်။

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်တွေထဲက H5N1 မျိုးကွဲဟာ လူသားတွေဆီ ကူးစက်မှု နှစ်ခုကို ဖော်ထုတ် တွေ့ရှိခဲ့တဲ့နောက် ဒီကိစ္စကို WHOက ကမ္ဘောဒီးယား အာဏာပိုင်တွေနဲ့ အနီးကပ် ညှိနှိုင်း ကိုင်တွယ်နေပါတယ်။ အဲဒီ ကူးစက်လူနာ နှစ်ဦးစလုံးဟာ မိသားစု တစ်ခုတည်းက ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်မှာ ကမ္ဘောဒီးယား အာဏာပိုင်တွေက H5N1 ကူးစက်ပြီး အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီနောက် သူနဲ့ အနီးကပ် ထိတွေ့သူ ၁၂ ဦးကို ဆေးစစ်တဲ့အခါ တုပ်ကွေး လက္ခဏာတွေ ပြသနေတဲ့ ဖခင်ဖြစ်သူက positive ရလဒ် ထွက်ပေါ်ခဲ့တာပါ။

အခုလ အစောပိုင်းမှာ WHOက H5N1က လူသားတွေဆီ ကူးစက်နိုင်ခြေ အရမ်းနိမ့်တယ်လို့ မှတ်ချက် ပေးခဲ့ဖူးပေမယ့် ဒီဗိုင်းရပ်စ်က နို့တိုက် သတ္တဝါ မျိုးစိတ်တွေမှာပါ အတွေ့ရ များလာတာကို စိုးရိမ်ရတယ်လို့ WHOရဲ့ ကူးစက်ရောဂါဆိုင်ရာ တားဆီးရေးနဲ့ ကြိုတင်ပြင်ဆင်ရေးဌာန အကြီးအကဲ ဒေါက်တာ ဆယ်လ်ဗီ ဘရိုင်ယန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“H5N1ရဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေအနေက စိုးရိမ်သင့်တဲ့ အနေအထား ရှိပါတယ်။ တောရိုင်း ငှက်တွေကနေတဆင့် ကမ္ဘာအနှံ့ကို ပျံ့နှံ့နိုင်ပြီး လူသားတွေ အပါအဝင် နို့တိုက် သတ္တဝါ မျိုးစိတ်တွေမှာ ရောဂါဖြစ်ပွားမှုက မြင့်တက်လာနေပါတယ်”လို့ ဒေါက်တာ ဘရိုင်ယန်က သတိပေးခဲ့ပါတယ်။

H5N1ရဲ့ ခြိမ်းခြောက်မှု အန္တရာယ်နဲ့ ပတ်သက်လို့ WHOက အလေးအနက် သဘောထားကြောင်း၊ နိုင်ငံတိုင်းကလည်း နိုးနိုးကြားကြားနဲ့ တုံ့ပြန်ဖို့ တိုက်တွန်းလိုကြောင်း သူက ဆိုပါတယ်။

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် H5N1ရဲ့ 2.3.4.4b အုပ်စုဝင် မျိုးကွဲကို ၂၀၂၀ ပြည့်နှစ်မှာ စတင် တွေ့ရှိခဲ့ပါတယ်။ အဲဒီ မျိုးကွဲကြောင့် မကြာသေးခင် လပိုင်းတွေ အတွင်းက ကမ္ဘာ့ဒေသ တချို့မှာ တောရိုင်းငှက်တွေအပြင် မွေးမြူရေး ကြက်ဝက်တွေ အတော်များများ သေကြေ ပျက်စီးခဲ့ရပါတယ်။ အဲဒီ ဗိုင်းရပ်စ်ဟာ နို့တိုက်သတ္တဝါတွေကိုပါ ကူးစက်နိုင်ပြီး ရောဂါကူးစက်နိုင်တာကြောင့် WHOက စိုးရိမ်တကြီး စောင့်ကြည့်ပြီး ရောဂါ တားဆီးရေး အစီအမံတွေ အကောင်အထည်ဖော် ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ ခွဲတမ်းကို အသုံးပြုပြီး အမေရိကန်ရဲ့ နာမည်ကြီး ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ကြောင်း သတင်းတွေကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယားရဲ့ စစ်မှု မထမ်းမနေရ ဥပဒေဟာ လက်တွေ့စတင် အသက်ဝင်လာပြီ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့ပါတယ်။