Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြောက်ကိုရီးယား ကိစ္စတွေ ကိုင်တွယ်မယ့် ဝန်ကြီးသစ်ဟာ ပျော့ပျောင်းမယ့်သူ မဟုတ်ဘူးလို့ တောင်ကိုရီးယား သမ္မတပြော

၂၀၁၉ တုန်းက ကင်မ်ရေးသားဖူးတဲ့ အွန်လိုင်း အမြင်ဆောင်းပါး တစ်ခုမှာဆိုရင် မြောက်ကိုရီးယားမှာ ကင်မ်ဂျုံအန်း အစိုးရ ပြုတ်ကျပြီး တစ်နိုင်ငံလုံး အမှန်တကယ် လွတ်လပ်သွားမှသာ နှစ်နိုင်ငံ ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းတွေကို ထူထောင်သင့်တယ်လို့ ဝေဖန် ထောက်ပြထားခဲ့ပါတယ်။

မြောက်ကိုရီးယား ကိစ္စတွေ ကိုင်တွယ်မယ့် ဝန်ကြီးသစ်ဟာ ပျော့ပျောင်းမယ့်သူ မဟုတ်ဘူးလို့ တောင်ကိုရီးယား သမ္မတပြော
မြောက်ကိုရီးယား ကိစ္စတွေ ကိုင်တွယ်မယ့် ဝန်ကြီးသစ်ဟာ ပျော့ပျောင်းမယ့်သူ မဟုတ်ဘူးလို့ တောင်ကိုရီးယား သမ္မတပြော

အသစ် ခန့်အပ်လိုက်တဲ့ ပေါင်းစည်းဆောင်ရွက်ရေး ဝန်ကြီးဟာ မြောက်ကိုရီးယားအပေါ် ပျော့ပျော့ပျောင်းပျောင်း ဆက်ဆံမယ့်သူ မဟုတ်ဘူးလို့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်က သတိပေး ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယား အစိုးရ အဖွဲ့ထဲမှာတော့ ပေါင်းစည်းဆောင်ရွက်ရေး ဝန်ကြီးဌာနဟာ ခါးသီးပြိုင်ဘက် မြောက်ကိုရီးယားနဲ့ ထိတွေ့ဆက်ဆံမှုဆိုင်ရာ မူဝါဒတွေကို အဓိက အကောင်အထည်ဖော် ကိုင်တွယ်ရတာ ဖြစ်ပါတယ်။ သမ္မတ ယွန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကင်မ်ယွန်ဟိုကို ပေါင်းစည်းဆောင်ရွက်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ထားခဲ့တာပါ။

ယွန်က အရင်တုန်းကဆိုရင် အဲဒီ ဝန်ကြီးဌာနဟာ မြောက်ကိုရီးယားကို ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့နိုင်ရေး တစ်ခုတည်းကိုပဲ အဓိက အားစိုက်လေ့ ရှိတယ်လို့ ဝေဖန်ပါတယ်။ ပေါင်းစည်း ဆောင်ရွက်ရေး ဝန်ကြီးဌာနဟာ မြောက်ကိုရီးယားအတွက် ထောက်ပံ့ရေး အေဂျင်စီ တစ်ခုလို အလုပ်လုပ်နေတယ် ဆိုတာက သိပ်ကို မှားယွင်းတယ်လို့လည်း သူက ဆိုပါတယ်။

ဝန်ကြီးအသစ် ကင်မ်ဟာ ကွန်ဆာဗေးတစ် တစ်ဦးဖြစ်ပြီး မြောက်ကိုရီးယား အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ရင် ပွင့်ပွင့်လင်းလင်း လူသိရှင်ကြား ဝေဖန်လေ့ရှိသူ တစ်ဦး ဖြစ်ပါတယ်။ လောလောဆယ် ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေတဲ့တိုင် ကင်မ်ရဲ့ ရပ်တည်မှုမျိုးဟာ ပေါင်းစည်းဆောင်ရွက်ရေး ဝန်ကြီးဌာနအတွက် အမှန်တကယ် လိုအပ်တယ်လို့ သမ္မတ ယွန်က ယုံကြည်နေပါတယ်။

Public Service Announcement

Public Service Announcement

ပေါင်းစည်း ဆောင်ရွက်ရေး ဝန်ကြီးဌာနဟာ အမှန်တကယ် ပြောင်းလဲရတော့မှာ ဖြစ်ကြောင်း၊ ဝန်ကြီးအသစ်ဟာ မြောက်ကိုရီးယားကို ပျော့ပျော့ပျောင်းပျောင်း ချဉ်းကပ်နေမယ့် သဘော မရှိကြောင်း ယွန်က ပြောခဲ့တယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

နောက်ပြီး သမ္မတဟာ ဝန်ကြီးဌာန အနေနဲ့ လစ်ဘရယ် ဒီမိုကရက် စံနှုန်းတွေကို ပိုမို အလေးထားဖို့၊ လူ့အသက်တွေနဲ့ ပတ်သက်ရင် ပိုမိုကောင်းမွန်တဲ့ စီမံကိုင်တွယ်မှု၊ ရပ်တည်မှုမျိုးတွေ ပြသဖို့လည်း တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

၂၀၁၉ တုန်းက ကင်မ်ရေးသားဖူးတဲ့ အွန်လိုင်း အမြင်ဆောင်းပါး တစ်ခုမှာဆိုရင် မြောက်ကိုရီးယားမှာ ကင်မ်ဂျုံအန်း အစိုးရ ပြုတ်ကျပြီး တစ်နိုင်ငံလုံး အမှန်တကယ် လွတ်လပ်သွားမှသာ နှစ်နိုင်ငံ ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းတွေကို ထူထောင်သင့်တယ်လို့ ဝေဖန် ထောက်ပြထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။