Connect with us

Hi, what are you looking for?

ဗီဒီယို

လူ ၁၀ ဦး သေဆုံးခဲ့တဲ့ ကယ်လီဖိုးနီးယားက ပစ်ခတ်မှုရဲ့ နောက်ခံ အကြောင်းရင်းကို စုံစမ်းနေ

ရဲတွေဟာ ထရန်ရဲ့ ဗင်ကားထဲမှာ လူသတ်မှုနဲ့ ဆက်စပ်တဲ့ အထောက်အထားတွေ ရှာတွေ့ထားပေမယ့် ဘာကြောင့် အခုလို အစုလိုက် ပစ်ခတ်မှုမျိုး ကျူးလွန်ခဲ့သလဲ ဆိုတာကိုတော့ အဖြေရှာမရဘဲ ပဟေဠိ ဆန်နေဆဲလို့ သိရပါတယ်။

တရုတ်နှစ်သစ်ကူး ကာလက ကယ်လီဖိုးနီးယားမှာ လူ ၁၀ ဦးကို ပစ်သတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ သေနတ်သမားရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့က အပူတပြင်း ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကယ်လီဖိုးနီးယားမှာရှိတဲ့ အာရှနွယ်ဖွား အမေရိကန် အများစု အဓိက နေထိုင်ရာက မွန်ထရီပက်ခ်မြို့မှာ အသက် ၇၂ နှစ်အရွယ် ဟူကန်ထရန်ဆိုတဲ့ အမျိုးသားက ပစ်ခတ်တာကြောင့် လူ ၁၀ ဦးသေပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ လော့စ်အန်ဂျလိစ်မြို့တော် အရှေ့ဖက်နားက အက စတူဒီယို တစ်ခုမှာ ထရန်က လူတွေကို ပစ်သတ်ခဲ့တဲ့နောက် တခြား ခန်းမတစ်နေရာထဲ သွားရောက်ပြီး နောက်ထပ် အနည်းဆုံး လူ ၂ ယောက်လောက်ကို ပစ်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ဖျတ်လတ်ပြီး သတ္တိကောင်းတဲ့ ဒေသခံ တချို့က သူ့သေနတ်ကို လုယူထားနိုင်ခဲ့တာကြောင့် ထရန်ဟာ ထွက်ပြေးသွားခဲ့ပါတယ်။ ရဲတွေက နာရီနဲ့ချီအောင် ဖြန့်ကျက် ရှာဖွေခဲ့တဲ့နောက် ရပ်နားထားတဲ့ ဗင်ကားတစ်စီးထဲမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ အလောင်းဟာ ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ထားတဲ့ ထရန်ကိုယ်တိုင် ဖြစ်တယ်လို့ ရဲတွေက အတည်ပြုခဲ့ပါတယ်။

အခုပစ်ခတ်မှုမှာ ကြံရာပါ မရှိခဲ့ဘဲ ထရန် တစ်ကိုယ်တော် ကျူးလွန်ခဲ့တာလို့လည်း ရဲတွေက ပြောပါတယ်။ ဒါပေမဲ့ ဘာကြောင့် အခုလို အစုလိုက် သတ်ဖြတ်တာမျိုး လုပ်ခဲ့သလဲ ဆိုတာကို မသိရသေးဘဲ နောက်ကွယ်က အကြောင်းရင်းကို ဆက်ပြီး စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၂၂ ရက်မှာ အိမ်ဖြူတော်က အမေရိကန် အလံကို တိုင်တစ်ဝက် နှိမ့်ချလွှင့်ထူပြီး သေဆုံးသူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြသဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ပြီးတော့ သူနဲ့ ဇနီးဖြစ်သူ ဂျီလ်တို့ဟာ ပစ်ခတ်မှုအတွင်း ထိခိုက်သေကြေခဲ့သူတွေအတွက် ဆုတောင်းပေးကြောင်းလည်း ဘိုင်ဒန်က Twitterမှာ ရေးသားထားခဲ့ပါတယ်။

လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရောဘတ် လူနာကတော့ ထရန်ဆီက ဆီမီးအော်တိုမက်တစ် ပစ္စတိုကို ရဲရဲရင့်ရင့် လုယူခဲ့တဲ့ သူတွေကို ချီးကျူးခဲ့ပြီး အဲဒီ လုပ်ရပ်မျိုးသား မရှိခဲ့ရင် အသေအပျောက် ပိုများသွားနိုင်တယ်လို့ ဆိုပါတယ်။

ရဲတွေဟာ ထရန်ရဲ့ ဗင်ကားထဲမှာ လူသတ်မှုနဲ့ ဆက်စပ်တဲ့ အထောက်အထားတွေ ရှာတွေ့ထားပေမယ့် ဘာကြောင့် အခုလို အစုလိုက် ပစ်ခတ်မှုမျိုး ကျူးလွန်ခဲ့သလဲ ဆိုတာကိုတော့ အဖြေရှာမရဘဲ ပဟေဠိ ဆန်နေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။