Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားကို ပြန်လာခဲ့တဲ့ Wagner ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်

ပရစ်ဂေါ့ဇင်ဟာ သူ့ကားထဲကနေ FSB အေးဂျင့်တွေ သိမ်းယူသွားတဲ့ ရူဘယ်ငွေ ၁၀ ဘီလီယံ (ဒေါ်လာ သန်း ၁၀၀ ကျော်)ကိုလည်း ပြန်လည် ရရှိခဲ့တယ်လို့ သိရပါတယ်။

ရုရှားကို ပြန်လာခဲ့တဲ့ Wagner ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်
ရုရှားကို ပြန်လာခဲ့တဲ့ Wagner ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်

ရုရှား အစိုးရအပြင် တစ်ကမ္ဘာလုံး အငိုက်မိသွားစေတဲ့ ပုန်ကန်မှုကြီးကို အကောင်အထည် ဖော်ပြခဲ့သူ Wagner ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်ဟာ ရုရှားနိုင်ငံကို ပြန်ရောက်နေကြောင်း သိရပါတယ်။

သူ့ကို အခုသီတင်းပတ် အစောပိုင်းတုန်းက စိန့်ပီတာစဘက်ဂ် မြို့ထဲက FSB ရုရှား ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို ရုံးခန်းမှာ တွေ့မြင်လိုက်သူတွေ ရှိခဲ့ပါတယ်။ သတင်းတွေအရ ပရစ်ဂေါ့ဇင်ဟာ တစ်ရက်ကြာ ပုန်ကန်မှုအပြီး ရုရှားမှာ ကျန်နေခဲ့တဲ့ Wagner အဖွဲ့ပိုင် စစ်လက်နက်တွေကို ပြန်လည် ယူဆောင်သွားဖို့ စိန့်ပီတာစဘက်ဂ်ကို ရောက်နေတာလို့ သိရပါတယ်။

သမ္မတ ဗလာဒီမာ ပူတင်ရဲ့ မဟာမိတ်ဟောင်း တစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း ပရစ်ဂေါ့ဇင်ဟာ ဇွန်လကုန်မှာ ရုရှား စစ်ဦးစီးတွေကို ဖြုတ်ချပစ်မယ်လို့ ကြွေးကြော်ပြီး ယူကရိန်း နယ်စပ်ကနေ မော်စကိုထိ Wagner တပ်ဖွဲ့တွေကို ချီတက်စေခဲ့ပါတယ်။ ဒါပေမဲ့ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုရဲ့ ကြားဝင် ညှိနှိုင်းပေးမှုကြောင့် ၂၄ နာရီ အကြာမှာ Wagnerတွေက ပုန်ကန်မှုကို ရပ်တန့်လိုက်ပြီး နောက်ကြောင်း ပြန်လှည့်သွားသလို ပရစ်ဂေါ့ဇင်က ဘီလားရုစ်မှာ သွားရောက် ခိုလှုံနေခဲ့ပါတယ်။

ပရစ်ဂေါ့ဇင်က သူဟာ ဘယ်တုန်းကမှ ရုရှားအစိုးရကို ဖြုတ်ချဖို့ မရည်ရွယ်ခဲ့ဘဲ စစ်တပ် အကြီးအကဲတွေကိုသာ ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားထားပါတယ်။ ယူကရိန်း စစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကာလတွေအတွင်း ရုရှားစစ်တပ်နဲ့ Wagner အဖွဲ့ကြားမှာ ကြီးကြီးမားမား စိတ်ဝမ်းကွဲမှုတွေ အထင်အရှား ရှိလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သတင်းတွေအရ FSBဟာ ပုန်ကန်မှုအပြီး Wagnerတွေဆီ သိမ်းယူထားတဲ့ စစ်လက်နက်တွေကို ပြန်ယူဆောင်ဖို့ ပရစ်ဂေါ့ဇင်ကို ဖိတ်ခေါ်ခဲ့ကြောင်း သိရပါတယ်။ ပရစ်ဂေါ့ဇင်ဆီ ပြန်ပေးခဲ့တဲ့ စစ်လက်နက်တွေထဲမှာ ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျီရွှိုင်ဂူ လက်ဆောင်ပေးခဲ့ဖူးတဲ့ ပစ္စတို တစ်လက်လည်း ပါဝင်ပါတယ်။ ရွှိုင်ဂူ ဆိုတာက Wagnerတပ်တွေ မော်စကိုထိ ချီတက်ရာမှာ ပရစ်ဂေါ့ဇင်က ဖြုတ်ချပစ်ဖို့ ရည်ရွယ်ခဲ့တဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ပါတယ်။

ပရစ်ဂေါ့ဇင်ဟာ သူ့ကားထဲကနေ FSB အေးဂျင့်တွေ သိမ်းယူသွားတဲ့ ရူဘယ်ငွေ ၁၀ ဘီလီယံ (ဒေါ်လာ သန်း ၁၀၀ ကျော်)ကိုလည်း ပြန်လည် ရရှိခဲ့တယ်လို့ သိရပါတယ်။

Wagnerတွေနဲ့ ခွာပြဲသွားတဲ့နောက် ကြေးစားတပ်တွေ ဆုတ်ခွာသွားလို့ လစ်လပ်နေတဲ့ ရှေ့တန်း စစ်မြေပြင်တွေမှာ လူအင်အား ပြန်ဖြည့်ဖို့ ကြိုးစားနေတဲ့ ရုရှားစစ်တပ်ဟာ ချီချန် အခြေစိုက် တပ်တွေနဲ့ ထောင်ကျ အကျဉ်းသားတွေကို ပိုမို စေလွှတ်နေတယ်လို့လည်း အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေးတွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။