Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကိုမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းက သမိုင်းတလျှောက် လေတိုက်နှုန်း အပြင်းထန်ဆုံး လေတိုက်နှုန်းတွေ စာရင်းမှာ ပါဝင်ခဲ့

မုန်တိုင်း တိုက်ခတ်ပြီးတာ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေရာ အစွန်အဖျား ဒေသတချို့ကို ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့ အခြေအနေတွေ ရှိနေဆဲလို့လည်း သိရပါတယ်။

မက္ကဆီကိုမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းက သမိုင်းတလျှောက် လေတိုက်နှုန်း အပြင်းထန်ဆုံး လေတိုက်နှုန်းတွေ စာရင်းမှာ ပါဝင်ခဲ့
မက္ကဆီကိုမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းက သမိုင်းတလျှောက် လေတိုက်နှုန်း အပြင်းထန်ဆုံး လေတိုက်နှုန်းတွေ စာရင်းမှာ ပါဝင်ခဲ့

မက္ကဆီကိုနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဝင်ရောက် တိုက်ခတ်သွားတဲ့ ဟာရီကိန်း မုန်တိုင်းကြီး အိုတစ်ဟာ တိုင်းတာ ရရှိဖူးသမျှ အမြင့်ဆုံး လေတိုက်နှုန်းတွေ စာရင်းထဲ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

Category 5အဆင့် မုန်တိုင်းကြီး ဖြတ်သန်းသွားခဲ့တဲ့ အကာပူလ်ကို ဒေသနားက မိုးလေဝသ ဌာနတစ်ခုဟာ မုန်တိုင်းရဲ့ လေတိုက်နှုန်း အမြင့်ဆုံး တနာရီ ၂၀၅ မိုင်နှုန်း (တနာရီ ၃၃၀ ကီလိုမီတာနှုန်း)ကို တိုင်းတာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ လူ့သမိုင်းမှာ လေတိုက်နှုန်းတွေကို သိပ္ပံနည်းကျ တိုင်းတာခဲ့တဲ့ မှတ်တမ်းတွေထဲမှာ အားအပြင်းဆုံး ထိပ်တန်း ၁၀ ခု စာရင်းဝင် ဖြစ်လာစေပါတယ်။

နာမည်ကြီး အပန်းဖြေ ကမ်းခြေတွေကြောင့် ထင်ရှားတဲ့ အကာပူလ်ကိုမှာ မုန်တိုင်းကြောင့် လူ ၄၀ ကျော် သေဆုံးပြီး ထိခိုက်ပျက်စီးမှု တန်ဖိုးကလည်း ဒေါ်လာ ၁၀ ဘီလီယံထက်မနည်း များပြားခဲ့ပါတယ်။

အမေရိကန်နဲ့ တခြားနိုင်ငံတချို့က မိုးလေဝသ ဌာနတွေကလည်း ဆိုင်ကလုန်း အိုတစ်ဟာ လူ့သမိုင်းမှာ ကြုံဖူးသမျှ အားအပြင်းဆုံး စာရင်းဝင် လေတိုက်နှုန်းမျိုး ထွက်ပေါ်လာစေတယ်လို့ အတည်ပြုခဲ့ပါတယ်။ သမိုင်းတလျှောက် တိုင်းတာ ရရှိဖူးသမျှ အပြင်းဆုံး လေတိုက်နှုန်းကတော့ ၁၉၉၆ ခုနှစ်၊ ဧပြီလတုန်းက ဩစတြေးလျရဲ့ ဘာရိုးကျွန်းကို ဆိုင်ကလုန်း မုန်တိုင်း အိုလီဗီရာ ဝင်ရောက်ခဲ့ချိန်က ကြုံခဲ့တာဖြစ်ပြီး တစ်နာရီ ၂၅၃ မိုင်နှုန်းထိ အားကောင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့စေခဲ့ဖူးတဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းရဲ့ အမြင့်ဆုံး လေတိုက်နှုန်းကတောင် တစ်နာရီကို ၁၃၅ မိုင်နှုန်းထိသာ ရောက်ရှိခဲ့ပါတယ်။

အိုတစ်ဟာ မက္ကဆီကို နိုင်ငံအတွက် ကြုံဖူးသမျှ အဆိုးဆုံး သဘာဝ ကပ်ဘေးတခု ဖြစ်လာပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အစွမ်းကုန် ပံ့ပိုး ကူညီသွားမယ်လို့ အစိုးရက ကြေညာထားပါတယ်။ နောက်ပြီး ကယ်ဆယ်ရေး ကဏ္ဍအပြင် မုန်တိုင်း နောက်ဆက်တွဲ လုယက်မှု ပြဿနာတွေကို ဖြေရှင်းဖို့အတွက် မုန်တိုင်းဒဏ်သင့် ဒေသမှာ ရဲတွေအပြင် မက္ကဆီကို စစ်တပ်ကိုပါ ဖြန့်ကျက်ထားရပါတယ်။

မုန်တိုင်း တိုက်ခတ်ပြီးတာ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေရာ အစွန်အဖျား ဒေသတချို့ကို ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့ အခြေအနေတွေ ရှိနေဆဲလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မက္ကဆီကို တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၇.၃ အဆင့် အင်အားပြင်း ငလျင်ကြီးကြောင့် ထုတ်ပြန်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေကို နာရီပိုင်း အကြာမှာ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရွေးစင် အသင်းရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနေမှုတွေကို အောင်ပွဲခံကြရင်း မက္ကဆီကို နိုင်ငံမှာ ဘောလုံးပရိသတ် ၄ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ကနေဒါလိုပဲ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် အသင်းတစ်သင်းဖြစ်တဲ့ မက္ကဆီကိုဟာလည်း ၁၆ သင်း ရှုံးထွက်အဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်သွားခဲ့ပါတယ်။ မက္ကဆီကိုဟာ မြို့တော် မက္ကဆီကို စီးတီးမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အီကွေဒေါ အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

နိုင်ငံတကာ

မက္ကဆီကို နိုင်ငံမှာ အောင်ပွဲခံနေတဲ့ ဘောလုံးပရိသတ်အုပ်ထဲကို ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် လူ ၁၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။