Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူနေဧရိယာကို ဆူဒန်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံး

ဆူဒန် စစ်တပ်က RSFတွေရဲ့ ခြေကုပ်စခန်းတွေကို အညှာအတာမရှိ ချေမှုန်းသွားမယ်လို့ ကြိမ်းဝါးခြိမ်းခြောက်ပြီး နာရီပိုင်း အကြာမှာပဲ အခုလေကြောင်း တိုက်ခိုက်မှု ဖြစ်ပေါ်လာတာပါ။ ဇွန်လဆန်းမှာ RSFက သူတို့ဟာ ယာမွတ်ခ်မြို့နယ် တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ပြန်ထားခဲ့ပါတယ်။

လူနေဧရိယာကို ဆူဒန်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံး
လူနေဧရိယာကို ဆူဒန်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံး

လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခု အာဏာလုပွဲ ဆင်နွှဲနေတဲ့ ဆူဒန်နိုင်ငံမှာ လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် ကလေးတွေ အပါအဝင် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၁၇ ရက်က မြို့တော် ခါတွမ်မှာရှိတဲ့ လူဦးရေ ထူထပ်သိပ်သည်းရာ ယာမွတ်ခ် မြို့နယ်ထဲကို ဆူဒန်ရဲ့ အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဆူဒန်စစ်တပ်ဟာ အင်အားကြီး လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဆူဒန် အရပ်တပ်ဖွဲ့ (RSF)နဲ့ စစ်ခင်း တိုက်ခိုက်နေတာပါ။ RSFကို အရင်က ဆူဒန် စစ်တပ်ရဲ့ ဒုတိယ ဩဇာ အကြီးဆုံး အရာရှိက ဦးဆောင်နေပြီး နောက်တော့ တပ်ထဲမှာ အကွဲအပြဲတွေ စတင်ပြီး ပြည်တွင်းစစ်အသွင် ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ဆူဒန် စစ်တပ်က RSFတွေရဲ့ ခြေကုပ်စခန်းတွေကို အညှာအတာမရှိ ချေမှုန်းသွားမယ်လို့ ကြိမ်းဝါးခြိမ်းခြောက်ပြီး နာရီပိုင်း အကြာမှာပဲ အခုလေကြောင်း တိုက်ခိုက်မှု ဖြစ်ပေါ်လာတာပါ။ ဇွန်လဆန်းမှာ RSFက သူတို့ဟာ ယာမွတ်ခ်မြို့နယ် တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ပြန်ထားခဲ့ပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၅ ဦး အပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံးတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ပြောကြားပေမယ့် လက်တွေ့ သေကြေပျက်စီးမှု အခြေအနေတွေကို တိတိကျကျ စာရင်းကောက်ယူနိုင်ဖို့က ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ပြီးတော့ အိမ်ခြေ ၃၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့လည်း ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

ဆူဒန် ပြည်တွင်းစစ် စတင်လာတာ လနဲ့ချီ ကြာမြင့်လာတဲ့နောက် အရပ်သားတွေ သေဆုံးမှုက ထောင်နဲ့ချီ များပြားလာပြီ ဖြစ်ပြီး လူပေါင်း ၂.၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဒီအတောအတွင်း ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ညှိနှိုင်း ရယူခဲ့ပေမယ့် ဘယ်တုန်းကမှ ကြာကြာမခံဘဲ စစ်ပွဲတွေက ပြန်စလာလေ့ ရှိပါတယ်။

လတ်တလောမှာတော့ ဆူဒန်စစ်တပ်ဟာ RSFတွေရဲ့ ခြေကုပ် မြဲမြံလာရာ မာယို၊ ယာမွတ်ခ်နဲ့ မန်ဒယ်လာတို့လို ဒေသတွေရဲ့ အရပ်သား ဧရိယာတွေကိုပါ အပြင်းအထန် တိုက်ခိုက်လာပါတယ်။ ယာမွတ်ခ်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆူဒန် စစ်တပ်ကတော့ ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။