Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်နဲ့ ရုရှား ဗုံးကြဲလေယာဉ်တွေ လေပိုင်နက်နား ချဉ်းကပ်ခဲ့မှု တောင်ကိုရီးယား ဝေဖန်

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ရုရှားနဲ့ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းမှုတွေမှာ ပိုမို မြှင့်တင်ဖို့ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။

တရုတ်နဲ့ ရုရှား ဗုံးကြဲလေယာဉ်တွေ လေပိုင်နက်နား ချဉ်းကပ်ခဲ့မှု တောင်ကိုရီးယား ဝေဖန်
တရုတ်နဲ့ ရုရှား ဗုံးကြဲလေယာဉ်တွေ လေပိုင်နက်နား ချဉ်းကပ်ခဲ့မှု တောင်ကိုရီးယား ဝေဖန်

တရုတ်နဲ့ ရုရှား ဗုံးကြဲ လေယာဉ်တွေက နိုင်ငံပိုင်နက်နားထိ ချဉ်းကပ် ပျံသန်းခဲ့တာနဲ့ ပတ်သက်လို့ တောင်ကိုရီးယားက ကာကွယ်ရေး ဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

အခု သီတင်းပတ်အတွင်း တောင်ကိုရီးယား လေပိုင်နက် အပြင်ဖက်က လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ်ထားရာ နေရာထဲကို တရုတ်နဲ့ ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေက ဝင်ရောက် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားတို့ဟာ ပစိဖိတ် သမုဒ္ဒရာ ရေပြင်ပေါ်မှာ လေတပ်တွေ ပူးပေါင်း စစ်ရေး လေ့ကျင့်နေတာပါ။

ပြိုင်ဘက် နှစ်နိုင်ငံဆီက စစ်လေယာဉ် ၄ စီးလောက် ချဉ်းကပ်လာတဲ့နောက် တောင်ကိုရီးယားဟာ တိုက်လေယာဉ်တွေ အရေးပေါ် စေလွှတ်ပြီး အခြေအနေကို ကြားဖြတ် စောင့်ကြည့်စေခဲ့ပါတယ်။ နိုင်ငံတစ်ခုရဲ့ လေပိုင်နက် အပြင်မှာ သတ်မှတ်ထားလေ့ရှိတဲ့ လေကြောင်းကာကွယ်ရေးဇုန်ကို နိုင်ငံတကာ ဥပဒေတွေမှာ အသိအမှတ် ပြုထားတာမျိုး မရှိပါဘူး။

ဒါကြောင့် တရုတ်နဲ့ ရုရှားတို့ဟာ တောင်ကိုရီးယား လေပိုင်နက်ကို ကျူးကျော်တဲ့ အဓိပ္ပါယ်တော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း တောင်ကိုရီးယားကတော့ တရုတ်နဲ့ ရုရှား လေယာဉ်တွေဟာ ကြိုတင် အကြောင်းကြားမှု မရှိဘဲ အဲဒီဇုန်ထဲ ဝင်ရောက်ခဲ့တာဖြစ်ပြီး တကယ်လို့ တောင်ကိုရီးယား လေယာဉ်တွေသာ ရှိနေရင် မလိုလားအပ်တဲ့ မတော်တဆမှုတွေ ကြုံသွားနိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်နေချိန် အတောအတွင်း တရုတ်နဲ့ ရုရှား ဗုံးကြဲလေယာဉ်တွေဟာ ဂျပန် လေပိုင်နက်နားကိုလည်း ရောက်ရှိခဲ့တာကြောင့် ဂျပန် ပြည်စောင့်တပ်ဖွဲ့ လေတပ် တိုက်လေယာဉ်တွေလည်း အလားတူ အရေးပေါ် တုံ့ပြန်ပြီး ပျံတက်ခဲ့ရပါသေးတယ်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ရုရှားနဲ့ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းမှုတွေမှာ ပိုမို မြှင့်တင်ဖို့ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။

မကြာသေးခင် အတောအတွင်း တရုတ် လေတပ်နဲ့ ရေတပ်ဟာ ရန်လိုပြီး ပရော်ဖက်ရှင်နယ် မပီသတဲ့ ချဉ်းကပ် ခုတ်မောင်းမှု၊ ပျံသန်းမှုတွေ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်ကလည်း စွပ်စွဲ ပြောဆိုထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။