Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Wagner ကြေးစားတပ်က အာဏာသိမ်းဖို့ ကြံနေကြောင်း ရုရှားစစ်တပ် စွပ်စွဲ၊ လုံခြုံရေး အစီအမံတွေ အားဖြည့်

သမ္မတ ပူတင်အတွက်တော့ ယူကရိန်း စစ်ပွဲအတွက် ခေါင်းစားနေရတဲ့ အချိန်မှာ မထင်မှတ်ဘဲ စစ်မျက်နှာသစ် တစ်ခုနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။ ပိုဆိုးရွားတာက မဟာမိတ်အဖြစ် ရှိခဲ့တဲ့ အင်အားစု တစ်ခုက ကိုယ့်ဖက်ကို သေနတ်ပြောင်း ပြန်လှည့်လာတာကိုပါ ရင်ဆိုင်လာရတာပါ။

Wagner ကြေးစားတပ်က အာဏာသိမ်းဖို့ ကြံနေကြောင်း ရုရှားစစ်တပ် စွပ်စွဲ၊ လုံခြုံရေး အစီအမံတွေ အားဖြည့်
Wagner ကြေးစားတပ်က အာဏာသိမ်းဖို့ ကြံနေကြောင်း ရုရှားစစ်တပ် စွပ်စွဲ၊ လုံခြုံရေး အစီအမံတွေ အားဖြည့်

ရုရှားရဲ့ နာမည်ကြီး ကြေးစားတပ်ဖြစ်တဲ့ Wagnerဟာ ရုရှား စစ်ဦးစီးတွေကို ဖြုတ်ချပစ်မယ်လို့ ကြွေးကြော်ပြီး မဟာဗျူဟာ မြို့တစ်မြို့ထဲမှာ ဝင်ရောက် ထိန်းချုပ်လိုက်တဲ့နောက် ရုရှားမှာ အရေးပေါ် လုံခြုံရေး အစီအမံတွေ မျက်ကလူးဆန်ပြာနဲ့ ဖြန့်ကျက်နေရပြီ ဖြစ်ပါတယ်။

Wagnerတွေဟာ ယူကရိန်း စစ်ပွဲမှာ ထဲထဲဝင်ဝင် ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကြေးစားတပ် တစ်ခုဖြစ်ပြီး Wagner ခေါင်းဆောင် ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်းဟာ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ မဟာမိတ် တစ်ဦးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားစစ်တပ်နဲ့ Wagnerတွေကြားမှာ သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်ခဲ့ပါတယ်။

အခုတော့ Wagnerတွေက ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျီရွှိုင်ဂူ၊ စစ်ဦးစီး အရာရှိ ဗလာရီ ဂီရာဆီမော့ဗ်တို့ အပါအဝင် စစ်တပ် အကြီးအကဲတွေကို ဖယ်ရှားမယ်လို့ ကြွေးကြော်ပြီး ယူကရိန်း နယ်စပ်ကနေ ရုရှားပိုင်နက်ထဲ စတင်ဖြတ်ကျော် ဝင်ရောက်လာခဲ့ပါတယ်။ ဇွန် ၂၃ ရက်မှာတော့ Wagner တပ်တွေဟာ ရုရှားရဲ့ ရော့စတော့ဗ် မြို့ကိုပါ ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ရုရှား စစ်တပ်ကတော့ Wagnerတွေရဲ့ လုပ်ရပ်ဟာ လက်နက်ကိုင် ပုန်ကန်ရာရောက်ပြီး အာဏာသိမ်းဖို့ အားထုတ်နေတာလို့ စွပ်စွဲပါတယ်။ ပရစ်ဂေါ့ဇင်းက သူဟာ အာဏာသိမ်းတာ လုံးဝ မဟုတ်ဘဲ ရုရှားစစ်တပ် ထိပ်ပိုင်း အရာရှိတွေကိုသာ ပစ်မှတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဇွန်လ ၂၃ ရက်မှာ အရပ်သား ယာဉ်တန်းကို တိုက်ခိုက်နေတဲ့ ရုရှား စစ်ရဟတ်ယာဉ် တစ်စီးကိုပါ သူ့တပ်ဖွဲ့ဝင်တွေ့ ပစ်ချခဲ့တယ်လို့ ပရစ်ဂေါ့ဇင်းက ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ ပစ်ချခဲ့သလဲ ဆိုတာကိုတော့ သူက တိတိကျကျ မှတ်ချက် မပေးပါဘူး။

Public Service Announcement

Public Service Announcement

သမ္မတ ပူတင်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ကရင်မလင် နန်းတော် အနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ခြွင်းချက်မရှိ သဘောပေါက် နားလည်ထားပြီး လိုအပ်တဲ့ လုံခြုံရေး ဖြန့်ကျက်မှုတွေ လုပ်ဆောင်ထားကြောင်း အတည်ပြုသွားပါတယ်။

ရော့စတော့ဗ် မြို့တော်ဝန်ရုံးကတော့ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို ရှောင်ဖို့ မြို့ခံတွေကို တိုက်တွန်းထားပါတယ်။ တချိန်တည်းမှာပဲ ပရစ်ဂေါ့ဇင်းက သူ့တပ်ဖွဲ့တွေဟာ ရည်မှန်းချက်ထိ ချီတက်ရာ လမ်းကြောင်းတလျှောက် တားဆီးသူ မှန်သမျှကို သည်းခံမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

Wagnerနဲ့ ရုရှားစစ်တပ်ဟာ ယူကရိန်း စစ်ပွဲကာလမှာ ဆက်ဆံရေး အကြိတ်အခဲတွေ ကြီးထွားလာတာ ဖြစ်ပါတယ်။ ရုရှားတပ်တွေ သိမ်းယူလို့ မရနိုင်တဲ့ ယူကရိန်းပိုင် ဘက်ခ်မတ်မြို့ကို Wagnerတွေက ဦးဆောင်ပြီး သိမ်းပိုက်နိုင်ခဲ့တာကြောင့် ပရစ်ဂေါ့ဇင်းက သိက္ခာတက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစစ်ပွဲမှာ ရုရှား စစ်တပ်ဟာ ကတိပေးထားတဲ့ လက်နက်ကြီး ကျည်ဆန်တွေ အချိန်မီ မထောက်ပံ့ပေးဖို့ သူ့တပ်သားတွေ အများအပြား မဖြစ်သင့်ဘဲ အသက်ဆုံးရှုံးခဲ့ရကြောင်း ပရစ်ဂေါ့ဇင်းက လူသိရှင်ကြား ဝေဖန်ခဲ့ဖူးပါတယ်။

အခု ပြဿနာကတော့ Wagnerရဲ့ စစ်စခန်း တစ်ခုကို ရုရှားစစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် တပ်ဖွဲ့ဝင်တွေ သေကြေခဲ့တာကို လက်တုံ့ပြန်မယ်လို့ ကြွေးကြော်ပြီး ပရစ်ဂေါ့ဇင်က မော်စကိုဆီ ချီတက်စေခဲ့ရာက စတင်ပါတယ်။ ရုရှားစစ်တပ်က Wagner စခန်းကို တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်ကို ငြင်းဆန်ပြီး ပရစ်ဂေါ့ဇင်က လက်နက်ကိုင် ပုန်ကန်ဖို့ မဟုတ်မမှန် အကြောင်းပြချက် ပေးထားတာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

သမ္မတ ပူတင်အတွက်တော့ ယူကရိန်း စစ်ပွဲအတွက် ခေါင်းစားနေရတဲ့ အချိန်မှာ မထင်မှတ်ဘဲ စစ်မျက်နှာသစ် တစ်ခုနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။ ပိုဆိုးရွားတာက မဟာမိတ်အဖြစ် ရှိခဲ့တဲ့ အင်အားစု တစ်ခုက ကိုယ့်ဖက်ကို သေနတ်ပြောင်း ပြန်လှည့်လာတာကိုပါ ရင်ဆိုင်လာရတာပါ။

ပရစ်ဂေါ့ဇင်က သူ့အဖွဲ့သားတွေအပြင် ယူကရိန်း စစ်မြေပြင်မှာ ထောင်သောင်းချီတဲ့ ရုရှားစစ်သားတွေကိုပါ အလဟဿ အသက်ပြုန်းတီးနေစေတဲ့ မကောင်းဆိုးရွား စစ်ဗိုလ်ချုပ်တွေကို အမြစ်ဖြတ်ဖို့ သံန္နိဋ္ဌာန် ချထားကြောင်း ပြောပါတယ်။ လောလောဆယ်တော့ မော်စကိုမှာ လုံခြုံရေး အစီအမံတွေ ချဲ့ထွင်ပြီး အသင့်ပြင်ဆင်နေတာကို တွေ့ရပါတယ်။

Wagnerဟာ ခက်ထန်ကြမ်းတမ်းပြီး ကျင့်ဝတ်ပိုင်းကို အလေးမထားတဲ့ ကြေးစားတပ် တစ်ခုအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ Wagnerဟာ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ စစ်ပြန် ကွန်မန်ဒိုဟောင်းတွေအပြင် ဆိုးရွားတဲ့ ရာဇဝတ် ပြစ်ဒဏ် ကျူးလွန်ထားဖူးတဲ့ အကျဉ်းသားဟောင်းတွေကိုပါ တပ်ဖွဲ့ဝင်အဖြစ် စုစည်းထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။