Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆူဒန်က စစ်ပွဲကြား ပိတ်မိနေရာက မိဘမဲ့ ဂေဟာတစ်ခုမှာ ကလေး ၆၀ ကျော် သေဆုံး

ဂေဟာထဲမှာ ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုမှာတော့ ကလေးတွေရဲ့ ရုပ်အလောင်းတွေကို အဖြူရောင် ပိတ်စတွေနဲ့ ထုပ်ပိုးပြီး မြေမြှုပ် သင်္ဂြိုဟ်ဖို့ စိစဉ်နေတာကို တွေ့ရပါတယ်။

ဆူဒန်က စစ်ပွဲကြား ပိတ်မိနေရာက မိဘမဲ့ ဂေဟာတစ်ခုမှာ ကလေး ၆၀ ကျော် သေဆုံး
ဆူဒန်က စစ်ပွဲကြား ပိတ်မိနေရာက မိဘမဲ့ ဂေဟာတစ်ခုမှာ ကလေး ၆၀ ကျော် သေဆုံး

လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုကြား အာဏာလု စစ်ပွဲ ဖြစ်ပွားနေရာ ဆူဒန်နိုင်ငံမှာ မိဘမဲ့ ဂေဟာတစ်ခုထဲ ပိတ်မိနေတဲ့ ကလေးတွေ စုစုပေါင်း ၆၀ ကျော်လောက် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။

ဆူဒန်နိုင်ငံရဲ့ မြို့တော် ခါတွမ်ဟာ နိုင်ငံရဲ့ စစ်တပ်နဲ့ အင်အားကြီး အရန်တပ်တွေကြား ပြင်းပြင်းထန်ထန် စစ်ခင်းတိုက်ခိုက်နေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ခါတွမ်မှာရှိတဲ့ မိဘမဲ့ ဂေဟာတစ်ခုမှာတော့ မွေးကင်းစ ကလေးတွေ၊ အခါလည်သားလေးတွေ အပါအဝင် ကလေးတွေ ဒါဇင်နဲ့ချီပြီး အစာရေစာ ငတ်ပြတ်တာနဲ့ ဖျားနာမှုတွေကြောင့် အသက်ဆုံးရှုံးကုန်ကြောင်း ဂေဟာ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ကဆိုရင် ၂ ရက်တည်းမှာတင် ကလေး ၂၆ ဦးထိ အစုလိုက် သေဆုံးကုန်တယ်လို့ နီးစပ်သူ တစ်ဦးက AFP သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ သေဆုံးတဲ့ထဲမှာ ၃ လသားအရွယ် ကလေးတွေတောင် ပါဝင်ခဲ့ကြောင်း သေစာရင်း မိတ္တူတွေနဲ့ ဂေဟာဝန်ထမ်းတွေဆီက မှတ်ချက်တွေအရ သိရပါတယ်။

ဂေဟာထဲမှာ ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုမှာတော့ ကလေးတွေရဲ့ ရုပ်အလောင်းတွေကို အဖြူရောင် ပိတ်စတွေနဲ့ ထုပ်ပိုးပြီး မြေမြှုပ် သင်္ဂြိုဟ်ဖို့ စိစဉ်နေတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲတွေကြောင့် ဂေဟာအတွက် လိုအပ်တဲ့ အထောက်အပံ့နဲ့ အစားအသောက် လမ်းကြောင်းတွေ လုံးဝ ပြတ်တောက်ကုန်သလို ကလေးတွေ တပြုံကြီးနဲ့ ရွှေ့ပြောင်းဖို့ကလည်း မဖြစ်နိုင်ကြောင်း၊ ဒါ့အပြင် ဝန်ထမ်း တော်တော်များများကလည်း ထွက်ပြေးကုန်လို့ အခြေအနေတွေက အရမ်း ရှုပ်ထွေး ခက်ခဲနေကြောင်း ဂေဟာမှာ စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေသူ အက်ဖ်ကာ အိုမာ မူစတာဖာက ပြောကြားခဲ့ပါတယ်။

တကယ်တော့ ဒီအခြေအနေမျိုးတွေ ကြုံလာမယ် ဆိုတာကို ခါတွမ်မှာ တိုက်ပွဲတွေ စတင်လာ ကတည်းက ရိပ်စားမိခဲ့ကြောင်းလည်း သူက ဝန်ခံပါတယ်။ အခုအခါ ခါတွမ်မှာ တိုက်ပွဲတွေ ဖြစ်နေတာ ၂ လနီးပါး ကြာမြင့်လာပြီး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုတွေကလည်း မအောင်မြင်တော့တာကြောင့် အခြေအနေတွေက ဆက်လက် ဆိုးရွားနေဖွယ် ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။