Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုရီးယားစစ်ပွဲ စတင်မှု နှစ်ပတ်လည် ချီတက်ပွဲတွေ မြောက်ကိုရီးယား ကျင်းပ

ဇွန်လ ၂၅ ရက်က ပြုံယမ်းမြို့လယ်နဲ့ အနီးတဝိုက်မှာ ကျင်းပခဲ့တဲ့ မျိုးချစ်စိတ်ဓာတ် ထက်သန်ရေး အခမ်းအနားတွေနဲ့ ချီတက်ပွဲတွေမှာ အလုပ်သမားတွေ၊ ကျောင်းသားတွေ အပါအဝင် နိုင်ငံသား ၁၂၀၀၀၀ လောက် ပါဝင်ခဲ့ကြကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကိုရီးယားစစ်ပွဲ စတင်မှု နှစ်ပတ်လည် ချီတက်ပွဲတွေ မြောက်ကိုရီးယား ကျင်းပ
ကိုရီးယားစစ်ပွဲ စတင်မှု နှစ်ပတ်လည် ချီတက်ပွဲတွေ မြောက်ကိုရီးယား ကျင်းပ

ကိုရီးယားကျွန်းဆွယ် စစ်ပွဲ စတင်မှု နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားဟာ လူထု စုဝေး ချီတက်ပွဲ အခမ်းအနားတွေ ကျင်းပခဲ့သလို အမေရိကန်ရဲ့ တို့မီးရှို့မီး လုပ်မှုတွေကြောင့် နျူကလီးယားစစ်ပွဲ ပေါ်ပေါက်လာနိုင်ကြောင်း စွပ်စွဲ ဝေဖန်သွားပါတယ်။

ဇွန်လ ၂၅ ရက်က ပြုံယမ်းမြို့လယ်နဲ့ အနီးတဝိုက်မှာ ကျင်းပခဲ့တဲ့ မျိုးချစ်စိတ်ဓာတ် ထက်သန်ရေး အခမ်းအနားတွေနဲ့ ချီတက်ပွဲတွေမှာ အလုပ်သမားတွေ၊ ကျောင်းသားတွေ အပါအဝင် နိုင်ငံသား ၁၂၀၀၀၀ လောက် ပါဝင်ခဲ့ကြကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

KCNAက ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေထဲမှာတော့ အားကစားရုံ တစ်ခုထဲ စုဝေးနေသူတွေက ‘အမေရိကန် တစ်နိုင်ငံလုံး ငါတို့ လက်လှမ်းမီတဲ့ ပစ်ကွင်းထဲမှာ’၊ ‘အရင်းရှင် အမေရိကန်ဟာ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူတွေ’ အစရှိတဲ့ အမေရိကန် ဆန့်ကျင်ရေး စာတန်းတွေကို ကိုင်ဆောင်လာကြတာ တွေ့ရပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ပထမဆုံး ထောက်လှမ်းရေး ဂြိုဟ်တုကို မေလကုန်မှာ လွှတ်တင်ဖို့ ကြိုးစားပြီး မအောင်မြင်ခဲ့ပေမယ့် ဒုတိယအကြိမ် အမြန်ဆုံး အစီအစဉ် ပြန်စဖို့ ကြိုးစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်မှာ အခုလို လူထုအင်အားပြ ချီတက်ပွဲတွေကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

KCNA သတင်းဌာနက မြောက်ကိုရီးယားဟာ ဖောက်ပြန်ရေး အရင်းရှင်ဝါဒီ အမေရိကန်ကို ဖြိုခွင်းဖို့ အစွမ်းအထက်ဆုံး လက်နက် ဖြစ်လာပြီလို့လည်း အစိုးရ အာဘော်တွေကို ကိုးကားပြီး ဖော်ပြသွားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြောက်ကိုရီးယားဟာ သူတို့ရဲ့ လက်နက်တိုက်ထဲက အကြီးမားဆုံး တိုက်ချင်းပစ် ဒုံးကျည်တွေ အပါအဝင် နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ စစ်လက်နက်တွေကို စမ်းသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကြောင့်ပဲ မြောက်ကိုရီးယားဟာ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ ဆက်ဆံရေး ပိုမိုတင်းမာလာနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်ဟာ နျူကလီးယား စစ်ပွဲတစ်ခုကို အကောင်အထည် ဖော်နိုင်ဖို့ အသည်းအသန် ကြိုးစားနေကြောင်း စွပ်စွဲခဲ့ပါတယ်။ ဒေသတွင်းမှာ မဟာဗျူဟာရေးရာ ထိန်းချုပ်နိုင်စွမ်း လျော့ပါးလာတာကို သွေးရူးသွေးတမ်း တုံ့ပြန်ဖို့ အမေရိကန်က အခုလို ကြံစည်နေတာလို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်မှာ စစ်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နှစ်နိုင်ငံဟာ အပစ်အခတ် ရပ်စဲပြီး စစ်ပွဲကို အဆုံးသတ်ခဲ့ပေမယ့် ငြိမ်းချမ်းရေး စာချုပ် မချုပ်ဆိုနိုင်သေးတာကြောင့် လက်ရှိ အချိန်ထိ စစ်ဖြစ်နေဆဲလို့ သတ်မှတ်နိုင်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။

ဆောင်းပါး

စစ်​ကောင်စီက​မူ စစ်ရှုံးမှုအ​ပေါ် တစ်ခွန်းမျှမ​ပြောဘဲ လူမျိုး​ရေအဓိကရုဏ်းဖြစ်ရန်၊ စစ်ပွဲအရှုံးအ​ပေါ်အာရုံ​ပြောင်းရန် သာ လှုံ့​ဆော်စာများဖြန့်​ဝေခြင်းအလုပ်များ​နေသည်ကို​တွေ့ရသည်။