Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူသိများတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဝက်ဝံကြီး တစ်ကောင်ကို ကယ်လီဖိုးနီးယားမှာ ဖမ်းမိ

ဟန့်ခ်လိုပဲ နေအိမ်တွေထဲထိ ဝင်ရောက် အစာရှာတတ်တဲ့ ဝက်ဝံ နောက်ထပ် နှစ်ကောင် ရှိနေသေးပြီး လောလောဆယ် ဘယ်ရောက်နေကြသလဲ၊ ဒါမှမဟုတ် အသက်ရှင်လျက် ရှိနေသေးသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

လူသိများတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဝက်ဝံကြီး တစ်ကောင်ကို ကယ်လီဖိုးနီးယားမှာ ဖမ်းမိ
လူသိများတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဝက်ဝံကြီး တစ်ကောင်ကို ကယ်လီဖိုးနီးယားမှာ ဖမ်းမိ

ဖောက်ထွင်းဝိဇ္ဇာလို့ နာမည်ကြီးတဲ့ ဝက်ဝံကြီး တစ်ကောင်ကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဖမ်းဆီး ရမိခဲ့ပါတယ်။

သူ့သတင်းကို ကြားရသူက တင့်ကားကြီး ဟန့်ခ်လို့ ချစ်စနိုး နာမည်ပြောင် ပေးထားတဲ့ ဝက်ဝံကြီးဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း နေအိမ်ပေါင်း ၂၁ ခုထက် မနည်းကို ဖောက်ထွင်း ဝင်ရောက်ပြီး အစာရှာခဲ့တာကြောင့် လူသိများပါတယ်။ ပေါင်ချိန် ၅၀၀ လောက် အလေးချိန်ရှိတဲ့ ဝက်ဝံနက်ကြီးဟာ လိတ်ခ်တာဟိုး ဧရိယာ တဝိုက်က နေအိမ်တွေကို ပစ်မှတ်ထား ဖောက်ထွင်း ဝင်ရောက်လေ့ ရှိခဲ့ပါတယ်။

ဟန့်ခ်ဟာ ဆာလောင်နေတဲ့ ဝက်ဝံအမကြီး တစ်ကောင်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး သူ့ကို ဖမ်းဆီး ရမိချိန်မှာ ဝက်ဝံပေါက်လေး ၃ ကောင်ကိုပါ ရှာတွေ့ခဲ့ပါတယ်။ ဟန့်ခ်နဲ့ ဝက်ဝံပေါက်လေးတွေကို ကယ်လီဖိုးနီးယားက ဆိုနိုမာ ခရိုင်မှာရှိတဲ့ တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ဂေဟာ တစ်ခုဆီ ပို့ဆောင်ပြီး အဲဒီကနေတဆင့် ကော်လိုရာဒို ပြည်နယ်မှာရှိတဲ့ ဘေးမဲ့တောထဲမှာ လွှတ်ပေးဖို့ စီစဉ်ထားပါတယ်။

ဟန့်ခ်ဟာ လူနေအိမ်တွေထဲ ဖောက်ထွင်းဝင်ရောက်ပြီး အစာရှာဖွေတဲ့ အလေ့အကျင့်နဲ့ အသားကျလာတဲ့အခါ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာ တစ်ခုခု မတော်တဆ ကြုံသွားနိုင်ကြောင်း၊ ဒီအခြေအနေအရ သူနဲ့ မိသားစုကို လူတွေနဲ့ဝေးတဲ့ ဘေးမဲ့သစ်တော ဧရိယာ တစ်ခုဆီ ပို့ဆောင်ပေးဖို့ကလွဲလို့ တခြား ရွေးချယ်စရာ နည်းလမ်း မရှိတော့ကြောင်း ပြည်နယ် သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝက်ဝံပေါက်လေးတွေကိုလည်း သဘာဝ တောရိုင်းပတ်ဝန်းကျင်နဲ့ ယဉ်ပါးအောင် ပြန်လေ့ကျင့်ပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မူလက ကယ်လီဖိုးနီးယားမှာ နေအိမ်တွေထဲ ဖောက်ထွင်းဝင်ရောက် အစာရှာဖွေမှု အခု ၄၀ လောက်နဲ့ ဟန့်ခ်က ဆက်စပ်တယ်လို့ ယုံကြည်ခဲ့ရပေမယ့် DNA စစ်ဆေးမှုတွေအရ ၂၁ ခုကသာ ဟန့်ခ်လက်ချက် ဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဟန့်ခ်လိုပဲ နေအိမ်တွေထဲထိ ဝင်ရောက် အစာရှာတတ်တဲ့ ဝက်ဝံ နောက်ထပ် နှစ်ကောင် ရှိနေသေးပြီး လောလောဆယ် ဘယ်ရောက်နေကြသလဲ၊ ဒါမှမဟုတ် အသက်ရှင်လျက် ရှိနေသေးသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေယာဉ်ပြေးလမ်းပေါ် လျှောက်သွားနေတဲ့ ဝက်ဝံတစ်ကောင်ကြောင့် ဂျပန်က လေဆိပ်တစ်ခုမှာ ပုံမှန် လုပ်ငန်းလည်ပတ်မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

နိုင်ငံတကာ

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျလိစ်မြို့က ဆူပူ ဆန္ဒပြမှုတွေကို တုံ့ပြန် ကိုင်တွယ်ဖို့အတွက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေကိုပါ ဖြန့်ကျက်အသုံးပြုဖို့ သမ္မ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံတစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ စတုတ္ထ စီးပွားရေးအင်အား အတောင့်တင်းဆုံး ဖြစ်မယ့် အခြေအနေကို ကယ်လီဖိုးနီးယား ပြည်နယ်က ရောက်ရှိလာပါတယ်။

သတင်း

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ထိန်းချုပ်‌ ဒေသမိုင်းပေါက်မြို့တွင် လှောင်အိမ်ဖြင့် မွေးထားသော ဝက်ဝံကိုက်၍ ကလေးငယ်တစ်ဦး သေဆုံးသွားသည်။