Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အသစ်တွေ ထပ်ဝယ်ဦးမယ့် အစ္စရေး

အစ္စရေး လေတပ်ဟာ အမေရိကန်လုပ် F-16နဲ့ F-15 တိုက်လေယာဉ်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အသစ်တွေ ထပ်ဝယ်ဦးမယ့် အစ္စရေး
ကမ္ဘာ့အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အသစ်တွေ ထပ်ဝယ်ဦးမယ့် အစ္စရေး

ကမ္ဘာပေါ်မှာ ခေတ်အမီဆုံးလို့ သတ်မှတ် ခံထားရတဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို အစ္စရေးက နောက်ထပ် ၂၅ စီး ဖြည့်တင်း ဝယ်ယူသွားမယ်လို့ သိရပါတယ်။

အမေရိကန်က ဦးဆောင်ထုတ်လုပ်ပြီး အရင်းနှီးဆုံး မဟာမိတ် နိုင်ငံတွေကိုသာ ရောင်းချပေးတဲ့ F-35 Lighting II အမျိုးအစား တိုက်လေယာဉ် ၂၅ စီးကို ဒေါ်လာ ၃ ဘီလီယံနဲ့ ထပ်မံ ဝယ်ယူသွားမယ်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ အဲဒီ တိုက်လေယာဉ်တွေဟာ နောက်ဆုံးပေါ် အဆင့်မြင့် ပဉ္စမမျိုးဆက် နည်းပညာတွေ ဖြည့်တင်းထားပြီး ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်စွမ်းရည် မြင့်မြင့်မားမား ပိုင်ဆိုင်ထားပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက အခု ဝယ်ယူမှုရဲ့ စာချုပ်စာတမ်းနဲ့ ငွေကြေး လွှဲပြောင်းမှုဆိုင်ရာ ကိစ္စရပ်တွေဟာ လပိုင်းအတွင်း အပြီးသတ် ညှိနှိုင်း အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

Lockheed Martin ကုမ္ပဏီက ထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေ ထပ်မံ ရရှိပြီးရင် အစ္စရေးဟာ F-35တွေ ၂၅ စီးစီ စုဖွဲ့ထားတဲ့ တိုက်လေယာဉ်အုပ်စု ၃ ခုထိ ပိုင်ဆိုင်လာတော့မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

F-35တွေကို Lockheed Martinက ထုတ်လုပ်ချိန်မှာ အစ္စရေး နည်းပညာတွေကိုပါ ထည့်သွင်း ပေါင်းစပ်ထားပါတယ်။ ဥပမာ အနေနဲ့ တိုက်လေယာဉ်မှူးတွေအတွက် ထုတ်လုပ်ထားတဲ့ နည်းပညာမြင့် ခေါင်းဆောင်းတွေကို အစ္စရေးရဲ့ Elbit Systmesနဲ့ အမေရိကန်ရဲ့ Rockwell Collins ကုမ္ပဏီတို့ ပူးပေါင်း ဖန်တီးထားပါတယ်။ ပြီးတော့ F-35တွေအတွက် တောင်ပံတွေကိုလည်း အစ္စရေး လေကြောင်းသိပ္ပံ စက်မှုလုပ်ငန်း (IAI)က ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။

အစ္စရေးဟာ F-35တွေ စုဖွဲ့ထားတဲ့ တတိယမြောက် တိုက်လေယာဉ်အုပ်တစ်ခု ထူထောင်ရေးကို နှစ်အတော်ကြာ အကျေအလည် ဆွေးနွေး ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လေထဲမှာ ဆီဖြည့်ပေးနိုင်တဲ့ KC-46A အမျိုးအစား လေယာဉ်ကြီးတွေနဲ့ Sikorsky CH-53K King Stallion ရဟတ်ယာဉ် အသစ်တွေ ဝယ်ယူဖို့လည်း အလေးအနက် စဉ်းစားနေပါတယ်။

အစ္စရေး လေတပ်ဟာ အမေရိကန်လုပ် F-16နဲ့ F-15 တိုက်လေယာဉ်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၁၉၉၀ မတိုင်ခင်အထိ မြန်မာစစ်အစိုးရ လေတပ်မှာ အသံထက်မြန်တဲ့နှုန်းနဲ့မောင်းနှင်နိုင်တဲ့ ဂျက်တိုက်လေယာဉ် မပိုင်ဆိုင်ပါဘူး။မြန်မာလေတပ် ရဲ့ ပထမဆုံး အသက်ထက်မြန် တိုက်လေယာဉ်ကတော့ တရုတ်ထုတ် F -7 လေယာဉ်ပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

အီရန် အဓိပတိကို လုပ်ကြံမယ့် အစ္စရေးရဲ့ အကြံအစည်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြားဝင် ဟန့်တားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ အစ္စရေးကြားက အပြန်အလှန် တိုက်ခိုက်မှုတွေဟာ ရပ်စဲမသွားသေးဘဲ စတုတ္ထနေ့အဖြစ် ဆက်လက် အရှိန်မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

စစ်ရေးပစ်မှတ်တွေ၊ လက်နက်ရုံတွေနားမှာ နေထိုင်တဲ့ အီရန် ပြည်သူတွေ အနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ အစ္စရေး စစ်တပ်က သတိပေးထားပါတယ်။