Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကို စီးတီးမှာ အောင်ပွဲခံကြရင်း မက္ကဆီကို ဘောလုံးပရိသတ် ၄ ဦးသေဆုံး

လက်ရွေးစင် အသင်းရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနေမှုတွေကို အောင်ပွဲခံကြရင်း မက္ကဆီကို နိုင်ငံမှာ ဘောလုံးပရိသတ် ၄ ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

လက်ရွေးစင် အသင်းရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနေမှုတွေကို အောင်ပွဲခံကြရင်း မက္ကဆီကို နိုင်ငံမှာ ဘောလုံးပရိသတ် ၄ ဦး သေဆုံးခဲ့ပါတယ်။

၃၂ သင်းရှုံးထွက်အဆင့် ပွဲစဉ်မှာ မက္ကဆီကို အီကွေဒေါကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့နောက် ဇွန်လ ၃၀ ရက်နေ့က မက္ကဆီကိုစီးတီး မြို့တော်မှာ ပရိသတ် တစ်သန်းကျော် စုဝေး အောင်ပွဲခံခဲ့ကြပါတယ်။ လူတွေ အများကြီး လမ်းပေါ် စုဝေးပြီး ထွက်လာရာက တိုးကြဝှေ့ကြ ဖြစ်စဉ်တွေနဲ့ တခြား မတော်တဆမှုတွေ ဖြစ်ပွားပြီး သေဆုံးမှု၊ ဒဏ်ရာရမှုတွေ ရှိခဲ့တာပါ။

မက္ကဆီကိုစီးတီး အာဏာပိုင်တွေကတော့ အဲဒီညမှာ ဘောလုံးပရိသတ် ၄ ဦး သေဆုံးခဲ့ကြောင်း၊ သူတို့ထဲမှာ အသက်ရှူကျပ်ရာကနေ အသက်ဆုံးရှုံးတဲ့ထိ ဖြစ်ပွားတဲ့ အသက် ၁၉ နှစ်အရွယ် မိန်းကလေး တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ပြောပါတယ်။

ပူးတွဲအိမ်ရှင် မက္ကဆီကို အသင်းဟာ အခုနှစ် ကမ္ဘာ့ဖလားမှာ အထူးခြေစွမ်းပြနေပြီး ၄ ပွဲကစားထားရာမှာ ပွဲတိုင်းနိုင်ပြီး ပေးဂိုး မရှိသေးပါဘူး။ အီကွေဒေါကို အနိုင်ရခဲ့တာဟာ မက္ကဆီကို အတွက်တော့ ၁၉၈၆ နောက်ပိုင်း ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ ပထမဆုံး နိုင်ပွဲပြန်ရဖူးတာ ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ဘောလုံးပရိသတ်တွေ သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အလွန်အမင်း စိတ်ထိခိုက် ကြေကွဲရကြောင်း မြို့တော်ဝန် ကလာရာ ဘရူဂါဒါက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ၃ ဦးဟာ လူတွေကျပ်ညပ်နေရာက အသက်ရှူမွန်းကျပ်ပြီး ကွယ်လွန်ခဲ့တာလို့ မိသားစုဝင်တွေက အတည်ပြုခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ မက္ကဆီကိုစီးတီး အနှံ့မှာ အောင်ပွဲခံရင်း သတိလစ် မေ့မြောကုန်သူ နောက်ထပ် အနည်းဆုံး ၃ ဦးကိုလည်း ဆေးရုံတင်ပို့ခဲ့ရပါတယ်။

မက္ကဆီကို-အီကွေဒေါ ပွဲစဉ် မတိုင်ခင် ကတည်းက မြို့လယ်ခေါင် လွတ်လပ်ရေး နတ်သမီး ရုပ်တုကြီးနားမှာ ဘောလုံးပွဲ စုကြည့်သူတွေ အရမ်းများနေတာကြောင့် တခြားနေရာတွေမှာ လူခွဲပြီး အားပေးကြဖို့ မြို့တော်ဝန် ဘရူဂါဒါက ကြိုတင် သတိပေးခဲ့ပါသေးတယ်။

မက္ကဆီကို စီးတီးမြို့လယ်ခေါင်မှာ နေထိုင်သူဦးရေ ၁၀ သန်းကျော် ရှိတာကြောင့် ကမ္ဘာပေါ်မှာ လူဦးရေ အသိပ်သည်းဆုံး နေရာတွေထဲက တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။

မက္ကဆီကို အသင်းဟာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာတော့ နာမည်ကြီး အင်္ဂလန် အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

Facebook