Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နည်းပညာမြင့် ရေငုပ်သင်္ဘောသစ်ကနေ တိုက်ချင်းပစ်ဒုံးကျည် အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ကြောင်း ရုရှားကြေညာ

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားနဲ့ အနောက်မဟာမိတ် နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရုရှားက အခုလိုမျိုး အရေးကြီးတဲ့ စစ်ရေးနည်းပညာသစ်ကို လက်တွေ့ စမ်းသပ်ခဲ့တာပါ။

အဆင့်မြင့် နည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘော အသစ်ကနေ မဟာဗျူဟာ တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားစစ်တပ်က ကြေညာပါတယ်။

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားနဲ့ အနောက်မဟာမိတ် နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရုရှားက အခုလိုမျိုး အရေးကြီးတဲ့ စစ်ရေးနည်းပညာသစ်ကို လက်တွေ့ စမ်းသပ်ခဲ့တာပါ။

ဒုံးကျည် ပစ်လွှတ်ခဲ့တဲ့ Imperator Alexander III ရေငုပ်သင်္ဘောဟာ ရုရှားရဲ့ Borei အမျိုးအစား ရေငုပ်သင်္ဘော အသစ်တွေထဲက တစ်စီး ဖြစ်ပါတယ်။ Borei တစ်စီးစီမှာ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်ထားတဲ့ Bulava ဒုံးကျည် ၁၆ စင်းကို သယ်ယူနိုင်မှာဖြစ်ပြီး လာမယ့် ဆယ်စုနှစ်တွေအတွင်း ရေတပ်ရဲ့ အဓိက ရေငုပ်သင်္ဘော တပ်ဖွဲ့ကို Boreiတွေနဲ့ စုဖွဲ့ဖို့ ရုရှားက ရည်ရွယ်ထားပါတယ်။

ရေငုပ်သင်္ဘောက ပင်လယ်အောက်မှာ ငုပ်လျှိုးနေရင်း Bulava ဒုံးကျည်ကို ပစ်ခတ်ခဲ့တဲ့ လက်နက် စမ်းသပ်မှုကိုတော့ ရုရှား မြောက်ပိုင်းက ပင်လယ်ဖြူကနေ ပြုလုပ်ပြီး နိုင်ငံရဲ့ အရှေ့ဖက်စွန်း၊ ကမ်ချတ်ကာ ဒေသမှာရှိတဲ့ ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်နက် စမ်းသပ်တဲ့ နေ့ရက် အတိအကျကိုတော့ ရုရှားစစ်တပ်က ထုတ်မပြောခဲ့ပါဘူး။

ရုရှားကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ တိုက်ချင်းပစ် မဟာဗျူဟာ ဒုံးကျည် တစ်စင်းကို ရေအောက်ကနေ ပစ်ခတ်ခြင်းဟာ Imperator Alexander IIIရဲ့ စွမ်းဆောင်ရည်ဆိုင်ရာ နောက်ဆုံး အဆင့် စမ်းသပ်မှုဖြစ်ပြီး မကြာခင်မှာ ရေတပ်ကို အလုံးအရင်း တပ်တော်ဝင်လာနိုင်မယ်လို့ သိရပါတယ်။ ရုရှားရေတပ်မှာ လောလောဆယ် Borei အဆင့် ရေငုပ်သင်္ဘော သုံးစီးအမှုထမ်းနေပြီး နောက်ထပ် တစ်စီးကလည်း အပြီးသတ် စမ်းသပ် ခုတ်မောင်းမှုတွေ လုပ်ဆောင်နေသလို နောက်ထပ် အရေအတွက် တချို့ကိုတော့ ဆောက်လုပ်နေဆဲလို့ ဝန်ကြီးဌာနက ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement